Welcome to my blog :)

rss

Wednesday, August 3, 2011

နော်ဝေ လူသတ်သမားက အစိုးရ၊ အာဏာရ လေဘာပါတီနှင့် ဆက်နွှယ်သော နေရာများကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း ၀န်ခံပြောကြား

w64428
အော်စလိုမြို့တွင် ဗုံးပေါက်ကွဲသော အစိုးရရုံးအနီး ပန်းများချထားစဉ်

w64429
ဘရေဗစ်(၀ဲ)ကို ဇူလိုင် ၂၅ ရက်က တရားရုံးမှ ထွက်လာသည်ကို တွေ့ရစဉ်
နော်ဝေနိုင်ငံ မြို့တော် အော်စလိုမြို့ရှိ အစိုးရ အဆောက်အအုံအနီး ကားဗုံးဖောက်ခွဲမှု၊ အူတိုယာကျွန်းရှိ အာဏာရလေဘာပါတီ၏ လူငယ်စခန်း တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ၀န်ခံခဲ့သော ဘရေဗစ်သည် အစိုးရ၊ အာဏာရ လေဘာပါတီနှင် ဆက်နွှယ်သော နေရာများကိုလည်း တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း ဇူလိုင် ၂၉ ရက်တွင် ၁၀ နာရီကြာ စစ်ဆေး မေးမြန်းမှု၌ ထုတ်ဖော်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၂ ရက်က လူ ၇၇ ဦး သေဆုံးစေခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု နှစ်ခုအတွင်း လူမည်မျှ သေဆုံးခဲ့ကြောင်းကို လက်ယာယိမ်း အစွန်းရောက်ဝါဒီ ဘရေဗစ်က မေးမြန်းခဲ့ကြောင်း၊ သေဆုံးသူ အရေအတွက်ကို ပြန်လည် ပြောသည့်အခါတွင် မည်သည့် စိတ်ခံစားမှုမျှ မပြခဲ့ကြောင်း အမှုစစ် ရဲအရာရှိ Paal-Fredrik Hjort Kraby က ပြောကြားသည်။ နော်ဝေကိုယ်စားပြု သင်္ကေတတစ်ခု ဖြစ်သော တော်ဝင်နန်းတော်နှင့် ဗဟု ယဉ်ကျေးမှု လူမှုအဖွဲ့အစည်းကို အားပေးသော အာဏာရ လေဘာပါတီ၏ ရုံးချုပ်တို့ကိုလည်း ဘရေဗစ်က ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း နော်ဝေ တက်ဘလွိုက်သတင်းစာ Verdens Gang က ဖော်ပြခဲ့သည်။ ယင်းသတင်းကိုမူ Kraby က အတည်မပြုခဲ့ပေ။
ဘရေဗစ်သည် ယခုကဲ့သို့ အကြမ်းဖက်မှုများကို ပြုလုပ်ရန် နှစ်ပေါင်းများစွာ ကြံစည် ပြင်ဆင်ခဲ့ကြောင်း၊ လိုအပ်သော ငွေကြေးများကိုလည်း ကြိုးစားပမ်းစား စုဆောင်းထားခဲ့ကြောင်း၊ မိသားစုဝင်နှင့် မိတ်ဆွေ သူငယ်ချင်းများကိုပင် ဖွင့်ဟခြင်း မရှိကြောင်း သိရသည်။ စစ်သွေးကြွ ကွန်ရက်များနှင့် အဆက်အသွယ် ရှိသည်ဟု ၎င်းက ပြောကြားခဲ့သော်လည်း အထောက်အထား မတွေ့ရသေးကြောင်း စုံစမ်း စစ်ဆေးသူများက ပြောကြားသည်။ ဘရေဗစ်သည် အကြမ်းဖက်မှုနှစ်ခု အတွက် တာဝန်ရှိကြောင်း ၀န်ခံခဲ့ပြီး အပြစ်ရှိကြောင်းကိုမူ ၀န်ခံခြင်း မပြုခဲ့ပေ။
ဘရေဗစ်တွင် စိတ်ကျန်းမာရေး ချို့ယွင်းနေခြင်း ရှိမရှိ စစ်ဆေးနိုင်ရန် စိတ်ပညာရှင်များက စစ်ဆေးနေပြီ ဖြစ်ပြီး လာမည့်နှစ်တွင် ဘရေဗစ်ကို တရားခွင် တင်နိုင်ရန် အစိုးရ ရှေ့နေများက ကြိုးပမ်းနေသည်။ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံပိုင်ရုပ်သံ NRK နှင့် အသံလွှင့်ဌာန Orcehstra တို့က အကြမ်းဖက်မှုများတွင် သေဆုံးခဲ့သူများနှင့် ကယ်တင်ခဲ့သူများကို ဂုဏ်ပြုသည့် ဖျော်ဖြေပွဲကို ထုတ်လွှင့်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ