Welcome to my blog :)

rss

Wednesday, August 3, 2011

ယခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင် ပြည့်မည်

w64409
ယခုနှစ် နှောင်းပိုင်းတွင် ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင်ပြည့်မည် ဖြစ်ပြီး လူဦးရေး တိုးပွားမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများကို အဓိက သက်ရောက်မည် ဖြစ်ကာ ရင်းမြစ်များ အကန့်အသတ် ရှိမှုကြောင့် ယင်းနိုင်ငံများတွင်
အခက်ကြုံနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် ပါမောက္ခ တစ်ဦးက ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့လူဦးရေ တိုးနှုန်းသည် အလွန်အမင်း မြန်ဆန်နေပြီး ၁၉၉၉ ခုနှစ်တွင် သန်း ၆၀၀၀ ပြည့်ခဲ့ခြင်း ဖြစ်သည်။ ၂၁၀၀ ပြည့်နှစ်တွင် လူဦးရေသည် သန်း ၁၀၀၀၀ ကျော် (၁၀ ဘီလျံကျော်) ရှိလာမည် ဖြစ်သည်ဟု ကုလ စာရင်းများကို အခြေခံပြီး ဟားဗတ် ပြည်သူ့ကျန်းမာရေးကျောင်းမှ စီးပွားရေးနှင့် လူဦးရေရေးရာ စာရင်းအင်းပညာ ပါမောက္ခ ဒေးဗစ်ဘလွန်းက တွက်ချက်ပြခဲ့သည်။
ပြီးခဲ့သည့် ရာစုနှစ်ဝက် အတွင်း ကမ္ဘာ့လူဦးရေသည် သုံးဘီလျံမှ ခုနစ်ဘီလျံအထိ တိုးလာခဲ့ခြင်း ဖြစ်သည်။ လူဦးရေ တိုးပွားမှု ဗဟိုချက်မသည် ဖွံ့ဖြိုးပြီး နိုင်ငံများ မဟုတ်တော့ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်လာခဲ့ကြောင်း ဘလွန်းက သုံးသပ်သည်။
ယင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာ၊ ရေ၊ အိမ်နေရာနှင့် စွမ်းအင်ထောက်ပံ့မှု အခက်ကြုံလာနိုင်သည်။ အနှစ် ၄၀ အတွင်း ကမ္ဘာ့လူဦးရေ တိုးမှု၏ ၉၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲကမ္ဘာမှ ဖြစ်လာမည် ဖြစ်သည်။ ယင်းအချိန်တွင် ဖွံ့ဖြိုးပြီး ကမ္ဘာ တွင်လည်း လူဦးရေ တိုးတက်မှု တန့်နေမည် ဖြစ်သောကြောင့် သက်ကြီးရွယ်အိုများပြီး အလုပ်လုပ်နိုင်သူ နည်းခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ သို့ရာတွင် မွေးနှုန်းကျနေခြင်းနှင့်အတူ တွက်ချက်မှုတွင် ကွဲလွဲချက်များ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ