Welcome to my blog :)

rss

Wednesday, August 3, 2011

အာဖဂန်တောင်ပိုင်းရှိ အကြီးဆုံးမြို့ ကန်ဒါဟာတွင် မြို့တော်ဝန် အသေခံဗုံးခွဲ လုပ်ကြံခံရ

b41717
အာဖဂန်တောင်ပိုင်းရှိ အကြီးဆုံးမြို့ ကန်ဒါဟာတွင် ဇူလိုင် ၂၇ ရက်က အသေခံ ဗုံးခွဲမှုကြောင့် မြို့တော်ဝန် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မြို့တော်ခန်းမ၊ အပြင်ဘက်တွင် ဒေသခံအချို့နှင့် မြို့တော်ဝန် စကားပြောနေစဉ် အသေခံ ဗုံးခွဲသမားက ၎င်း၏ခေါင်းပေါင်းတွင် ၀ှက်ထားသော ဖောက်ခွဲရေး ပစ္စည်းများကို ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ
အဗ္ဗဒူလ်ရာဇက်က ပြောကြားသည်။ အာဖဂန်သမ္မတ ကာဇိုင်း၏ ၀မ်းကွဲညီအစ်ကိုတော်သော ကန်ဒါဟာ ပြည်နယ်၏ ဘုရင်ဟု ထင်ရှားသည့် အာမက်ဝါလီကာဇိုင်း လုပ်ကြံခံရပြီး သီတင်းပတ် နှစ်ပတ် အကြာတွင် ယခုကဲ့သို့ မြို့တော်ဝန် ဂူလမ်ဟိုင်ဒါဟာမီဒီက သေဆုံးခဲ့ခြင်း ဖြစ်သည်။
သမ္မတကာဇိုင်း မိသားစုဝင်တို့၏ မွေးရပ်မြေနှင့် ဆယ်စုနှစ် တစ်ခုကျော် အပြင်းထန်ဆုံး တိုက်ခိုက်မှု အချို့ ဖြစ်ပွားခဲ့သည့် ကန်ဒါဟာမြို့တွင် မျိုးနွယ်စု ပြိုင်ဘက်များ အကြား သြဇာလွှမ်းမိုးမှု၊ ငွေကြေးရယူလိုမှု တို့ကြောင့်
အန္တရာယ်ကြီးသော ဒေသတစ်ခု ဖြစ်သည်။ တာလီဘန်တို့ စတင် ပေါက်ဖွားရာ ကန်ဒါဟာတွင် တရားမ၀င် တည်ဆောက်ထားသော အိမ်ရာများကို ဖျက်ပစ်ရန် ညွှန်ကြားခဲ့မှုနှင့် ပတ်သက်၍ မြို့တော်ဝန်က ပြောကြားနေစဉ် ယင်းကဲ့သို့ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကလေးနှစ်ဦးလည်း သေဆုံးခဲ့သည်ဟု သတင်း ထွက်ခဲ့သည်။ အမေရိကန်တွင် နှစ်ပေါင်းများစွာ နေခဲ့သော ဟာမီဒီသည် ၂၀၀၆ ခုနှစ်တွင် မြို့တော်ဝန် ဖြစ်ခဲ့ပြီး ခြစားမှုများကို ဆန့်ကျင်မှုကြောင့် ကျော်ကြားသည်။ အသက် ၆၅ နှစ် အရွယ် ဟာမီဒီတွင် သမီး ၅ ဦးနှင့် သားနှစ်ဦး ကျန်ရစ်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော လုပ်ကြံ သတ်ဖြတ်မှုများ
  • ဇူလိုင် ၁၂ - ကာဇိုင်းနှင့် ညီအစ်ကိုတော်သူ အာမတ်ဝါလီကာဇိုင်းကို သူ၏ကိုယ်ရံတော်က ကန်ဒါဟာမြို့တွင် လုပ်ကြံခဲ့သည်။
  • မေ ၂၈ - အာဖဂန်နစ္စတန် မြောက်ပိုင်း ရဲတပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမတ်ဒါအွပ်ဒါအွပ် သည် ပြည်နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်း အတွင်း အသတ်ခံခဲ့ရသည်။
  • ဧပြီ ၁၅ - ကန်ဒါဟာပြည်နယ် ရဲချုပ် ခန်းမိုဟာမက်မူဂျာဟစ်သည် ရဲတပ်ဖွဲ့ဌာနချုပ် အတွင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။
  • ဧပြီ ၁၃ - အစိုးရ လိုလားသော လူမျိုးစုခေါင်းဆောင် ဟာဂျီမာလစ်ဇာရင်သည် ခူနာ ပြည်နယ်တွင် လုပ်ကြံခံခဲ့ရသည်။
  • မတ် ၁၀ - ခွန်ဒုဇ်ပြည်နယ် ရဲချုပ် အဗ္ဗဒူရာမင်ဆာရစ်ခီလီသည် ခွန်ဒုဇ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ