Welcome to my blog :)

rss

Sunday, February 19, 2012

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer) (အပိုင်း ၂)

စအိုကင်ဆာအတွက် ကြိုတင်စစ်ဆေးခြင်း
ပုံမှန်အားဖြင့် အများပြည်သူတွေအတွက်တော့ ကြိုတင်စစ်ဆေးဖို့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေများတဲ့ သူတွေ အထူးသဖြင့် HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေ၊ HIV ပိုးရှိပြီး စအိုလမ်းကြောင်း အသုံးပြုဆက်ဆံတဲ့ အမျိုးသမီးတွေအတွက်တော့ စစ်ဆေးဖို့လိုအပ်ပါတယ်။ အမေရိကရဲ့ သုတေသနတစ်ခုကတော့ HIV ပိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လိင်တူဆက်ဆံသူအမျိုးသားအားလုံး စအိုကင်ဆာကို ကြိုတင်စစ်ဆေးထားတာ အကျိုးရှိပါတယ်လို့ ထောက်ပြထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ HPV ပိုးကြောင့် တစ်ချို့လူတွေမှာ ဆိုးဆိုးဝါးဝါး ကင်ဆာအဆင့်ထိရောက်စေတဲ့ သဘာဝကို အတိအကျ မသိရှိသေးလို့ပါ။ အင်္ဂလန်နိုင်ငံကတော့ ဒီလိုစစ်ဆေးတာက ငွေ ကုန်ကြေးကျများလို့ ပုံမှန် လုပ်ဖို့မလိုဘူးလို့ ဆိုပြန်ပါတယ်။ အမေရိကမှာတော့ စအိုမှာ ကြွက်နို့ပေါက်တာရှိနေတဲ့ အမျိုးသားတွေ၊ HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေအတွက် စစ်ဆေးဖို့ တိုက်တွန်းထား ပါတယ်။ ဒီလိုစစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုရဲ့ ၃၀% ကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။

စအိုကင်ဆာ ကုဖို့ရာ….
အင်္ဂလန်နိုင်ငံက ပုံမှန်စစ်ဖို့ မတိုက်တွန်းတာက အကြောင်းရှိပါတယ်တဲ့…။ ဒီကင်ဆာရောဂါဟာ အဖြစ်နည်းတယ်၊ တကယ်လို့ စစ်ဆေးလို့တွေ့ရင်လည်း ပျောက်အောင်မကုနိုင်ဘူးတဲ့။ လက်ရှိကုနေတဲ့ ဓာတ်ရောင်ခြည် ကုထုံး (ဓာတ်ရောင်ခြည်ဖြင့် စအိုလမ်းကြောင်းရှိ အသားစများကို ဖျက်ဆီးခြင်း) Inferred Coagulation Therapy က အလွန်နာကျင်တယ်တဲ့။ ရောင်ခြည်နဲ့ ကုပြီးနောက် (၁၀) လ နေရင် ရောဂါပြန်ပေါ်တဲ့အတွက် မလိုအပ်တဲ့ အနေအထိုင်ခက်စေတာတဲ့ဗျာ။ ဒီတော့ ကုသဖို့ထက် စစ်ဆေးဖို့ကို အားမပေးဘူးတဲ့လေ။

အကယ်၍ စအိုကင်ဆာဖြစ်ခဲ့လည်း ခင်ဗျားဟာ အလွန်ကံဆိုးသူလို့ မဆိုနိုင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ ရောဂါရှိသူတွေဟာ ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှု ၆၅% ရှိသေးတယ်တဲ့လေ။ ဥပမာ ဝှေးစေ့ကင်ဆာ (Testicular Cancer)  ရှိသူတွေမှာ ၉၇% က ၅ နှစ်အတွင်း အသက်ဆုံးရတာတဲ့လေ။ နောက်တစ်ခု အဆုတ်ကင်ဆာသမားတွေဆို ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှုက ၅ % ပဲရှိကြတာ။ လက်ရှိနောက်ဆုံးပေါ် ကုထုံးကတော့ ဓာတ်ရောင်ခြည်နဲ့ကုတယ် ပြီးတော့ ကင်ဆာဆေးတွေ သွင်းတယ် သောက်ရတာပေါ့။ ကင်ဆာဆေးတွေကလည်း သိပ်မပြင်းတော့ဘူးလေ။ သက်တောင့်သက်သာ သောက်လို့ သွင်းလို့ရတယ်လေ။မအန်တော့ဘူးပေါ့။

ကာကွယ်ဆေးအကြောင်း တစေ့တစောင်း….
ဒါဆို ကျနော်တို့ ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေကို HPV 16-18 မကူးစက်အောင် ကာကွယ်ဆေးထိုးသင့်ပါသလား… အမေရိကမှာတော့ ၂၀၁၁ အစောပိုင်းမှာ အစားသောက်နဲ့ဆေးဝါး ကွပ်ကဲရေးအဖွဲ့ချုပ်က အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ကျား/မ အားလုံး Gardasil  ကာကွယ်ဆေးထိုးနိုင်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဥရောပဆေးပညာရှင် အဖွဲ့တွေကတော့ အဲလို လုပ်တာကို သဘောမတူပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥရောပမှာ ဒီလို ကာကွယ်ဆေးထိုးဖို့ရာ ဆေးကို အဆင့်ဆင့် အချိန်ယူပြီးမှ အတည်ပြုလို့ပါ။ ဈေးကလည်း ကြီးလို့တဲ့။ အမေရိကမှာလုပ်တဲ့ သုတေသနတစ်ခုကတော့ ဒီကာကွယ်ဆေးဟာ အသက် ၁၉ ကနေ ၂၆ အတွင်း လိင်တူဆက်ဆံသူအမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုအတွက် ၆၅% ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

ကဲ… ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်… ခင်ဗျားဟာ အသက်ကြီးတဲ့ လိင်တူဆက်ဆံသူအမျိုးသားဆိုရင်… ကာကွယ်ဆေးထိုးဖို့ အချိန်နှောင်းနေပြီလား?????? အဖြေက… တကယ်တမ်း ကာကွယ်ဆေး မလို ပါဘူးတဲ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်ခံအားက ဒီ HPV ပိုးကို တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ခင်ဗျားမေ့နေလို့ပါတဲ့။ ၂၀၀၉ သုတေသနအရ အမေရိကမှာရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေရဲ့ ၄၃%မှာ HPV ပိုးအတွက် ခန္ဒာကိုယ်က တုန့်ပြန်တဲ့ ပဋိဇီဝပစ္စည်းမတွေ့ဘူးတဲ့လေ။ ဆိုလိုတာက ဒီလူတွေမှာ ဒီလူတွေမှာ HPV ပိုးကူးစက်ခံရပေမယ့် ကိုယ်တွင်းက တိုက်ခိုက်လိုက်တော့ ဆိုးဝါးတဲ့ ကင်ဆာရောဂါ အထိ ဆက်မဖြစ်တော့ဘူးလေ။

ဒါဆို ကာကွယ်ဆေးထိုးရင် ဘာအကျိုးရှိမှာလဲ?????? လုပ်သင့်တာကတော့ မိမိမှာ ကူးစက်ခံထားရတဲ့ HPV ပိုးအမျိုးစားကို သိအောင်လုပ်ပါ။ ပိုးက HPV 16 သို့မဟုတ် HPV 18 မဖြစ်နေရင်တော့ ထိုးသင့် တယ်လေ။ ဒါပေမယ့် HPV 16 သို့မဟုတ် HPV 18 လက်ရှိအခြေနေမှာ ကူးစက်ခံထားပြီးရင်တော့ ထိုးလည်း မထူးတော့ဘူး။ ကဲ အဆုံးသတ်ကြရအောင်… တစ်စုံတစ်ယောက်က စအိုမှာ ကြွက်နို့တွေရှိလို့ စအိုကင်ဆာဖြစ်နိုင်လားမေးရင် ဘယ်လိုဖြေမလဲ…… အဖြေကတော့ HPV 16 သို့မဟုတ် HPV 18 ဆိုရင်ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးမထိုးပေမယ့်လည်း တခြားနည်းတွေနဲ့ သိအောင်လုပ်လို့ရသေးတာကိုလည်း အမှတ်ရပါဦး။ ဥပမာ မိမိကိုယ်တိုင် လက်နဲ့စမ်းသပ်ကြည့်မယ်၊စအိုလမ်းကြောင်းမှာ အသားမာလေးတွေရှိနေတာမျိုး၊အသားပိုလေးတွေရှိနေတာမျိုးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသင့်ပြီ။ စအိုလမ်းကြောင်းမှာ ယားယံတာ၊ နာတာ၊ အနာဖြစ်တာ၊ သွေးထွက်တာမျိုးလည်း စအို ကင်ဆာအတွက် ဂရုပြုပြီး စစ်ဆေးသင့်တယ်။ (တခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်)။

HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားများအတွက် မှာချင်တာကတော့ ဆေးကို စနစ်တကျသောက်ဖို့နဲ့ ကွန်ဒုံးသုံးဖို့ပါပဲ။ ပိုးမရှိတဲ့သူတွေအတွက်လည်း ကွန်ဒုံးကို စနစ်တကျသုံးခြင်းဟာ အရေးပါတဲ့ ကာကွယ်ခြင်း တစ်ခုပါပဲဆိုတာ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်…..

လမင်းကို

Ref: http://www.aidsmap.com/Everything-okay-down-there-Screening-for-anal-cancer/page/2020142/

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ