Welcome to my blog :)

rss

Wednesday, August 3, 2011

လက်နက်အင်အား ဖြည့်တင်းပြီး ပိုင်နက်ကို ကာကွယ်မည်ဟု အကွီနို ပြောကြား

AddThis Social Bookmark Button
w64414
ဖိလစ်ပိုင်နိုင်ငံသည် စပရက်လီကျွန်းများ ပိုင်ဆိုင်မှုကို ကာကွယ်ရန် လက်နက်အင်အား ဖြည့်တင်းသွားမည် ဖြစ်သလို ပိုင်နက် အငြင်းပွားမှု ပြဿနာကို ကုလခုံရုံးတင် ဖြေရှင်းသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
တရုတ်အန္တရာယ်ကို ရည်ညွှန်းပြီး ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားသော ပြည်ထောင်စုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းကို နိုင်ငံတစ်ဝန်း တိုက်ရိုက် ထုတ်လွှင့်ခဲ့ရာတွင် ''ကျွန်တော်တို့ ဘယ်သူနဲ့မှ တင်းမာတဲ့ အခြေအနေ မရောက်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပိုင်တဲ့အရာကို ကျွန်တော်တို့ ကာကွယ်သွားဖို့ အသင့် ရှိနေတယ် ဆိုတာကိုတော့ ကမ္ဘာက သိစေချင်တယ်''ဟု အကွီနိုက ပြောကြားသွားခဲ့သည်။
စစ်ဘက်အင်အားကို ဖြည့်တင်းရန် အတွက် အမေရိကန် ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်း ၀ယ်ယူသွားမည် ဖြစ်သလို ကင်းလှည့် ရေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လက်နက်များလည်း ဖြည့်တင်းသွားမည် ဖြစ်သည်ဟု အကွီနိုက ပြောကြားခဲ့ သည်။ မိန့်ခွန်းတွင် အကွီနိုက တရုတ်ကို အမည်တပ် ပြောမသွားခဲ့သော်လည်း တရုတ်က ကျူးကျော်သည်ဟု ဖိလစ်ပိုင်က ယူဆထားသော တောင်တရုတ်ပင်လယ်တွင်းမှ ရက်တိုကမ်းပါး(သန္တာကမ်းပါးဟုလည်း ထင်ရှားသည်)ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းသွားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ