Welcome to my blog :)

rss

Sunday, February 19, 2012

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer) (အပိုင်း-၁)

စအိုလမ်းကြောင်း ကင်ဆာရောဂါဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ သာမန်လူတွေထက် အဆ ၅၀ ပိုပြီး အဖြစ်များပါတယ်။ ကျွန်တော်တို့ ကြိုတင်ဆေးစစ်ဖို့နဲ့ ရောဂါစောစီးစွာရှာဖို့ လှုံ့ဆော်သင့်ပြီလား…… ၂၀၀၉ ခုနှစ် မေလက ဆောင်းပါးတစ်ခုမှာ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်းကို ဖတ်ရတော့ သားအိမ်ခေါင်းကင်ဆာဆိုတာ အလွန်မှ ကြောက်စရာကောင်းလှတဲ့ HumanPapilloma Virus (HPV) ပိုးကြောင့် ဖြစ်တာကြောင့် နှစ်စဉ် အမျိုးသမီးများဟာ အထူးသတိပြုပြီး ဆေးစစ်တာတွေလုပ်ရမယ်လို့ ဖတ်ရပါတယ်။

အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်းနဲ့ ဖြစ်ပွားနိုင်ပြီး ၁၀နှစ်အတွင်း သေဆုံးနိုင်တယ်ဆိုတာလဲ မှတ်သားခဲ့ဖူးပါတယ်။ သို့သော်… အလွန်ရိုးရှင်းတဲ့ အဖြေတစ်ခုက စောစောစီးစီး ကင်ဆာဖြစ်နိုင်တဲ့နေရာကို တွေ့ရှိရင်တော့ ထုံဆေးလေးပေးပြီး လှီးထုတ်ရုံနဲ့ ကင်ဆာရောဂါသေနှုန်းရဲ့ ၃ ပုံ ၂ ပုံကိုလျော့ချနိုင်သတဲ့ဗျာ။ အခုဆိုရင် အမျိုးသမီးတွေမှာ ဒီသာအိမ်ခေါင်းကင်ဆာရောဂါမဖြစ်အောင် ကာကွယ်တဲ့ ကာကွယ်ဆေးလဲ ရှိနေပြီလေ။အထူးသဖြင့် ဆယ်ကျော်သက် မီးကောင်ပေါက်လေးတွေအတွက်ပေါ့။

စအိုလမ်းကြောင်းကင်ဆာဟာလည်း သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ အမျိုးတူတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ ဒီရောဂါဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ပြီး စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် လူထု အတွင်းမှာ စအိုကင်ဆာက သားအိမ်ခေါင်းကင်ဆာထက် ဖြစ်ပွားမှု ၁၆ ဆ ရှားပါးပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ၆၀ % ပိုဖြစ်ပါတယ်။

လိင်တူဆက်ဆံသူ အမျိုးသားတွေမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်သူ အမျိုးသမီးတွေထက် အဆ ၅၀ ဖြစ်ပွားနိုင်ပါတယ်။ စအိုကင်ဆာ ရောဂါဖြစ်ခဲ့ရင်တော့ ၅ နှစ်အတွင်းမှာ ၃၀% က အသက်ဆုံးကြတာ များပါတယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင် စစ်ဆေးလို့ရတဲ့ နည်းလမ်းတွေရှိနေပေမယ့် အမျိုးသားတွေအတွက် စအိုကင်ဆာကို မစစ်ဆေးနိုင်သေးပါဘူး။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးရှိသော်လည်း စအိုကင်ဆာအတွက် ကာကွယ်ဆေးက အမေရိကမှာပဲ သုံးလို့ရပါတယ်။

ဥရောပမှာ အတည်မပြုရသေးပါဘူး။ ဘာကြောင့်လဲ။ အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံသူ လူငယ်လေးတွေအတွက်ရော စအိုကင်ဆာကာကွယ်ဆေး မရှိသင့်တော့ဘူးလား….. စအိုကင်ဆာ အချက် လက်များ….. သားအိမ်ခေါင်းကင်ဆာနဲ့ စအိုကင်ဆာတို့ဟာ HPV ပိုးကြောင့်ဖြစ်တာပါ။ ဒါပေမယ့် HPV ပိုးဆိုတာ တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ မျိုးခွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တစ်ချို့ပိုးမျိုးတွေက လူကို ဘေးဥပါဒ်မဖြစ်စေပေမယ့် တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။

အရွယ်ရောက်ပြီး လိင်မှုကိစ္စအတွေ့ကြုံရှိတဲ့ သူတိုင်းမှာ HPV ပိုး တစ်မျိုးမဟုတ် တစ်မျိုးတော့ ကူးစက်ခံထားရတာ သဘာဝနိယာမတစ်ခုလိုတောင် ဖြစ်နေပါတယ်။ တစ်ချို့မှာ ပိုးရှိနေပေမယ့် ရောဂါလက္ခဏာလုံးဝ မပြတတ်ပါဘူး။ စအိုကင်ဆာဖြစ်တာကတော့ လိင်အင်္ဂါမှာ ကြွက်နို့လို့ အဖုထစ်လေးတွေကနေ အစပျိုးတတ်ပါတယ်။ HPV ပိုးနံပါတ် 16 ဟာ ကြောက်စရာကောင်းတဲ့ ပိုးတစ်ခုပါ။ သူက ကင်ဆာရောဂါတွေ ကို ဖြစ်စေဖို့ တွန်းအားပါတယ်။

ဒုတိယ ကြောက်စရာကောင်းတဲ့ပိုးကတော့ HPV 18 ဖြစ်ပါတယ်။  တခြား ကြောက်ရတဲ့ HPV မျိုးပေါင်း ၁၂ခုလောက် ရှိပါသေးတယ်။ အဲဒီထဲမှာ HPV 16 နဲ့ HPV 18 တို့ကတော့ ဗိုလ်ကြီးတွေပေါ့။ သူတို့က သား အိမ်ခေါင်းကင်ဆာဖြစ်ပွားမှုရဲ့ ၇၀%နဲ့ စအိုကင်ဆာဖြစ်ပွားမှုရဲ့ ၈၀% ကိုတာဝန်ယူထားကြတာပါ။ ထူးခြားတဲ့ အချက်တစ်ခုက ကျနော်တို့ ကိုယ်ခန္ဒာထဲကနေ HVP ပိုးကိုတိုက်ခိုက်နိုင်ပါတယ်။ သာမန် (HIV ပိုးမရှိသူ)လူတစ်ယောက်အနေနဲ့ HPV ပိုးကို တိုက်ထုတ်ဖို့ ၅ လ ကနေ ၁ နှစ်ကြာပေမယ့် ကိုယ်တွင်း ခုခံအားမကောင်းတဲ့သူတွေမှာတော့ ဒီပိုးကိုတိုက်ခိုက်ဖို့ အချိန်ပိုကြာမှာဖြစ်တယ်လေ။

စအိုကင်ဆာဖြစ်ရခြင်းကတော့ စအိုကိုသုံးပြီးလိင်ဆက်ဆံရာကတဆင့် HPV ပိုးကူးစက်ခံရခြင်းပါပဲ။ လိင်ဆက်ဆံဖော်များလေ HPV မျိုးခွဲများများကူးစက်ခံရလေဖြစ်ပြီး ကင်ဆာရောဂါဖြစ်ဖို့ ပိုသေချာပါတယ်။ ပြင်သစ်နိုင်ငံက သုတေသနက ဘာပြောလဲဆိုတော့ လိင်တူဆက်ဆံသူတွေမှာ ၉၆%မှာ ကြောက်စရာ HPV ပိုးတစ်ခုမဟုတ် တစ်ခုရှိနေတတ်ပြီး အဲဒီထဲက ၄၃%ဟာ HPV 16 ဖြစ်နေတာတွေ့ရတယ်တဲ့။ အခုဆိုရင် ကမ္ဘာမှာ HPV ပိုးအတွက် ကာကွယ်ဆေးထွက်နေပြီလေ။ GlaxoSmithKline Company က ဆေးက HPV 16 နဲ့ 18 ကိုကာကွယ်ပြီး Gardasil company  ဆေးက လိင်အင်္ဂါကြွက်နို့်တွေဖြစ်စေတဲ့ သိပ်မဆိုးတဲ့ HPV 6 နဲ့ 11 ကိုပါ ကာကွယ်ပေးနိုင်သတဲ့ဗျာ။

စစ်ကြ ဆေးကြရာဝယ်…. ကြောက်စရာကောင်းတဲ့ HPV ပိုးမျိုးတွေက စအိုလမ်းကြောင်းမှာ သိသာထင်ရှားတဲ့ အဖုတွေ ကြွက်နို့တွေကို မဖြစ်စေပါဘူး။ သိသာမြင်သာတဲ့ လက္ခဏာအလွန်နည်းပြီး တခါတရံမှသာ စအိုအတွင်းသား အရေပြားက ဖြူနေတာ၊ အနီရောင် အဖြစ် အရောင်ပြောင်းနေတာကို ဆေးစစ်ရင်း သိနိုင်တာပါ။ စအိုအရေပြား နည်းနည်းလေး ပြောင်းလဲရုံနဲ့တင် စအိုကင်ဆာဖြစ်နိုင်ပါတယ်။

စစ်ဆေးတဲ့နည်းတွေကတော့
    • ကလပ်စည်း (ဆဲလ်)တွေကို အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း
    • စအိုလမ်းကြောင်းကို မှန်ပြောင်းဖြင့်ကြည့်ခြင်း
    • စအိုလမ်းကြောင်းရှိ အသားစကို စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုစစ်ဆေးပြီး စအိုလမ်းကြောင်းက ကလပ်စည်းတွေက ပုံမှန်လား၊ ပုံမှန်ထက် ထူးခြားနေတာလား၊ ကင်ဆာ အမြစ်စတွယ်ပြီးလား …စတဲ့ အခြေနေတွေကို လေ့လာဖော်ထုတ်ရပါတယ်။ ရောဂါအဆင့်တွေကလည်း မတူပါဘူး။ ရောဂါအဆင့်ကိုလိုက်ပြီး ကုသပုံတွေလည်း ကွာခြားပါတယ်။

လမင်းကို

Ref: http://www.aidsmap.com/Everything-okay-down-there-Screening-for-anal-cancer/page/2020142/

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ