Welcome to my blog :)

rss

Wednesday, August 3, 2011

မလေးရှား အလုပ်သမား ဗီဇာသက်တမ်း ကာလအရ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင်လျှောက်ထားခဲ့သော မြန်မာအလုပ်သမားများအား အောက်တိုဘာလအထိ ဗီဇာထုတ်ပေးသွားမည်ဟု သိရ

မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာမည့် မြန်မာများ၏ Work Permit  သက်တမ်းလေးလအရ ဇူလိုင်လ ၁ ရက်နေ့မတိုင်ခင် လျှောက်ထားခဲ့သူများကို အောက်တိုဘာလ အထိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးမှဗီဇာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မလေးရှားအစိုးရက ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ မြန်မာအပါအ၀င် နိုင်ငံတကာမှ အလုပ်သမားဗီဇာဖြင့် ၀င်ရောက်မည့်သူတိုင်း၏ အလုပ်ခေါ်စာအသစ်များ လျှောက်ထားမှု ကို ခြောက်လကြာ ပိတ်ပင်ထားမည်ဟု ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည်။
ယင်းမှာ မလေးရှားနိုင်ငံတွင် တရားမ၀င် ရောက်ရှိ လုပ်ကိုင်နေကြသောအလုပ်သမား နှစ်သန်းကျော်အတွက် တရားဝင် နေထိုင်ခွင့်ရသွားစေရန် မလေးရှားအစိုးရက လွတ်ငြိမ်း ချမ်းသာခွင့်အစီအစဉ်ဖြင့် တရားဝင် မှတ်ပုံတင်ခွင့်များ ပြုလုပ်ပေးသွား ရန်ရှိ၍ ဖြစ်သည်ဟု သိရသည်။
သို့သော် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ အဆင့်ခြောက်ဆင့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့်အစီအစဉ်ကို ယခုအခါ သြဂုတ်လ ၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။
“ရက်ရွှေ့ဆိုင်းလိုက်ပေမယ့် မူလက သတ်မှတ်ထားတဲ့အတိုင်း ဇူလိုင် ၁ရက်နေ့ နောက်ပိုင်းမှလျှောက်ထားတဲ့ အလုပ်သမား ဗီဇာသစ်တွေကိုတော့ ထုတ်ပေးသွားမှာ မဟုတ်ဘူး။ အလုပ်သမားဗီဇာရဲ့ သက်တမ်းက လေးလ၊ ထပ်တိုးတဲ့ အချိန်ကာလနဲ့ ဆိုရင် ဇူလိုင်လ ၁ ရက်နေ့မတိုင်ခင် လျှောက်ထားတဲ့သူတွေကို အောက်တိုဘာလအထိ အထောက်အထား ခိုင်လုံပြည့်စုံရင် ဗီဇာထုတ်ပေးသွားမှာ ပါ”ဟု မလေးရှားသံရုံးမှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
ယခုအခါ မလေးရှားသို့ ထွက်ခွာ အလုပ်လုပ်မည့်သူများ အနေဖြင့် နည်းမျိုးစုံဖြင့်  ကြိုးစားခဲ့ခြင်းများ လည်းရှိနေရာ အချို့မှာ မလေးရှား လေဆိပ်ရောက်မှ လှည့်ပြန်ရသည့် ဖြစ်ရပ်များရှိခဲ့သည်ဟု သိရသည်။
မလေးရှားနိုင်ငံ၌ တရားဝင် နေထိုင်ခွင့်ရရှိရန် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မလေးရှားရောက် မြန်မာ overstay များမှာ မြန်မာကျပ် ငွေသုံးသိန်းနှင့်အထက် ကုန်ကျဖွယ်ရှိကြောင်းနှင့် လက်ရှိတွင် အလုပ်သမားများ၏ လက်ဗွေယူခြင်း၊ အချက်အလက်ယူခြင်းများသာ ပြုလုပ်ထားရကြောင်းလည်း သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ