Welcome to my blog :)

rss

Tuesday, February 14, 2012

Jailbreak လုပ်ပြီးတဲ့ iDevices တွေမှာ Cydia icon အဖြူရောင်လေးဖြစ်နေတာလား ??



















အခုနောက်ပိုင်း iOS 5.0 နဲ့ 5.0.1 တွေကို jailbreak လုပ်ပြီးသွားတဲ့အခါမှာ Home Screen ပေါ်မှာ Cydia application
လေးပေါ်တော့လာပါတယ်။ ဒါပေမယ့် icon လေးက အဖြူရောင်လေးဖြစ်နေပြီး Application ထဲကို ၀င်လို့လည်း မရပါဘူး။
အဲဒါကတော့ Jailbreak process ပြီးဆုံးသွားပေမယ့် နောက်ဆုံး jailbreak process တစ်ဆင့်မပြီးဆုံးသေးလို့ပဲဖြစ်ပါတယ်။
ယခု Jailbreak က Tethered jailbreak ဖြစ်တဲ့အတွက် Redsn0w နဲ့ Just Boot tethered လုပ်ပြီးမှသာ jailbreak process
ပြီးဆုံးပြီး Cydia ကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Cydia icon ကို သူ့မူရင်း icon ပုံစံအတိုင်းပြန်ပေါ်ဖို့နဲ့ Jailbreak လုပ်ငန်းစဉ်
ပြီးဆုံးဖို့ကိုအောက်မှာဆက်လက်ပြောပြပါမယ်။ ပထမဆုံး လိုအပ်တဲ့ Tool အနေနဲ့ ကွန်ပျူတာထဲမှာ run ဖို့Redsn0w ကိုရယူလိုက်ပါ။
Redsn0w 0.09 b8 အားရယူရန်
နောက်ထပ်လိုအပ်တဲ့ Tools တွေအနေနဲ့ iOS 5.0 firmware နဲ့ iOS 5.0.1 firmware တို့ရှိရပါမယ်။
မရှိသေးဘူးဆိုရင်တော့အောက်မှာရယူလိုက်ပါ။
iOS 5.0 အားရယူရန် (မိမိ Device နှင့်သက်ဆိုင်သော firmware ကိုသာရွေးချယ် download လုပ်ပါ)
iOS 5.0.1 အားရယူရန် (မိမိ Device နှင့်သက်ဆိုင်သော firmware ကိုသာရွေးချယ် download လုပ်ပါ)
အရင်ဆုံးမိမိရဲ့ iPhone/iPad/iPod touch ကို Power ပိတ်လိုက်ပါ။
ခုနက ဒေါင်းထားတဲ့ Redsn0w ကိုဖွင့်ပါ။ ပြီးရင် Extra ကိုဖွင့်ပါ။ အောက်ပုံအတိုင်းပါ။

Select IPSW ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

iOS 5.0 firmware ဖိုင် ကိုရွေးပေးပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် Just Boot ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် DFU Mode ထဲကိုစတင်ဝင်ရောက်ရပါမယ်။ အရင်ဆုံး Next ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

အောက်ပုံမှာပြထားတဲ့အတိုင်း DFU Mode ထဲကိုဘယ်လိုဝင်ရမလဲဆိုတာညွှန်ကြားပေးပါလိမ့်မယ်။
DFU mode ထဲကိုဝင်ဖို့အတွက်လုပ်နည်းကို ဆက်လက်ပြောပြပါမယ်။
ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင် home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက် နှိပ်လိုက်ပါ
(၁၀စက္ကန့်လောက်နှိပ်ထားရပါမယ်) ။ ဒါဆိုရင် DFU mode ထဲကိုရောက်သွားပါပြီ။ DFU mode ထဲကိုဝင်တာ အောင်မြင်တယ် ဆိုရင်
Boot tethered စလုပ်မှာဖြစ်ပါတယ်။

Boot Tethered လုပ်တာပြီးသွားပြီဆိုရင်တော့ Cydia icon လေးဟာ သူ့မူရင်း icon လေးအတိုင်း ပြန်ပေါ်နေပြီဖြစ်ပါတယ်။
Cydia ထဲကိုဝင်လို့လည်း ရနေပြီဖြစ်ပါတယ်။
iPhone/iPad/Pod touch ကို Jailbreak Device အနေနဲ့စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ