Welcome to my blog :)

rss

Wednesday, August 3, 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်တင်မြှောက်ရန် မရှိသေး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ် တင်မြှောက်ရန် မရှိသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့ပါသည်။
ဦးဌေးဦးက ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီ ခြောက်ပါတီမှ ပါတီဝင် လူငယ် ၂၀ ဂျပန် အစိုးရ၏ ဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံသို့
လေ့လာရေးခရီး တစ်ပတ်ကြာ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ် တင်မြှောက်ဖို့ မရှိသေးပါဘူး။ နောက်ပြီး ယာယီဥက္ကဋ္ဌ ခန့်ထားဖို့လည်း မရှိပါဘူး''ဟု ဦးဌေးဦးက ပြောကြားခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ၂၇ ဦးဖြင့် ဖွဲ့စည်းထားရာမှ ယခုအခါ ၁၇ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။
ယင်းကဲ့သို့ ပြန်လည် ဖွဲ့စည်းထားရာတွင် ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ထားခြင်း မရှိသေးဘဲ သူရ ဦးရွှေမန်း (ဒုတိယ ဥက္ကဋ္ဌ)၊ ဦးဌေးဦး (အထွေထွေ အတွင်းရေးမှူး)၊ ဦးသောင်း(အတွင်းရေးမှူး)၊ ဦးတင်ထွတ် (အတွင်းရေးမှူး)၊ ဦးအောင်သောင်း (အတွင်းရေးမှူး)၊ ဦးသိန်းဇော် (အတွင်းရေးမှူး)၊ ဦးစိုးသာ (ဗဟို အလုပ်အမှုဆောင်)၊ ဦးမောင်မောင်သိမ်း (ဗဟို အလုပ်အမှုဆောင်)၊ သူရဦးအေးမြင့် (ဗဟို အလုပ်အမှုဆောင်)၊ ဦးသိန်းဆွေ (ဗဟို အလုပ်အမှုဆောင်)၊ ဒေါက်တာချမ်းငြိမ်း (ဗဟိုအလုပ်အမှုဆောင်)၊ ဦးအောင်သိန်းလင်း (ဗဟိုအလုပ်အမှုဆောင်)၊ သူရဦးအောင်ကို (ဗဟိုအလုပ်အမှု ဆောင်)၊ ဦးမောင်ပါ (ဗဟိုအလုပ်အမှု ဆောင်)၊ ဦးစိုးနိုင် (ဗဟိုအလုပ်အမှု ဆောင်)၊ ဦးမောင်ဦး (ဗဟိုအလုပ်အမှု ဆောင်)၊ ဦးမောင်ရှိန် (ဗဟိုအလုပ် အမှုဆောင်) တို့ဖြင့် ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ