Welcome to my blog :)

rss

Sunday, February 19, 2012

ချစ်သူများနေ့မှာ ဒါမျိုးတော့ မဖြစ်သင့်ပါ

ဖေဖ၀ါရီ(၁၄)ရက် ချစ်သူများနေ့ဆိုပြီး ကောင်းတာများလုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာ ဖတ်ရတဲ့အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်းရရင် ပြောင်းလိုက်ချင်သေး တယ်။ ဘာတွေလုပ်ကြသလဲဆိုတာတော့ ဦးဦးမှော်စရာ ဂရုမေးလ်ထဲမှာ ဒါလေးဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ်လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။  ဦးဦးမှော်စရာ ဂရုမေးလ်မှာ ရေးထားတာကတော့-- တလောက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။ ချစ်သူတွေအတွက် အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်လာတဲ့ ဒီချစ်သူများနေ့ဟာဆိုရင် အခုနောက်ပိုင်း တစ်လွဲဆံပင်ကောင်းသူတွေကြောင့် ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှုအများဆုံးနေ့တစ်နေ့ ဖြစ်လာသည်ဟု ဆောင်းပါးရှင်က ပြောထားပါတယ်။

မနှစ်က ဧရာဝတီမှာ ဖတ်ရတဲ့ သတင်းအရဆိုရင် မြန်မာနိုင်ငံမှာလဲ ထိုကဲ့သို့ ဖြစ်လာပါသည်ဟု ဆိုသည်။ ၁၄ရက်နေ့မှာ နာရီပိုင်း၊ နေ့ခင်းပိုင်း သီးသန့်ငှားလို့ရတဲ့ ဟိုတယ်တွေမှာ လူပြည့်ပြီး လူအားသွားမှာကိုပင် ထိုင်စောင့်ကြသည်ဟု သိရသည်။ ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ချစ်သူများနေ့တွင် ပေးဆပ်မည်ဟု တွေးထားသော မိန်းကလေးများလဲ အများအပြားရှိသလို ကိုယ့်ချစ်သူရဲ့ အပျိုစင် ဘဝကို ရယူမည်ဟူ၍ တွေးထားသော ယောက်ျားလေးများလဲရှိသည်။

သို့သော် မိမိက အပျိုစင် လူပျိုစစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြားလူတစ်ယောက်နဲ့ ဆက်ဆံဖူးသလားဆိုတာကို သေချာသိသည့် လူကနည်းပါသည်။ ထို့အတွက် အကာကွယ်မဲ့ လိင်ဆက်ဆံကြပြီး ရောဂါပိုး ကူးသူဒုနဲ့ဒေးဖြစ်ခဲ့ရသည်။ မနှစ်က ဖေဖော်ဝါရီ တတိယပတ်တွင် ဖတ်ရသည့် အင်္ဂလိပ်လူမှုရေး ဆိုဒ်တစ်ခု အဆိုအရ တစ်ကမ္ဘာလုံးတွင် ၂၀၁၁ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း၁၅၀ကျော်မှ ရှိပြီး။ နှစ်စဉ်နှစ်တိုင်း ထိုနေ့၌ HIV/AIDS ကူးဆက်ခံရသူ ၆သိန်းကျော်မျှရှိသည် ဟုသိရပြီး။ အာရှတိုက်တွင် မနှစ်က ချစ်သူများနေ၌ ရောဂါပိုးကူးစက်ခံသူ ၃သိန်းမျှအထိ ရှိသည်ဟု သိရသည်။

အများစုမှာ အသက် ၂၀ မကျော်သူများဖြစ်ကြပြီး ကောလိပ်၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ မြန်မာပြည်တွင် ရောဂါပိုးရှိသူများ၏ ၂၀%သည် မိမိချစ်သူ ခင်ပွန်း ထံမှ ရရှိခြင်းဖြစ်သည်ဟုလဲ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ခံကပြောကြားသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TB ဟုအမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊ မည်သည့် ရောဂါမှန်းမသိပဲ သေဆုံးသူ ၅၀၀၀ကျော်ခန့်ရှိသည်ဟု ကျမ်းမာရေးဋ္ဌာနတွင် ဒုညွှန်တာဝန်ယူထားသူ တစ်ဦးက ကျွန်တော့်ကို ပြောပြသည်။

လသာတွင် ဟိုတယ်ဖွင့်ထားသော အသိတစ်ယောက် အဆိုရဆိုရင် ချစ်သူများနေ့တွင် သူ့ဟိုတယ်မှာ လာနေသူအများစုမှာ ၂၀ဝန်းကျင် လူငယ်များဖြစ်သည်ဟုလဲ သိရသည်။ နောက် ထိုနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ ဒေါ်လာလေးဘီလျှံနှင့်အထက်တွင်ရှိနိုင်သည်ဟု OXFORD တွင် တက်နေသော စီးပွားရေးအထူးပြုကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်း ပြောကြားခဲ့သည်ကို မနှစ်က လေးလ ပိုင်းက ဖတ်လိုက်ရသည်။ မြန်မာနိုင်ငံတွင် ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် ၁၀၀၀၀ကျော်မှအထိ ယူသည်ဟုသိရသည်။

ထိုကဲ့သို့ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့ အလွန်ကောင်းလှပြီး လူမှုရေးအဖွဲ့အစည်းများကို လှူမယ်ဆို မတရားကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြသည်။ ဂေးဥပဒေ ပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုန်းမှု အန္တာရယ်ရဲ့ အစလဲဖြစ်သည်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့် ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခံ HIV/AIDS ကူးစက်ခံစားရပြီး ဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက်ရှင်သန်နေသည့် နိုက်ကလပ်များ ဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြားရှိပြီး ထိုင်းနိုင်ငံမှာ ရောဂါပိုး ကူးဆက်ခံရပြီး မြန်မာလူမျိုးများ မိမိတိုင်းပြည်အတွင်း ပြန်ဝင်ရောက်လာခြင်းမှာလဲ ရင်လေးစရာကိစ္စဖြစ်သည်။

လူ့အခွင့်အရေး လူ့အခွင့် အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့ လူသားများဟာ တိရစ္ဆာန်နဲ့မခြားဖြစ်လာပြီး အရှက်အကြောက်လဲ နည်းသထက်နည်းလာခဲ့ကြသည်။ အဝတ်အစားဖက်ရှင်များ အနေအထိုင် ရဲတင်းမှုများ စသည့် ဆိုးကျိုးများမှာ ကမ္ဘာမှ တဆင့် မြန်မာသို့ ကူးစက်လာခဲ့သည်။ လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ မရှက်ကြပါ။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်များ၊ ရထားပေါ်များတွင် ရဲတင်းစွာ ဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ် မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်သည်။

ထို့အတွက်ဖြင့်ပဲ ကလေးဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီး သားသမီးစွန့်ပစ်မှုနှုန်းများလဲ တက်လာခဲ့သည်။ တချိန်ကအလွန်ယဉ်ကျေးလှသော မြန်မာလူမျိုးများကို ချစ်သူများနေ့တွင် ကျွန်တော် ပျက်ဆီးခြင်းမဖြစ် စေချင်တာက ဆန္ဒအမှန်ပါ။ နောက်လူတွေရဲ့စိတ်မှာလဲ ချစ်သူများနေ့ဆို မဟုတ်တာပဲ လုပ်ဖို့တွေးနေကြသလိုပါပဲ။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့ လုပ်တဲ့ကိစ္စကိုပဲ ကြည့်ပါ။

နောက်ပြီး လိုင်းပေါ်က သူငယ်ချင်းတွေ ကျွန်တော့်ကိုလာလာမေးကြပါတယ် အဲ့နေ့ဘာလုပ်မလဲတဲ့။ ကျွန်တော်ကတော့ တစ်ယောက်တည်းပါပဲလို့ ဖြေတော့ မယုံပါဘူးတဲ့။  သေချာရှင်းပြတော့ ထပ်မေးကြပြန် ပါတယ်။ အဲ့နေ့မျာ ချစ်သူရှိခဲ့ရင် ဘယ်ကိုသွားပြီး ဘာလုပ်မလဲတဲ့။ ဘုရားတွေပတ်သွားမယ် ဆိုတော့ ပြောကြတယ် ခေတ်အမြင်ကို မရှိဘူးတဲ့။  တကယ့်ကို ပြဿနာပါပဲ။ ကျွန်တော်လဲ ရည်းစားထားခဲ့ဖူးပါတယ်။

တကယ်ကို အဲ့ဒီ့နေ့မှာ မဟုတ်တာမလုပ်ဖူးပါဘူး ကျိန်ဆိုလဲ ကျိန်ပါ့မယ်ဗျာ။ ကိုယ်ချစ်တဲ့ သူနဲ့တော့ အတူနေချင်ကြတာ ယောက်ျားတိုင်းပါပဲ။ ဒါပေမယ့် အဲ့လို ချစ်သူတွေ အတွက် မင်္ဂလာရှိတဲ့နေ့မှာတော့ မဟုတ်တာ မလုပ်သင့်ပါဘူး။ ကျွန်တော် ဒီဇင်ဘာလတုန်းက မြစ်ကြီးနားကို တက်ခဲ့ပါတယ်။  ၁ပတ်လောက်ကြာပြီး စိတ်မချမ်းမြေ့စရာတွေ တော်တော်တွေ့ခဲ့ရတယ်။ ချို့တဲ့မှုကြားထဲက အသက်ကိုကြိုးစား ရှင်သန်နေကြတဲ့ လူတွေကတော့ လေးစားစရာပါပဲ။

ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာစိတ် အနှောက်အယှက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ သေရင်သေဆိုပြီး ကချင်တက်သွားတာပါ။ မသေခင်မှာ ကောင်းမှုကုသိုလ်လေးတစ်ခုလောက် လုပ်မယ်ဆိုပြီး အခြေခံ ဆေးဝါး ၃ သိန်းဖိုးနီးပါး ဝယ်သွားခဲ့ပါတယ်။  ဟိုရောက်တော့ အာဏာပိုင်တွေ NGO တချို့နဲ့တွေ့ပြီး အခမဲ့ ဆေးခန်းတွေမှာ ဒုက္ခသည် စခန်းတချို့က ဆရာဝန်တွေဆီ လှူခဲ့ပါတယ်။

ထိုမှ ဆရာဝန်တချို့ပြောပြချက်အရ အဝတ်အစား၊စားစရာနဲ့ တခြား ပစ္စည်းများမှာ လှူဒါန်းသူများသဖြင့် အနည်းငယ်မျှသာ လိုအပ်ချက်ဖြစ်သော်လည်း ဆေးဝါးမှာမှု မလုံလောက်ကြောင်း။ နေစရာချို့တဲ့မှုကြောင့် အအေးပတ် အဆုတ်ရောင် ဖျားနာ စသော ရောဂါငယ်များ ဖြစ်ပွားပြီး ဆေးဝါးမလုံလောက်မှု များစွာ ကြုံရကြောင်း ထို့အတွက် မလိုအပ်ပဲ အသက်ဆုံးရှုံးရကြောင်း ပြောပြခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေသူတစ်ယောက်ကလဲ ကျွန်တော့်ကိုပြောတယ် အသက်ကို ပဓာနမထားပဲ ဒီလို လာကူညီတဲ့ အတွက် ကျေးဇူးပါတဲ့ ။ကျွန်တော် ရှက်သွားတယ်။

ရန်ကုန်မှာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ ကျွန်တော်က သေချင်လို့ အန္တာရယ်ကြားထဲသွားခဲ့တယ်။ ကချင်က သူတွေကတော့ အန္တာရယ်ကြားကနေ အသက်ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်လေ။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့ တစ်ယောက်ပါပဲ။ အသက်ကျွန်တော်ပြောချင်တာကတော့ ချစ်သူများနေ့မှာ အကျိုးမရှိကုန်မယ့် အစား ကချင်မှာကဲ့သို့ လိုအပ်မယ့် နေရာအချို့ကို လှူဒါန်းသင့်ကြောင်းပါ။

ချစ်သူများနေ့မှာ နောက်ဘဝ ကိုယ်ချစ်တဲ့သူနဲ့ ဆုံဆည်းရအောင် အခုကတည်းက ကောင်းမှုအတူလုပ်ရင်း ပါရမီဖြည့်ကြဖို့ တိုက်တွန်းပါရစေ။

ဆန်နီနေမင်း (၁၄-၂-၂၀၁၂)

ပြည့်ထူးကျော် - http://pyehtookyaw.blogspot.com/2012/02/blog-post_16.html#more

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ