Welcome to my blog :)

rss

Wednesday, August 3, 2011

ဗီယက်နမ် လွှတ်တော်က ၀န်ကြီးချုပ်၏ ပြိုင်ဘက်ကို သမ္မတအဖြစ် တင်မြှောက်

AddThis Social Bookmark Button
b41709ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်း၏ ကာလရှည်ပြိုင်ဘက် အဖြစ် မှတ်ယူခံရသူ ထရောင်တန်ဆန်းအား ဗီယက်နမ်လွှတ်တော်က သမ္မတ အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်မြှောက်ခဲ့ကြောင်း သိရသည်။
အသက် ၆၂ နှစ် အရွယ်ရှိ ထရောင်တန်ဆန်းကို တစ်ပါတီတည်းသာ ရှိသည့် ဗီယက်နမ် အမျိုးသား လွှတ်တော်က တစ်ဦးတည်း ပြိုင်ဘက်မရှိ အရွေးခံစေပြီး မဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ဗီယက်နမ် ဖွဲ့စည်းပုံအရ
ဝန်ကြီးချုပ်ကသာ အာဏာရှိပြီး သမ္မတမှာ ရုပ်ပြမျှသာ ဖြစ်လေ့ရှိသည်။ ဗီယက်နမ် တည်ထောင်သူ ဖခင်ကြီး ဟိုချီမင်းနောက်ပိုင်း နိုင်ငံ၏ ကိုးယောက်မြောက် သမ္မတအဖြစ် ဆန်းကို တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်ကတည်းက ဆန်းသည် ကွန်မြူနစ်ပါတီတွင် နံပါတ် ၂ ပုဂ္ဂိုလ်အဖြစ် မှတ်ယူခံခဲ့ရပြီး ဇန်န၀ါရီလအတွင်း ပြုလုပ်သည့် ပါတီ လျှို့ဝှက်ကွန်ဂရက်တွင် ၀န်ကြီးချုပ်နေရာ အတွက် စိန်ခေါ်ခဲ့သူဟု လူသိများသူ ဖြစ်သည်။
ပြိုင်ဘက်များအဖြစ် မှတ်ယူခံခဲ့ရသော်လည်း ဆန်းနှင့် ဇွန်းသည် လက်တွဲ လုပ်သွားနိုင်ဖွယ် ရှိကြောင်း အမည် မဖော်လိုသည့် အာရှသံတမန် တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။ ဇွန်းကဲ့သို့ပင် ဆန်းသည်လည်း
ဗီယက်နမ်တောင်ပိုင်းသား ဖြစ်သည်။ တောင်ဗီယက်နမ် အစိုးရ၏ ထောင်သွင်း အကျဉ်းချခံခဲ့ရသော လက်နက်ကိုင် ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ