Welcome to my blog :)

rss

Sunday, February 19, 2012

ဆေးမတိုးတဲ့ ကာလသားရောဂါ

လိင်ကတဆင့် ကူးစက်တဲ့ ( အရင်အခေါ် ကာလသား) ရောဂါတမျိုးဖြစ်တဲ့ ဂနိုရီးယားခေါ် ဆီးပူညောင်းကျရောဂါဟာ လက်ရှိကုထုံးတွေကို ခံနိုင်ရည်ရှိနေပြီလို့ ဗြိတိသျှဆရာဝန်တွေက သတိပေးလိုက်ပါတယ်။ ဒါကြောင့် လက်ရှိ အဓိက သုံးနေတဲ့ စက်ဖစ်ဆီးမ် Cefixime စားဆေးကို မသုံးတောပဲ အဇီသရိုမိုင်စင် ၁ ဂရမ် Ceftriaxone အသားထိုးဆေး တွဲသုံး သို့မဟုတ် စပက်တင်နိုမိုင်စင် Spectinomycin ထိုးဆေးကို ပြောင်းသုံးဖို့ပြောနေပါတယ်။ (ဒီဆေးတွေကို တကြိမ်တည်း စား/ထိုး ရမှာဖြစ်ပါတယ်။)

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေ အရ ၂၀၁၀ ခနှစ်မှာ စက်ဖစ်ဆီးမ် ဆေးမတိုးတဲ့ ဂနိုပိုး ၂၀ ရာခိုင်နှုန်းရှိနေပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ ၂၀၀၅ ခုနှစ် တုန်းကတော့ ဆေးမတိုးတာ လုံးဝမတွေ့ခဲ့ပါဘူး။

ဂနိုရီးယားရောဂါဟာ တချိန်တုန်းကတော့ ပင်နီစလင်နဲ့တင် ပျောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မတိုးတော့ပါဘူး။ အလားတူပဲ အစပိုင်းမှာ အောင်ပွဲတွေ ရခဲ့တဲ့ တက်ထရာဆိုင်ကလင်း၊ ဂျင်တာမိုင်စင်၊ စီပရို ဖလော်ဆာစင် ဆေးတွေလည်း နှစ်နည်းနည်းကြာလာတဲ့ အခါ တခုပြီး တခု ကျဆုံးခဲ့ကြပြီး အခုနောက်ဆုံးတော့ စက်ဖစ်ဆီးမ် အလှည့်ရောက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး  WHO ကလည်း ပထမ အဆင့်သုံး ပဋိဇီဝဆေး first-line antibiotic ဟာ လူနာ ၅ ရာခိုင်နှုန်းမှာ မစွမ်းတော့ဘူးဆိုရင် ပြောင်းပစ်ဖို့သက်မှတ် တိုက်တွန်းလိုက်ပါတယ်။

ဂနိုပိုးရဲ့ သမိုင်းကိုကြည့်ရင် ဆေးခံနိုင်ရည်ရှိလာအောင် မျိုးဗီဇကို ပြုပြင်နိုင်စွမ်းရှိတာတွေ့တဲ့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဇနီးခင်ပွန်းအပေါ် သစ္စာရှိဖို့နဲ့ အကာအကွယ်မရှိပဲ လိင်ဆက်ဆံမှု မလုပ်ဖို့ ဖြစ်ပါတယ်။

လိင်အင်္ဂါ အဖြူဆင်းရောဂါ Chlamydiasis ပြီးရင် ဂနိုရီးယားရောဂါဟာ အဖြစ်များဆုံး လိင်မှ တဆင့် ကူးစက်တဲ့ ရောဂါ Sexually Transmitted Disease (STD) ဖြစ်ပါတယ်။

နိုက်တင်ဂေး ဂျာနယ် - ဆေးမတိုးတဲ့ ကာလသားရောဂါ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ