Welcome to my blog :)

rss

Wednesday, August 3, 2011

တရုတ်က လေယာဉ်တင် သင်္ဘောကို လေ့ကျင့်ရေးနှင့် သုတေသန အတွက်သာ သုံးမည်ဟု ပြောကြား

w64413
တရုတ်နိုင်ငံ၊ လျောင်နင်းပြည်နယ်၊ တာ့လျံဆိပ်ကမ်းတွင် ပြန်လည် ပြင်ဆင်နေသည့် Varyag လေယာဉ်တင်သင်္ဘော
တရုတ်၏ စစ်ရေး တည်ဆောက်မှု အပေါ် စိုးရိမ်မှုများ မြင့်မားလျက် ရှိစဉ် တရုတ်က တည်ဆောက်နေသော လေယာဉ်တင် သင်္ဘောသည် လေ့ကျင့်ရေးနှင့် သုတေသန ပြုလုပ်ရန်အတွက်သာ ဖြစ်သည်ဟု ဇူလိုင်လ ၂၇ ရက်နေ့က ဆိုသည်။
ပထမဆုံး လေယာဉ်တင် သင်္ဘောအဖြစ် ဆိုဗီယက်ခေတ် သင်္ဘောတစ်စင်းကို ပြုပြင် မွမ်းလျက် ရှိကြောင်း မကြာသေးမီက တရုတ်က အတည်ပြုခဲ့သည်။ လေယာဉ်တင်သင်္ဘော စီမံကိန်း ဆောင်ရွက်နေစဉ် တရုတ်၏
စစ်ရေးတိုးချဲ့မှု၊ ပိုင်နက်နယ်မြေ အငြင်းပွားမှုများတွင် မိမိကိုယ်ကိုယ် အယုံကြည်လွန်မှု တို့ကြောင့် ဒေသတွင်း စိုးရိမ်မှုမှာ ပိုမို ဆိုးဝါးလာခဲ့သည်။
သင်္ဘောကြီးကို သိပ္ပံသုတေသန၊ စမ်းသပ်မှုနှင့် လေ့ကျင့် သင်တန်းပေးရန်သာ ပြုလုပ်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်ယန်ရှင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ်သည် တောင်တရုတ် ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် အငြင်းပွားလျက် ရှိသည်။ ယခင်က သင်္ဘော၏အမည်မှာ ဗာရီယက် ဖြစ်ပြီး မူလက ဆိုဗီယက်ရေတပ် အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့မှုကြောင့် အပြီးမသတ်နိုင်ခဲ့ပေ။ ယင်းသင်္ဘော၏ ကြီးမားသည့် သံချပ်ကာ ကိုယ်ထည်ကို ၁၉၉၈ ခုနှစ်က ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး အင်ဂျင်နှင့် လျှပ်စစ် တပ်ဆင်မှုများ မပါဝင်ခဲ့ကြောင်း သိရသည်။
ဝယ်ယူစဉ်က တရုတ်ကုမ္ပဏီ တစ်ခုသည် ရေပေါ် ကာစီနိုရုံ ဖွင့်ရန်ဟု အကြောင်းပြ ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး တိတ်တဆိတ် သိမ်းဆည်းထားကာ စစ်သင်္ဘောအဖြစ် ပြန်လည် ပြင်ဆင်နေခဲ့သည်။
တရုတ် လေယာဉ်တင်သင်္ဘော စီမံကိန်း
၁၉၇၀ ပြည့်နှစ်များ ကတည်းက တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးကို စိတ်ဝင်စားခဲ့သည်။၂၀၁၁ ဇွန် ၇ တွင်မှ တရုတ်စစ်ဦးစီးချုပ် ချန်ပင်တေးက တရုတ်သည် ကိုယ်ပိုင် လေယာဉ်တင်သင်္ဘော တည်ဆောက်နေကြောင်း အတည်ပြုခဲ့သည်။ ၁၉၈၅ ခုနှစ် ကတည်းက လေယာဉ်တင်သင်္ဘော အဟောင်းများကို လေ့လာရန် စုဆောင်းခဲ့ရာ သြစတြေးလျသင်္ဘော HMAS Melbourne၊ ဆိုဗီယက် သင်္ဘောဟောင်းများ ဖြစ်သည့် Minsk၊ Kiev၊ Varyag တို့ ဖြစ်ပြီး Varyag ကိုယ်ထည်ကိုယူပြီး ပထမဆုံး လေယာဉ်တင်သင်္ဘောကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ