Welcome to my blog :)

rss

Sunday, July 31, 2011

ဆူဒန်တွင် ငွေကြေးသစ် စတင် သုံးစွဲ

AddThis Social Bookmark Button
တောင်ဆူဒန်နိုင်ငံက လွတ်လပ်သောနိုင်ငံ အဖြစ် ကြေညာခဲ့ပြီး ခြောက်ရက်အကြာ ဇူလိုင် ၂၄ ရက်တွင် ဆူဒန်နိုင်ငံက ငွေကြေးသစ်ကို စတင် သုံးစွဲခဲ့ကြောင်း သိရသည်။
တောင်ဆူဒန်နှင့် ငွေကြေးစစ်ပွဲ ဖြစ်မည်ကို စိုးရိမ်မှု ရှိနေစဉ် ဆူဒန် ဗဟိုဘဏ်က ယခင်သုံးစွဲခဲ့သော ငွေကြေးဟောင်းနှင့် ပတ်သက်၍ နိုင်ငံသစ် တောင်ဆူဒန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။   ဇူလိုင် ၂၄ ရက်တွင် ဆူဒန်နိုင်ငံ မြို့တော် ခါတိုအမ်နှင့် ပြည်နယ်အားလုံးတွင် ငွေကြေးသစ် စတင် သုံးစွဲကြောင်း၊ ဘဏ်များ၊ ငွေထုတ်စက်များမှတစ်ဆင့် ငွေကြေးသစ်များကို လိုသလောက် ထုတ်ယူ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ မိုဟာမက်ခါအီယာအယ်လ်ဇူဘယ်ယာက ပြောကြားခဲ့သည်။
ယခင် သုံးစွဲနေသော ငွေကြေးဟောင်းသည် မည်သည့်အချိန် အထိ ငွေကြေးလည်ပတ်မှု ရှိနေမည်ကို အချိန် အတိအကျ မပြောကြားခဲ့ဘဲ ငွေကြေး ပြောင်းလဲသုံးစွဲမှုမှာ မြန်နိုင်သမျှ မြန်မြန် ပြီးစီးတော့မည် ဖြစ်ကြောင်း
၎င်းကပြောကြားသည်။
ငွေကြေးသစ် ဖြစ်သော ဆူဒန် ပေါင်တွင် နိုင်ငံမြေပုံကို ပြင်ဆင်ရေးဆွဲထားကြောင်း သိရသည်။ ငွေကြေးဟောင်း ဆူဒန်ပေါင်မှာ ပြီးခဲ့သောနှစ်က စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှု၊ အစိုးရ ဘဏ္ဍာရေးစနစ် အားနည်းမှု တို့ကြောင့် ပြီးခဲ့သောနှစ်တွင် တန်ဖိုးများ ကျဆင်းခဲ့သည်။ မှောင်ခို ဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ဆူဒန်ပေါင် ၃ ဒသမ ၅ ရှိပြီး တရားလဲလှယ်မှုတွင် တစ်ဒေါ်လာလျှင် ၂ ဒသမ ၆၇ ရှိကြောင်း သိရသည်။
ဆူဒန်တွင် ငွေကြေးဟောင်း ဆူဒန်ပေါင် ၁၁ ဘီလျံခန့် ကျန်ရှိနေသေးကြောင်း တောင်ဆူဒန် ဗဟိုဘဏ် ဥက္ကဋ္ဌ အီလီဂျာဟ်မာလွတ်က ပြောကြားခဲ့ပြီး တောင်ဆူဒန်ရှိ ပြည်နယ် ၁၀ ခုတွင် ငွေကြေးဟောင်းနှင့်သစ် လဲလှယ်မှု ချောမွေ့ လျင်မြန်အောင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ