Welcome to my blog :)

rss

Wednesday, August 3, 2011

ပိုလန်သမ္မတ သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှုတွင် ရုရှား၌ တာဝန်ရှိကြောင်း ပိုလန် ပြောကြား

AddThis Social Bookmark Button
w64430
ပိုလန်သမ္မတ သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှု၌ ရုရှားတွင်လည်း တာဝန်ရှိကြောင်း ဇူလိုင် ၂၉ ရက်တွင် ပိုလန်နိုင်ငံဘက်မှ ထုတ်ပြန်သော စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ပိုလန်သမ္မတနှင့် အခြား လူ ၉၅ ဦး သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှုတွင် ရုရှား လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှ လေယာဉ်ဆင်းသက်ရန် ညွှန်ကြားချက်များမှာ ရှုပ်ထွေး မှားယွင်းနေခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သို့သော် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပိုလန် တာဝန်ရှိသူများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အပြစ်တင်မှု ပိုမို များပြားသည်။ ပျက်ကျခဲ့သော လေယာဉ်မှူးများ၏ လေ့ကျင့်မှုအပေါ် ကွပ်ကဲရာတွင် တာဝန်ရှိသော ပိုလန် ကာကွယ်ရေးဝန်ကြီး ဘော့ဂ်ဒန်ကလစ်ခ်ျသည်လည်း အစီရင်ခံစာ ထုတ်ပြန်သည့် ဇူလိုင် ၂၉ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ မော်စကိုမြို့ အနောက်တောင်ပိုင်းဘက် မိုင် ၂၂၀ အကွာတွင် မြူနှင်း ထူထပ်စွာ ကျနေစဉ် အတွင်း လေယာဉ်ဆင်းသက်ရာ၌ ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ ပိုလန် လေယာဉ်မှူးများကိုသာ အပြစ်တင်ထားသည့် အစီရင်ခံစာအား ရုရှား လေကြောင်းကော်မရှင်က ယခုနှစ်၊ ဇန်န၀ါရီလတွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ပိုလန်နိုင်ငံကမူ ၎င်းတို့၏ ကျွမ်းကျင်ပညာရှင်များ၏ ဘက်မျှသော ရလဒ်ကို မျှော်လင့်ခဲ့သည်။ ရုရှားလုပ် Tupolev-154 လေယာဉ်ပျက်ကျရသော အဓိက အကြောင်းအရင်းမှာ လေကျင့်မှု မလုံလောက်သော လေယာဉ်မှူးများက လေယာဉ် ဆင်းသက်ရာတွင် နေရာယူမှု မှားယွင်းခဲ့သည်ဟု ထောက်ပြထားသည်။ ထို့ပြင် လေယာဉ်သည် အလွန်နိမ့်စွာ ပျံသန်းနေပါက အလိုအလျောက် သတိပေးသည့် စနစ်သည် ယင်းအချိန်က နှေးကွေးစွာ တုံ့ပြန်ခြင်း၊ လေယာဉ်မှူးတို့အကြား ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း တို့ကိုလည်း အပြစ်တင်ထားသည်။
ရုရှား လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကလည်း လေယာဉ် အနေအထားနှင့် ပတ်သက်၍ မှားယွင်းစွာ အချက်ပေးခဲ့သဖြင့် လေယာဉ်မှူးများမှာ လေယာဉ်အနေအထား ပျက်ယွင်းနေသည်ကို မသိရှိခဲ့ကြောင်းလည်း
တွေ့ရှိချက်များအား အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ''လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းက တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဟိုကမှား၊ ဒီကမှားနဲ့ စုပေါင်းပြီးတော့ လေယာဉ်ပျက်ကျတာ''ဟု ပိုလန်ပြည်ထဲရေးဝန်ကြီးနှင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ခေါင်းဆောင် ဂျာဇီမီလာက စစ်ဆေး တွေ့ရှိမှုများကို ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ