Welcome to my blog :)

rss

Sunday, February 19, 2012

အိဒ်စ်ရောဂါ ကုသရေး မျှော်လင့်ချက်သစ်

မကြာခင်တုန်းက အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရတဲ့ လူနာနှစ်ယောက်မှာ ရောဂါပိုး လုံးဝကင်းစင်သွားတာကို တွေ့လိုက်တဲ့အတွက် ဆေးပညာရှင်တွေ လက်လျှော့ထားတဲ့ အိဒ်စ်ရောဂါ အမြစ်ပြတ်ကုသရေး အလားအလာတွေ ပေါ်ထွက် လာပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ အိဒ်စ်ရောဂါသည်တယောက်ကို ကုသပေးတဲ့အခါ အိပ်ချအိုင်ဗီပိုး လုံးဝရှင်းလင်းသွားတာတွေ့ခဲ့ပြီး အမေရိကန်နိုင်ငံ ထရင်တန်မြို့က အမျိုးသားတယောက်လည်း မျိုးဗီဇ ပြုပြင်မှုကုထုံးနဲ့ ကုတဲ့ အခါ ရောဂါပိုးလုံးလုံးမပျောက်ပေမယ့် အေအာရ်တီဆေး စားစရာမလိုဘဲ ထိန်းထားနိုင်တာတွေ့ရပါတယ်။

အေအာရ်တီဆေးတွေကြောင့် အိဒ်စ်ရောဂါဟာ ကျိန်းသေပေါက်သေမယ့် ရောဂါအဖြစ်ကနေ နာတာရှည်ရောဂါအဖြစ် ပြောင်းလဲသွားခဲ့ပေမယ့် ဒီဆေးတွေကို လူတိုင်း လက်မှမ်းမမီသလို ရောဂါကိုလည်း အမြစ်ပြတ်မဖယ်ရှားနိုင်ပါဘူး။ ဒါအပြင် အေအာရ်တီဆေးတွေကို တသက်လုံးစားရပါတယ်။

ဘာလင်မြို့က အသက် ၄၅ နှစ်အရွယ် မစ္စတာဘရောင်းဟာ လူကီးမီးယားလို့ ခေါ်တဲ့ သွေးကင်ဆာနဲ့ အိဒ်စ်ရောဂါတို့ကို တပြိုင်တည်း ခံစားနေရပြီ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်မှာ သွေးကင်ဆာကုသရေးအတွက် ရိုးတွင်းခြင်ဆီနှစ်ခါ အစားထိုး ခဲ့ပါတယ်။ ရိုးတွင်းခြင်ဆီ အလှူရှင်ကတော့ မြောက်ဥရောပသား ဖြစ်ပါတယ်။ ပြောက်ဥရောမသားတွေရဲ့ ၁ ရာခိုင်နှုန်းမှာ CCR5 ဆိုတဲ့ ပရိုတင်းတမျိုး ချို့တဲ့နေတဲ့ အတွက် အိပ်ခ်ျအိုင်ဗီပိုးကို သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိနေပါတယ်။ ဒီလိုလူမျိုးဆီက ရတဲ့ ရိုးတွင်းခြင်ဆီနဲ့ အစားထိုးပြီး အခုထိ လေးနှစ်တိုင်တိုင် သွေးထဲမှာ ရောဂါပိုး လုံးဝမတွေ့ရတော့ ပါဘူး။

တဖက်မှာ ပြဿနာကတော့ ရိုးတွင်းခြင်ဆီ အစားထိုးတာဟာ အင်မတန်ဈေးကြီးပြီး အန္တရာယ်လည်းများ၊ ကရိကထလည်းများပါတယ်။ ကိုယ်ခံစွမ်းရည် ဓာတ်တည့်တဲ့ အလှူရှင်တွေ့ဖို့ ခက်သလို အဲဒီအလှူရှင်မှာလည်း CCR5 ဗီဇ ချို့တဲ့တဲ့လူ ဖြစ်ဖို့လိုပါသေးတယ်။

ထရင်တန်မြို့က လူနာကိုတော့ သွေးဖြူဥတွေ ထုတ်ယူ၊ CCR5 မျိုးဗီဇ ပျက်အောင်ပြုပြင်ပြီး ဒီသွေးဖြူဥတွေကို ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးပါတယ်။ တလအကြာမှာ ဒီလူနာကို အေအာရ်တီဆေးသောက်တာ သုံးလကြာ ရပ်ခိုင်းခဲ့ ပါတယ်။ ပထမပိုင်းမှာ သွေးထဲက ပိုးအရေအတွက် တိုးတက်လာပေမဲ့ ၃ လပြည့်ခါနီးမှာ ပိုးမရှိတော့သလောက် အထိ ကျဆင်းသွားခဲ့ပြီး တချိန်ထဲမှာ ခုခံအားဆဲလ်တွေ တိုးပွားလာခဲ့ပါတယ်။

ဒါပေမယ့် ဒီမျိုးဗီဇပြင်ကုထုံးကို တခြားလူနာ ၅ ယောက်မှာ စမ်းတာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အောင်မြင်တဲ့ လူနာမှာ CD4 ကလပ်စည်း ၁၃ ရာခိုင်နှုန်း ပိုးကင်းစင်သွားတာတွေ့ရပြီး ကျန်လူနာ ၅ ယောက်မှာတော့ အဲသလောက်တောင် ပိုးမကင်းစင်လို့ ရောဂါဆက်ဖြစ်နေတာလို့ သုတေသီတွေက ယူဆကြပါတယ်။ ဒါကြောင့် သော့ချက်က CCR5 ချို့တဲ့ကလပ်စည်းပမာဏကို မြှင့်ဖို့ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

နိုက်တင်ဂေးဂျာနယ် - အိဒ်စ်ရောဂါ ကုသရေး မျှော်လင့်ချက်သစ်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ