Welcome to my blog :)

rss

Sunday, July 24, 2011

ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းထက် ၁၀ ဆကြီးမား ၊ တရုတ် နှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ အလားအလာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်လာနိုင်

AddThis Social Bookmark Button
6431
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို ၂၀၁၁ ခုနှစ် ဇွန်လဆန်းပိုင်းက တွေ့ရစဉ်
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သော Laem Chabang ဆိပ်ကမ်းထက် ၁၀ ဆ ကြီးမားကြောင်းနှင့် ဒေသတွင်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများ မှာ အဓိက ရင်းနှီးမြှုပ်နှံသူများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပြီး လတ်တလော အခြေအနေတွင်မူ ထိုင်းနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သော PTT ကမူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်သုံးသပ် စဉ်းစားသွားမည်ဟု ကြားသိရသည်။
“အဓိက ထားဝယ်စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံသူတွေမှာ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေပဲ ဖြစ်မှာပါ။ ဂျပန်နိုင်ငံကနီပွန်စတီးကုမ္ပဏီ ကလည်း ရင်းနှီးမြှုပ်နှံလာဖွယ် ရှိပါ တယ်။ ဒါပေမယ့် လတ်တလောမှာတော့ PTTကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်းမှာပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ စဉ်းစား သုံးသပ်သွားမယ်လို့ ကြားသိရပါတယ်”ဟု ထိုင်းနိုင်ငံရှိ ဘန်ကောက်ပို့စ် သတင်းစာမှ သတင်းထောက်တစ်ဦးက PTT ၏ အကြံပေး ဖြစ်သူ Mr. Chainoi Puankosoom ၏ပြောကြားချက်အား ကိုးကား၍ ပြောပြခဲ့သည်။
အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံရှိကြောင်းနှင့် နောက်ထပ် ခြောက်ဘီလျံ တိုးမြှင့်သွားဖွယ်ရှိကြောင်း သိရှိရသည်။

အဓိက ထားဝယ်စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံသူတွေမှာ တရုတ် နိုင်ငံနဲ့ထိုင်းနိုင်ငံက ကုမ္ပဏီတွေပဲ ဖြစ်မှာပါ။ ဂျပန်နိုင်ငံကနီပွန်စတီး ကုမ္ပဏီကလည်း ရင်းနှီးမြှုပ်နှံလာဖွယ် ရှိပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ PTT ကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ စဉ်းစားသုံးသပ်သွားမယ်လို့ ကြားသိရပါတယ် . . .
ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်သည့် စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာမည် ဖြစ်သည့်အတွက် ဒေသအတွက် ကုန်စည်စီးဆင်းမှုများ တိုးပွားလာနိုင်ကြောင်း၊ ထို့အပြင် ရော်ဘာ၊ ရေလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ အလားအလာ ကောင်းနိုင်ကြောင်း သုံးသပ်မှုများ ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မြေယာနှင့်ပတ်သက်သော အရှုပ်အရှင်းများလည်း ဖြစ်လာနိုင်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရှိလာ နိုင်သကဲ့သို့ လူနေမှု ကုန်ကျစရိတ်လည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်ကြသည်။
ထို့အတူပင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများနှင့် ပတ်သက်၍မူ တိကျခိုင်မာသည့် ဥပဒေများဖြင့် ပြဋ္ဌာန်းထားခြင်း မရှိသေးသဖြင့် Dirty Industries များ တိုးပွား လာဖွယ်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းများ ချမှတ်ထားမှုပိုင်းတွင်လည်း များစွာ အားနည်းချက်ရှိနေကြောင်း၊ ဆိုးကျိုးများအဖြစ် ဒေသတွင်းရှိ သစ်တောများ ပြုန်းတီးလာနိုင်ခြင်း၊ မြစ် ချောင်းများ တိမ်ကောလာနိုင်ခြင်း၊ ရာသီဥတုမမျှတသည့် ပြဿနာများလည်း ရှိလာနိုင်ကြောင်းနှင့် ယင်းနှင့်ဆက်စပ်၍ ဒေသခံတို့၏ ကျန်းမာရေးပိုင်းတွင်လည်း ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
“ထားဝယ်အထူးစီးပွားရေးဇုန် မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတာ က တရုတ်ကုမ္ပဏီ၊ ထိုင်းကုမ္ပဏီတွေ ပါ။ ဂျပန်က နီပွန်ကုမ္ပဏီကလည်း စိတ်ဝင်စားနေတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့   ကန့်သတ်မှုတွေ မရှိတဲ့အတွက်ရော စီးပွားရေးဇုန်နဲ့ပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့အတွက်ရော ဒီနေရာမှာ တခြားနေရာတွေမှာ ကန့် သတ်ထားတဲ့ စက်မှုလုပ်ငန်းတွေ ၀င်ရောက်လာနိုင်တယ်။ ဒါပေမယ့် လတ်တလောမှာတော့ ထိုင်းနိုင်ငံက PTT ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ သတင်းမျိုးလည်း ဖြစ်နေတယ်။ အခုတည်ဆောက်ရေး လုပ်ငန်းအဆင့်မှာတင် ရှစ်ဘီလျံ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတော့ ရင်းနှီးမြှုပ်နှံငွေက ဘီလျံ ၁၅ ဆဆိုတော့ ၁၀၀ ဘီလျံ ကျော်သွားလိမ့်မယ်။ ရလာမယ့် အကျိုးအမြတ်နဲ့ ဘယ်လောက်ရမလဲ ဆိုတော့နဲ့ နှစ် ၆၀ စာချုပ်နဲ့ဆိုတော့ ရေရှည်လုပ်ငန်း တစ်ခုဖြစ်နေတဲ့အတွက် စဉ်းစားတာမျိုးလို့ သိရပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်ပြသည်။
ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ရာတွင် စီးပွားရေးအခြေခံ အဆောက်အအုံများ၊ ခိုင်မာသည့် ငွေကြေးစနစ် နှင့် ဘဏ်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေပြုစနစ်၊ တရားစီရင်ရေးစနစ်၊ အစိုးရယန္တရားစသည်တို့ ပါဝင်သည့် အဖွဲ့အစည်းဆိုင်ရာ အခြေခံ အဆောက်အအုံ(Institutional Infrastructure) များ၊  ဆေးရုံ၊ ကျန်းမာရေး ၀န်ဆောင်မှု၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ် ကောလိပ်များ၊ လူမှုဖူလုံရေးစနစ် စသည့် လူမှုရေးအခြေခံအဆောက် အအုံ(Social Infrastructure  ) များ၊ ပြတိုက်များ၊ စာကြည့်တိုက်များ ပါဝင်သည့် ယဉ်ကျေးမှု အဆောက်အအုံ  (Cultural Infrastructure)များပါဝင် ကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အထူးစီးပွားရေးဇုန်ဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ ရင်း နှီးမြှုပ်နှံမှုများပြုလုပ်ရန် ၀င်ရောက်လာတော့မည်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များအတွက် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအား အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ရန် တာဝန်ယူမှု အပြည့်ရှိသော Cor-porate Social Responsible ရှိသည့် စီးပွားရေးလုပ်ငန်းကြီးများ ၀င်ရောက် လာခြင်းဖြင့်သာ ရေရှည်တည်တံ့သော တိုးတက်မှုအား ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရသည်။
များသောအားဖြင့် fhdevelopment  အား ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ negative impact များ ရိုက်ခတ်မှုများ ခံရတတ်သောကြောင့် အလုံးစုံ ကာကွယ်မှု မပြုနိုင်သော်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (sustainable developmet) ဖြစ်ရန် အတွက်ခိုင်မာသော (precautionary measure) များ ပြုလုပ်ခြင်းဖြင့်သာ ဆိုးကျိုး သက်ရောက်မှုများအား လျှော့ချနိုင်မည်ဟုလည်း သုံးသပ်ကြသည်။
“ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရပါတယ်။ ဖိတ်တဲ့အခါ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေထဲမှာမှ responsible corporation တွေကတော့ သူတို့လုပ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုတွေ မရှိအောင် တာဝန်ယူရလေ့ရှိပါတယ်။ အဲဒီအတွက် သူတို့လုပ်ငန်းကြောင့် ထိခိုက်မှုမရှိအောင်၊ နည်းအောင် precautionary measure တွေ ယူကြရတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံကို လာတဲ့အထဲမှာ တာဝန်ယူမှုအပြည့်ရှိတဲ့ လုပ်ငန်းတွေ ရောက်လာဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ အိမ်နီးနားချင်း က small and medium enterprises  တွေလောက်ပဲ ၀င်လာမယ်ဆိုရင်တော့ တာဝန်ယူမှုဆိုတာ ပါလာဖို့ နည်းပါတယ်။ ဥပမာ အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်နိုင်ငံပဲ ထားပါတော့ သူတို့မှာလည်း တကယ့် fhResponsible Business Corporation ရှိပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဘာတာဝန်ယူမှုမှ မရှိတဲ့ စီးပွားရေးကျင့်ဝတ် နည်းတဲ့ ကုမ္ပဏီတွေ ၀င်ရောက်လာရင် ဒီသက်ရောက်မှုကိုခံရမှာက ဒီနိုင်ငံမှာ ရှိတဲ့ ဒေသခံပြည်သူတွေပဲ ဖြစ်မှာပါ။ အဲဒီလို Business Ethics  မရှိတဲ့ smes  တွေကြောင့် သဘာဝပတ်ဝန်းကျင်တို့၊ လူမှုရေးတို့၊ စီးပွားရေးတို့ မှာ ဆိုးကျိုးတွေ အများကြီး ရလာနိုင်ပါတယ်။ ဒီလို ဖြစ်လာရင်တော့ ဒီကုမ္ပဏီတွေက ဂရုစိုက်တတ်ကြသလား ဆိုတော့ ပြန်ကြည့်ရင် ကုမ္ပဏီ သေးသေးလေးတွေမှာ သူတို့ရဲ့ interest က commercial interest ကိုပဲကြည့်တတ်ကြပါတယ်။ သေးတဲ့ ကုမ္ပဏီတွေရဲ့သဘောက ဒီအတိုင်းပဲ ဘယ်သူ့အတွက်မှ မကြည့်နိုင်ဘူး။ လုပ်ငန်းရှင်သန်ဖို့ပဲ ကြည့်ကြပါတယ်။ ကြီးလာတဲ့အခါ standard တစ်ခု ရှိလာတဲ့အခါ တာဝန်ယူမှု ရှိလာတယ်။ ဥပမာ ကုမ္ပဏီသေးသေးလေးက မဟုတ်တာလုပ်လို့ ပြဿနာဖြစ်ရင် ဒီကုမ္ပဏီကို ဖျက်ပြီးနောက် ကုမ္ပဏီပြန်ထောင်လို့ရတယ်။ အကြီးကြီးကျတော့ ဖျက်လို့မရဘူး။ တရားစွဲ ခံရရင် ဒုက္ခရောက်တော့မယ်။ သေးသေးမွှားမွှားလေး ကအစ ဂရုစိုက်ရတယ်။ ဒီလိုကုမ္ပဏီကြီးတွေ မဟုတ်ဘဲ သေးသေးမွှားမွှားလေးတွေ ရောက်လာရင် ပြဿနာရှိပါတယ်”ဟု Asia Development Research  Institute ၏ Founder ဖြစ်သူ  ဦးဆက်အောင် က ပြောပြခဲ့သည်။
အလားတူ ဒေသခံစီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာများအနက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှုများမှာ ပို၍ အဓိကကျနေပြီး ယင်းသဘာဝ ပတ်ဝန်းကျင်ပြဿနာမှာ နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများ ရှိနေသည့်အတွက် သဘာဝပတ်ဝန်းကျင် လုံခြုံရေးအား ပို၍ဂရုပြုရန် လိုအပ်လာကြောင်းလည်း  သိရှိရသည်။
“တကယ်တော့ သဘာဝပတ်ဝန်းကျင် ပြဿနာဆိုတာ အမြဲတမ်း transboundary ဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးဆက်က ဒီကို ရောက်လာနိုင်သလို ကျွန်တော်တို့ဆီ က အကျိုးဆက်ကလည်း တခြား အိမ်နီးချင်းနိုင်ငံတွေကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ environmental security ဆိုပြီး ထည့်တွက်ဖို့ လိုအပ်လာပေမယ့် ဒီအပေါ်မှာတော့ Assessment  တွေ သိပ်မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့တွေ လုပ်လိုက်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ ရှိပေမယ့် အဲဒီလိုဆိုးကျိုးတွေက ကျွန်တော်တို့ လုပ်လိုက်လို့ဖြစ်တယ်ဆိုတာ ဆက်စပ်ပြီးမသိကြဘူး။ အဲဒီလို ဆက်စပ်မှုမရှိတာကို ဆက်စပ်မှုရှိတယ်ဆိုတဲ့ awareness ကို ပေးနိုင်ရမယ်။ တော်တော်များများက ငါတို့ တစ်သက် မဖြစ်တော့ဘူးဆိုပြီး တစ်သက်စာပဲ စဉ်းစားကြတယ်။ ကိုယ့် တစ်သက်စာ ဒုက္ခမရောက်နိုင်သေး ဘူးဆိုပေမယ့် ကိုယ့်မျိုးဆက်တွေ ဒုက္ခရောက်တာကို မကာကွယ်လို့မရပါဘူး။ ငါတို့သေပြီးမှ ဖြစ်ချင်တာ ဖြစ်ဆိုတဲ့  mentality  အပ မျိုးတွေရှိရင်တော့ ဘယ်လိုမှ လူ့အဖွဲ့အစည်းမှာ အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်သူ greener တစ်ဦး ကလည်း သုံးသပ် ပြောကြားခဲ့သည်။
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း
 ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development PCL နှင့် မြန်မာ နှစ်နိုင်ငံအစိုးရများ နားလည်မှု စာချွန်လွှာရေးထိုး။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများ မူဘောင်သဘောတူညီမှုစာချုပ် (oncession Signing) အား လက်မှတ်ရေးထိုး။
၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်းအဖြစ် တည်ဆောက်ရေး လုပ်ငန်းအဆင့် - ၁၊
၂၀၁၃ မှ ၂၀၁၇ အထိ တည်ဆောက်ရေး လုပ်ငန်းအဆင့် - ၂၊
၂၀၁၅ မှ ၂၀၁၉ အထိ တည်ဆောက်ရေး လုပ်ငန်းအဆင့် - ၃  သတ်မှတ် အကောင်အထည်ဖော်။
၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း အပြီးအစီးတည်ဆောက်မည့် စီမံကိန်းဖြစ်။
လမ်းပန်းဆက်သွယ်ရေး
ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်း ဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ရှစ်လမ်းသွား စူပါဟိုင်းဝေး ကားလမ်းပါရှိ။
ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နယ်ခြားဝင်ထွက်ဇုန် များပါဝင်။
နှစ် ၆၀ (B.O.T) တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်းစနစ်ဖြင့် အကောင်အထည်ဖော်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ