Welcome to my blog :)

rss

Wednesday, August 3, 2011

ဆိုမာလီယာ နိုင်ငံသား အများအပြား ၀င်ရောက်လာသောကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တိုးချဲ့

AddThis Social Bookmark Button

w64410
ဒါဒက်ဘ် ဒုက္ခသည် စခန်းစုရှိ ဒါဂါဟာလေ ဒုက္ခသည်စခန်း
ဆိုမာလီယာနိုင်ငံတွင် မိုးခေါင်မှု၊ အစားအစာ ရှားပါးပြတ်လပ်မှုနှင့် စစ်ပွဲများကြောင့် လူထောင်ပေါင်းများစွာသည် ကင်ညာရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းရှိ တိုးချဲ့ စခန်းသစ်တစ်ခုသို့ စတင် ပြောင်းရွှေ့ခဲ့သည်။
ဒုက္ခသည်များဖြင့် ပြည့်ကျပ်နေသည့် Daddab စခန်းတွင် ဆိုမာလီယာမှ ဒုက္ခသည်များ အတွက် အခန်း မရှိတော့သော်လည်း တစ်နေ့လျှင် ဆိုမာလီယာ ဒုက္ခသည် ၁၅၀၀ သည် ကင်ညာသို့ ၀င်ရောက်လျက် ရှိသည်။ Dadaab စခန်းသည်  လူပြည့်သွားသည့် အကြောင်းကို ၂၀၀၈ ခုနှစ် ကတည်းက ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။
စခန်းပြင်ပ နေရာတွင် ဒုက္ခသည် ၆၅၀၀၀ ကို ကတ်ထူပြားများ၊ ပလပ်စတစ် ရွက်ဖျင်တဲများဖြင့် ကိုယ်တိုင် နေထိုင်ရန် တွန်းအားပေးခဲ့သည်။ ''ဒီနေ့အကုန် ဆိုရင် ဒုက္ခသည် ၃၀၀၀ ကို တိုးချဲ့စခန်းကို ရွှေ့ပေးရမှာပါ''ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူ Emmanueal Nyabera က ရိုက်တာ သတင်းဝက်ဘ်ဆိုက်မှ AlertNet ကို ပြောကြားခဲ့သည်။
ကင်ညာ အစိုးရအဖွဲ့သည် ၁၉၉၁ ခုနှစ်က နယ်စပ်ဖြတ်ကျော် စစ်ပွဲကို ယာယီ ဖြေရှင်းပေးမှု အဖြစ် ဒုက္ခသည် ၉၀၀၀၀ အတွက် ရည်ရွယ်ပြီး Dadaab စခန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ဒုက္ခသည် ၈၀၀၀၀ ထားရှိရန် အတွက် Ifo 2 ဟု ခေါ်သည့် တစ်ဝက်ဆောင် တိုးချဲ့ ဆောက်လုပ်သည့် ဆောက်လုပ်ရေး တစ်ခုကို လုံခြုံရေးနှင့် သက်ဆိုင်သည်ဟု ပြောကြားခဲ့ပြီး ယမန်နှစ်က ရပ်ဆိုင်းခဲ့သည်။ Daddab စခန်းကို တိုးချဲ့မည့် အစား ဆိုမာလီနိုင်ငံ အတွင်းရှိ လူများကို အစားအစာ ပေးပို့ပေးရန်အတွက် ကင်ညာ အစိုးရအဖွဲ့က တိုက်တွန်းခဲ့သည်။
သူပုန်များ ထိန်းချုပ်သည့် ဆိုမာလီယာ တောင်ပိုင်းရှိ အစားအစာ ငတ်မွတ်နေသူ ၂ ဒသမ ၂ သန်း အတွက် အစားအစာ ပေးပို့မှုများ မလုပ်နိုင်ကြောင်း ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ