Welcome to my blog :)

rss

Sunday, July 31, 2011

ကလေးသူငယ် ကာကွယ်ရေး လှုပ်ရှားသည့် အမျိုးသမီးကိုလည်း NoW က ဖုန်းသတင်းအချက်အလက် ခိုးယူခဲ့

AddThis Social Bookmark Button

w64405
အသတ်ခံခဲ့ရသည့် ဆာရာပိန်း၏သမီးငယ် ဆာရာအိဗ်လင်းအစ်ဇိုဘယ်လ်ပိန်း
ဗြိတိန်နာမည်ကျော် ကလေးသူငယ် ကာကွယ်ရေး နှိုးဆော်လှုပ်ရှားသည့် အမျိုးသမီးမှာလည်း News of the World(NoW) တက်ဘလွိုက် သတင်းစာ၏ ဖုန်းသတင်းအချက်အလက် ခိုးယူမှုတွင် သားကောင် ဖြစ်ခဲ့ရကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ရဲများက အတည်ပြုခဲ့သည်။
ဆာရာပိန်းဆိုသူ အမျိုးသမီးမှာ ၂၀၀၀ ပြည့်နှစ်က ၈ နှစ် အရွယ် သမီးဖြစ်သူ အသတ်ခံရပြီးနောက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရမှုမှ ကာကွယ်ပေးသည့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက် NoW သတင်းစာနှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် သမီးဖြစ်သူ အမည်ဖြင့် ဆာရာ ဥပဒေဟု အမည်ရသော ကလေး သူငယ်များအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပြုဖူးသူများ၏ မှတ်တမ်းကို မိဘများက ကြည့်ရှုခွင့် ရှိသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်သည် အထိ ဆယ်စုနှစ်တစ်ခုကြာမျှ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။
ဖုန်းအချက်အလက် ခိုးယူခံရသူများတွင် မပါဝင်ဟု အစောပိုင်းက သိထားသည့် ပိန်းသည် နောက်ဆုံးထုတ် NoW တွင်ပင် NoW သည် လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် လုပ်ကိုင်ခဲ့သည်များ ရှိကြောင်း၊ မကြာမီ စွဲချက်များမှ ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း ဆောင်းပါးရေးခဲ့သည်။
သို့ရာတွင် သူကိုယ်တိုင်မှာလည်း NoW ၏ ဖုန်းသတင်းအချက်လက် ခိုးယူမှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ်က NoW အယ်ဒီတာ ရီဘတ်ကာဘရွတ်ခ် ပေးခဲ့သည့် ပိန်းကို ပေးခဲ့သည့် ဆာရာ ဥပဒေ အတွက် လှုံ့ဆော်မှုတွင် သုံးရန်ဆိုသော ဖုန်းကိုလည်း ခိုးနားထောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ NoW နှင့်တရင်းတနှီး လက်တွဲလုပ်ခဲ့သူ ဖြစ်သောကြောင့် ပိန်းသည် အလွန် စိတ်ပျက်နေကြောင်း သူ၏ကိုယ်စားလှယ်များက ထုတ်ပြန်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ