Welcome to my blog :)

rss

Wednesday, August 3, 2011

အိန္ဒိယသို့ ရောက်ရှိခဲ့သည့် ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်း ပြောကြား

AddThis Social Bookmark Button
b41718
ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဟင်နာရက်ဘန်နီခါက အတိတ်ကာလ မသင့်မြတ်မှုများကို လျော့ချနိုင်မည့် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများကို ပြုလုပ်ရန် ဇူလိုင်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊
နယူးဒေလီမြို့သို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။
ရက်ဘန်နီခါသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ်ခရစ်ရှနာနှင့် တွေ့ဆုံးခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အကြား တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ကြောင်း သိရသည်။
အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူပြီး မုန်းတီးမှုများကို ဆက်လက် ကိုင်စွဲမထားဘဲ မိတ်ဆွေ အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်လာစေရေး အတွက် နှစ်နိုင်ငံစလုံး ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် အခြား တစ်နိုင်ငံနှင့် ပတ်သတ်နေကြောင်း၊ တည်ငြိမ်သော တောင်အာရှဒေသ ဖြစ်ပေါ်လာရေး အတွက် မိမိတို့ နှစ်နိုင်ငံစလုံးတွင် တာဝန်ရှိကြောင်း ရက်ဘန်နီခါက ထည့်သွင်း ပြောကြားခဲ့သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ အခမ်းအနား တစ်ခုတွင် ''ပါကစ္စတန်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်နေပါတယ်။ ရေရှည်မှာ ဆွေးနွေးမှုတွေနဲ့ပဲ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရက ၎င်းတို့ နယ်မြေအတွင်းရှိ စစ်သွေးကြွများကို ပိုမို နှိမ်နှင်းပေးရန် အိန္ဒိယက မျှော်လင့်ထားပြီး ပါကစ္စတန်နိုင်ငံကလည်း ကက်ရှ်မီးယား နယ်မြေကွဲနေသည့် ပြဿနာ ဖြေရှင်းရန် လိုလားလျက် ရှိသည်။
ရက်ဘန်နီခါသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် နယူးဒေလီမြို့၊ Pakistani High Commission တွင် ကက်ရှ်မီးယား ခွဲထွက်ရေး ခေါင်းဆောင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ