Welcome to my blog :)

rss

Wednesday, August 3, 2011

အလုပ်သင်ဆရာဝန်များ အတွက် လစဉ်ချီးမြှင့်ငွေကျပ် တစ်ထောင့်နှစ်ရာမှ ငွေကျပ် ငါးသောင်းငါးထောင် အထိ တိုးမြှင့်မည်

အလုပ်သင်ဆရာဝန်များ အတွက် လစဉ်ချီးမြှင့်ငွေ ကျပ်တစ်ထောင့်နှစ်ရာမှ ငွေကျပ် ငါးသောင်းငါးထောင် အထိ တိုးမြှင့်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''အလုပ်သင် ဆရာဝန်တွေကို လစဉ် ချီးမြှင့်နေတဲ့ ငွေကျပ် ၁၂၀၀ ကနေ ၅၅၀၀၀ အထိ တိုးမြှင့်ပေးဖို့ ရှိပါတယ်''ဟု တာဝန်ရှိသူတစ်ဦး ထံမှ သိရှိရပါသည်။
အလုပ်သင် ဆရာဝန်များကို လစဉ်ချီးမြှင့်ငွေ ကျပ် ၁၂၀၀ ချီးမြှင့်သော်လည်း တံဆိပ်ခေါင်းခ ၂၅ ကျပ် ကုန်ကျသဖြင့် အလုပ်သင် ဆရာဝန် တစ်ဦးလျှင် လစဉ်ချီးမြှင့်ငွေ ၁၁၇၅ ကျပ် ရရှိကြောင်း၊ အဆိုပါငွေအား လစဉ်
ထုတ်ယူနိုင်ပြီး ခြောက်လ အထိ စုပေါင်း ထုတ်ယူနိုင်ကြောင်း သိရသည်။
''ကျွန်တော်က ၂၀၀၆ ခုနှစ်မှာ ဆေးကျောင်းတက်ပြီးလို့ ၂၀၀၇ မှာ အလုပ်သင်ဆရာဝန် အဖြစ် တစ်နှစ် ဆောင်ရွက်ခဲ့ပါတယ်။ အလုပ်သင် ဆရာဝန် ဖြစ်တော့ တစ်လကို ချီးမြှင့်ငွေ ၁၂၀၀ ပဲ ရရှိတယ်။ ၁၂၀၀ ကို သုံးလပေါင်းပြီး ထုတ်ရတယ်။ ဒီလစာ က ကျွန်တော်တို့နှစ်မှ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ၁၂၀၀ ပါပဲ။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ပါမောက္ခတစ်ဦးက ပြောခဲ့ဖူးတယ် သူတို့တုန်းကလည်း ဒီချီးမြှင့်ငွေပါပဲ။ အဲဒီအချိန်တုန်းကတော့ ဒီငွေက အဆောင်ခ၊ စားစရိတ်နဲ့ အထွေထွေ အသုံးစရိတ် လုံလောက်ခဲ့တဲ့ အပြင် အိမ်ကိုတောင် ၅၀၀ လောက် ပြန်ပို့နိုင်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ခေတ် ရောက်တော့ ၁၂၀၀ ဆိုတာ ထမင်းတစ်နပ် ကောင်းကောင်း စားဖို့တောင် မလုံလောက်တဲ့ ငွေပမာဏပါ။ ဆေးကျောင်းတက်နေခါစ ကတည်းက အလုပ်သင် ဆရာဝန်တွေကို ချီးမြှင့်တဲ့ငွေတိုးမယ် ဆိုတဲ့ အသံတွေက အမြဲလိုလို ကြားနေရတာပါ။ အခု တစ်လကို ငွေကျပ် ငါးသောင်းငါးထောင် အထိ တိုးမယ်လို့ ကြားမိတော့ ၀မ်းသာမိပါတယ်'' မြောက်ဥက္ကလာပ မြို့နယ်ရှိ လက်ထောက်ဆရာဝန် တစ်ဦးက ရှင်းပြခဲ့သည်။
''ဒီလို တိုးမယ်လို့ကြားတာ ၀မ်းသာပါတယ်။ ကျွန်တော်တို့ကတော့ မမီတော့ဘူး ထင်တယ်။ ဒီလိုသာဆိုရင် နောက်တစ်နှစ်လောက် အလုပ်သင် ဆက်လုပ်ချင်ပါသေးတယ်''ဟု လက်ရှိ အလုပ်သင်ဆရာဝန် တစ်ဦးက ပြောပါသည်။
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခ ဦးကိုကိုမောင်က ''သွားတက္ကသိုလ်ကို ငါးနှစ် တက်ရတယ်။ ပြီးရင် အလုပ်သင်ဆရာဝန် အဖြစ် ခြောက်လ ဆင်းရပါတယ်။ အခု လက်ရှိမှာ အလုပ်သင်ဆရာဝန်တွေက တစ်လကို ၁၂၀၀ ရပါတယ်။ တိုးမယ်လို့တော့ ကြားနေရတယ်''ဟု ဆိုပါသည်။
အလုပ်သင် ဆရာဝန်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်ပေးမည် ဟူသည့် သတင်းများမှာ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး အစိုးရ ၀န်ထမ်းများ၏ လစာငွေများ အကြိမ်ကြိမ် တိုးမြှင့်ခဲ့ခြင်းများ ရှိခဲ့သော်လည်း အလုပ်သင် ဆရာဝန်များ၏ ချီးမြှင့်ငွေမှာ တိုးမြှင့်ခဲ့ခြင်း မရှိကြောင်း သိရသည်။
''ဆေးကျောင်းတက်ဖို့ ဆိုတာက မလွယ်လှပါဘူး။ နယ်ကနေ ကျောင်းလာတက်တဲ့ သူတွေဆို ပိုဆိုးပါတယ်။ လစဉ် ကျောင်းစရိတ်၊ ကျူရှင်ဖိုး၊ အသုံးစရိတ်၊ အဆောင်ခနဲ့ အထွေထွေ ကုန်ကျစရိတ်အားလုံးကို အိမ်ကို ပြန်တောင်းနေရတာပါ။ ကျောင်းပြီးတော့ အလုပ်သင်အဖြစ် တစ်နှစ်ဆင်းရတယ်။ ရတဲ့ငွေက တစ်လ ၁၂၀၀ ဆိုတော့ အိမ်ကိုတောင်းနေရတုန်းပါပဲ''ဟု အလုပ်သင်ဆရာဝန် တစ်ဦးက ဆိုပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ