Welcome to my blog :)

rss

Wednesday, August 3, 2011

ပြည်တွင်း ကုမ္ပဏီများမှ အလုပ်ခေါ်စာများ မြင့်တက်လာသော်လည်း ကျွမ်းကျင်လုပ်သား ရရှိရေးအခက်ကြုံ

၂၀၁၁ ခုနှစ် နှစ်စပိုင်းမှ စတင်၍ ပြည်တွင်းလုပ်သား ဈေးကွက်၌ ကုမ္ပဏီများမှ အလုပ်ခေါ်စာများ သိသာစွာ မြင့်တက်ခေါ်ယူလာမှု ရှိနေသော်လည်း ကျွမ်းကျင် အလုပ်သမားရရှိရေးတွင် အခက်ကြုံတွေ့နေရသည် ဟု ပြည်တွင်းမှ လုပ်ငန်းရှင်အချို့နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ ထံမှ စုံစမ်းသိရှိရသည်။
တက္ကသိုလ်အသီးသီးမှ နှစ်စဉ် ဘွဲ့ရ ကျောင်းသားဦးရေ သိန်းချီရှိနေ သော်လည်း ၎င်းတို့အား အလုပ်ရှင်များဘက်မှ အလုပ်အကိုင်ပေးရန် အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေခြင်း၊ လူငယ်များဘက်မှ အတွေ့အကြုံထက် လစာအမြင့်ပိုင်း ရရှိရေးကိုသာ ဦးစားပေးရွေးချယ်နေခြင်း တို့ကြောင့် ဖြစ်သည်ဟု Career Development Centre မှ ဒါရိုက်တာ ကိုလင်းကျော်ထွန်းက ပြောကြားခဲ့ သည်။
“အခုနောက်ပိုင်း အလုပ်ခေါ်စာ သီးသန့်ပါတဲ့ ဂျာနယ်တွေမှာ အလုပ်တွေလိုလို့ ခေါ်တာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာလည်း နေ့စဉ် ကုမ္ပဏီတွေဘက်က အလုပ်ခေါ်စာလာတာတွေ ၀င်တာမနည်းဘူး။ ဒါပေမယ့် တကယ်အလုပ်ဝင်နိုင်တဲ့ ဦးရေက နည်းတယ်။ တစ်ဖက်မှာ တက္က သိုလ်တွေက ဘွဲ့ရတွေလည်း နှစ်စဉ် အများကြီးရှိနေတာပဲ။ ခေတ်ကာလ အရနဲ့ လူငယ်တွေမှာရှိနေတဲ့ လုပ်နိုင်စွမ်းအားတွေနည်းနေတာတွေကြောင့် ကုမ္ပဏီတွေဘက်က လိုချင်တဲ့ ကျွမ်းကျင်လုပ်သားတွေ ရတာ တော်တော် ရှားလာတာပါ”ဟု ပြည်တွင်းအလုပ် အကိုင်ရေးရာ အတိုင်ပင်ခံတစ်ဦးက ကျွမ်းကျင်လုပ်သား ရှားပါးနေမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့ပါသည်။
နယ်ပယ်အသီးသီး၌ ကျွမ်းကျင်လုပ်သား ရှားပါးလာသည့်အတွက် ကုမ္ပဏီအများစုတွင် မိမိတို့ အလုပ်သမားများ၏ စွမ်းရည်မြင့်မားစေရန် အရည်အသွေး မြှင့်တင်ရေး ကာလတိုသင်တန်းများသို့ တက်ရောက်စေခြင်း၊ အချို့မှာ သင်တန်းဆရာ များငှားရမ်းကာ ၀န်ထမ်းလေ့ကျင့် ရေးအဖြစ် in house training ကဲ့သို့ ပြုလုပ်ခြင်းများ ရှိလာကြသည်ဟု လည်း သိရှိရပါသည်။
“အခုနောက်ပိုင်းမှာ ကုမ္ပဏီတိုင်းလိုလို ကြုံတွေ့လာရတာ HR  ပြဿနာပဲ။ ဈေးကွက်လိုအပ်ချက် အရ ဒါကိုလည်း လူတိုင်းသိလာကြပြီ”ဟု Career Development Centre မှ ဒါရိုက်တာ ကိုလင်းကျော်ထွန်း က ပြောပြခဲ့ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ