Welcome to my blog :)

rss

Sunday, July 24, 2011

SMES လုပ်ငန်းများအား စည်းကမ်းချက် ၁၂ ချက်၊ အတိုးနှုန်း ၁၅ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးရန်သတ်မှတ် လူသုံးကုန်လုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်း ငါးခု ငွေထုတ်ချေးရန် တင်ပြထား

AddThis Social Bookmark Button 6435
အသေးစား အလတ်စား စက်မှုလုပ်ငန်းများအား မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အထူးချေးငွေထုတ်ချေး ပေးရာတွင် စည်းကမ်းချက် ၁၂ ချက် သတ်မှတ်ထားရှိပြီး အတိုးနှုန်း ၁၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါစည်းကမ်းချက်များဖြင့် အထူးချေးငွေ ထုတ်ချေးရန် အသေးစား အလတ်စားလုပ်ငန်းငါးခုက လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။
စည်းကမ်းချက် ၁၂ ချက်တွင် ထုတ်ချေးသူများအတွက် နှောင့်နှေး စေနိုင်သည့်အချက်မှာ ယခင်က ဘဏ်တွင်ထုတ်ချေးသကဲ့သို့ပင် အာမခံပေးအပ်သည့် အပေါင်ပစ္စည်း ထားရှိရမည် ဆိုသည့်အချက် ပြန်လည် ပါဝင်လာကြောင်း လုပ်ငန်း ရှင်များက ဆိုသည်။
သက်သာခွင့်အနေဖြင့် ဘဏ်တွင်ထုတ်ချေးပါက အတိုးနှုန်း ၁၇ ရာခိုင်နှုန်းပေးရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အတိုးနှုန်း ၁၅ ရာ ခိုင်နှုန်းဖြင့်ထုတ်ချေးပေးရန်သတ် မှတ်ထားချက်ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုပြကာ ဘဏ်တိုင်းတွင်ငွေ အလွယ်တကူ ထုတ်ချေးခွင့် မရနိုင်သော်လည်း အထူးချေးငွေဖြစ်၍ လိုအပ်သည်ကို သတ်မှတ်စည်းကမ်းဖြင့် ကိုက်ညီပါကထုတ်ချေးခွင့်ရနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
“လုပ်ငန်းအတွက် လိုအပ်တဲ့ ချေးငွေလာတင်တဲ့လုပ်ငန်းရှင်တွေ ကို MIA ၊ မြန်မာနိုင်ငံစက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ထောက်ခံပေးမယ်။ အချက်တွေနဲ့ ကိုက်ညီမှုရှိရင် လာတင်တာနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်။ ချေးငွေတင်ဖို့ ထောက်ခံချက်လာယူတဲ့ လုပ်ငန်းရှင်တွေ သိချင်တာတွေကို MIA က ဆွေးနွေးပေးမယ်။ မရှင်းတာရှိရင်တော့ မြန်မာနိုင်ငံစက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူ နဲ့ချိတ်ပေးမယ်။ ဘဏ်နဲ့ဆက်နွှယ် ပြီး လုပ်ရတာဖြစ်လို့ အာမခံပစ္စည်း တင်ပြတဲ့အချက်ပါလာပါတယ်။ MIA အနေနဲ့ကတော့ လုပ်ငန်း အနေအထား ကိုကြည့်ပြီး ထောက်ခံတာပါ။ ငွေကြေးကိစ္စက ဘဏ်နဲ့လုပ်ရတာဖြစ်တဲ့ အတွက်ဘဏ်ရဲ့ စည်းကမ်းအတိုင်းပဲ။ အထူးချေးငွေဖြစ်လို့ သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ချပေးပါတယ်”ဟု မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အရင် အစည်းအဝေးတွေမှာတော့ အပေါင်ပစ္စည်း ထားစရာမလိုဘူးဆိုပြီး တာဝန်ရှိသူတွေက ပြောခဲ့တယ်။ ဒါပေမယ့် အခုကတော့ အာမခံအပေါင်ပစ္စည်း ထားရမယ့် အချက် ပြန်ပါလာတယ်။ လုပ်ငန်း အောင်မြင်တာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတာ လုပ်ငန်းရှေ့ အလားအလာ ကောင်းနေတာတွေက အဓိကမကျဘဲ အာမခံအပေါင်ပစ္စည်းက အဓိကလို ဖြစ်သွားတဲ့အတွက်တော့ နည်းနည်း ထုတ်ချေးရခက် သွားပါတယ်။ ကိုယ်လိုတဲ့ ငွေပမာဏနဲ့ ကိုယ်တင်နိုင်တဲ့ အာမခံပစ္စည်းပမာဏ မကိုက်ရင် လိုသလောက် မရဘူးဖြစ်သွားမှာပေါ့။ ဒါပေမယ့် ကောင်းတာကတော့ ဘဏ်တိုင်းမှာ အလွယ်တကူ မချေးနိုင်တာ ချေးနိုင်မယ်၊ အတိုးနှုန်းသက်သာခွင့် နည်းနည်းရမယ် ဒါကတော့ ကောင်းတယ်။ အစပိုင်းမို့လို့ ဒီလို ထုတ်ချေးတာထင်ပါတယ်။ နောက်ပိုင်းမှာတော့ ယုံကြည်ရမှုကိုကြည့်ပြီး ထုတ်ချေးတဲ့ ပုံစံဖြစ်သွားလိမ့်မယ် ထင်ပါ တယ်”ဟု လူသုံးကုန်ပစ္စည်းစက်ရုံ တည်ထောင်ထားသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
“ဘဏ်မှာ ချေးတဲ့အတိုင်းပဲလို့ ပြောရမှာပဲ။ သိပ်မကွာဘူး။ ဒါကလည်း လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကြောင့်လို့ ထင်ပါတယ်။ အပေါင်မပါဘဲ ထုတ်ချေးပေးဖို့တောင် တရားဝင် အစည်းအဝေးတွေမှာ ပြောပြီးသားလေ။ လုပ်ရကိုင်ရခက်လို့ အဆင်ပြေသလို လုပ်ပေးတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ထုတ်ချေးပေးတာကပဲ ကောင်းတယ်လို့ ပြောရမှာပါ။ နောက်ပိုင်းမှာတော့ ဘဏ်စည်းမျဉ်း စည်းကမ်းတွေ လျှော့ချရင် အပေါင်မလိုဘဲ ချေးလို့ရနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့က လုပ်ငန်းသေးတော့ အပေါင်ထားပြီး ချေးလည်းရတဲ့ငွေနဲ့ လုပ်ငန်းသစ် မချဲ့နိုင်မယ့်အတူတူ အပေါင်မလိုဘဲ ချေးတဲ့အချိန်အထိ စောင့်ရမှာပဲ”ဟု စားသောက်ကုန်လုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ရှင်းပြခဲ့သည်။
လက်ရှိ ထုတ်ချေးရန်တင်ပြထားသည့် လုပ်ငန်းငါးခုမှာ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
အထူးချေးငွေအတွက် လိုအပ်သည့် စာရွက်စာတမ်း သတ်မှတ်ချက်များ  (၁)     ဘဏ်ချေးငွေလျှောက်လွှာ
(၂)     ချေးငွေလျှောက်ထားသူ၏ လိုင်စင်ဓာတ်ပုံ နှစ်ပုံ
(၃)     အာမခံပေးသည့် ပစ္စည်းစာရင်းအတွက် ကာလတန်ဖိုး
(၄)     ဆောင်ရွက်နေသောလုပ်ငန်းအတွက် အရှုံးအမြတ်စာရင်းနှင့် အခွန်ပြေစာမိတ္တူ
(၅)     ကတိဝန်ခံချက်
(၆)     ငွေချေးသူမှတာဝန်ယူမြွက်ဆိုချက်
(၇)     မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ
(၈)     ဘဏ်သို့ အာမခံပေးအပ်သည့် အပေါင်ပစ္စည်းအတွက် ဇနီး/ခင်ပွန်းမှ ကန့်ကွက်ရန်မရှိ သဘောတူညီကြောင်းစာ။
(၉)     သက်တမ်းရှိလိုင်စင်
(၁၀)    အာမခံပေးအပ်သည့် အပေါင်ပစ္စည်းအတွက် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများ
(၁၁)    အာမခံပေးအပ်သည့် အဆောက်အဦဓာတ်ပုံနှင့် လုပ်ငန်းမှတ်ပုံတင် ဓာတ်ပုံ
(၁၂)    ကုမ္ပဏီလုပ်ငန်းဖြစ်ပါက သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ Form 6, Form 26, Form E အစည်းအဝေးမှတ်တမ်း

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ