Welcome to my blog :)

rss

Wednesday, August 3, 2011

တရုတ်တွင် ကျည်ဆန်ရထားနှစ်စင်း တိုက်မိခဲ့ပြီးနောက် ရထားလမ်း လုံခြုံရေး အတွက် အရေးပေါ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်

AddThis Social Bookmark Button
b41708
တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်တွင် အဆိုးရွားဆုံး မတော်တဆမှု အဖြစ် ကျည်ဆန်ရထားနှစ်စင်း တိုက်မိခဲ့ပြီး လူ ၄၃ ဦး သေဆုံးခဲ့ခြင်းကြောင့် တရုတ်အစိုးရသည် ရထားလမ်း လုံခြုံရေး အတွက် အရေးပေါ် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ရထားနှစ်စင်း တိုက်မိခဲ့မှုမှာ တရုတ်၏ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် အလွန်အမင်း လျင်မြန်စွာ တိုးချဲ့နေမှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
တရုတ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် အဖြစ် ကီလိုမီတာ ၈၀၀၀ ကျော် ရှည်သော လမ်းကို ပိုင်ဆိုင်ထားသည်။ အစိုးရက လူထုပူပန်မှုကို သက်သာရာ ရစေရန် အတွက် ရှန်ဟိုင်း ရထားလမ်းဗျူရိုမှ အကြီးတန်း အရာရှိ သုံးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ကာ ရထားလမ်း လုံခြုံရေးစနစ် ပြုပြင် ပြောင်းလဲမှုကို အရေးပေါ် စတင်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ တန်ဖိုးရှိ ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် လမ်းကြောင်းကို မျှော်မှန်းကာလထက် တစ်နှစ်စောပြီး ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော်လည်း ဖွင့်လှစ်စဉ် ကတည်းက ဓာတ်အား ပြတ်တောက်မှုနှင့် နှောင့်နှေးမှုများ ရင်ဆိုင်ခဲ့ရသည်။ အရှေ့ပိုင်းမြို့ ၀မ်ကျိုး ဆင်ခြေဖုံးရှိ ရွှန်ယု အရပ်တွင် ရထားနှစ်စင်း တိုက်မိခဲ့မှု အပေါ် မိုးကြိုးပစ်ခြင်းကြောင့် အလုပ်လုပ်သည့် ကိရိယာများ ရပ်ဆိုင်းမှု အပေါ် အပြစ်ဖို့ထားသည်။ ရထားတစ်စင်းမှာ မိုးကြိုးပစ်ခံရပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားစဉ် နောက်တစ်စင်းက ၀င်ဆောင့်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ