Welcome to my blog :)

rss

Sunday, July 31, 2011

အင်တာနက်စနစ် သုံးစွဲနိုင်မည့် ဖုန်းလုံးရေ လေးသန်းစီမံချက် စတင်ပြီဖြစ်ကာ ငါးလအတွင်း အပြီးချပေးမည် တစ်လလျှင် အလုံးနှစ်သိန်း ရောင်းချနိုင်မှ ပထမနှစ် စီမံကိန်းအတွက် သတ်မှတ် အရေအတွက် ကုန်နိုင်မည်ဟုဆို

AddThis Social Bookmark Button 6444
လာမည့်ငါးလအတွင်း ချထားပေးမည့် ဖုန်းအလုံးရေ လေးသန်းတွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့ပါသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်း အလုံးရေ လေးသန်းစီမံကိန်းအတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုင်းတပ်ဆင်ခြင်းများနှင့် ပြည်ပမှဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများ ၀ယ်ယူခြင်းကို ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။ နောက်ဆုံးပတ်မှ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တယ်လီဖုန်း သုံးစွဲမှု မြင့်မားလာစေရေး အတွက် ငါးနှစ်စီမံကိန်းအဖြစ် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်း အင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ဂျီအက်စ်အမ်မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်းအင်အားသန်း ၃၀ အထိ တိုးချဲ့တပ်ဆင်မည် ဖြစ်ကြောင်း နှင့် အဆိုပါသန်း ၃၀ မှ ဂျီအက်စ်အမ်ဖုန်း အလုံးရေလေးသန်းကို ပထမ နှစ်စီမံကိန်းအဖြစ် လာမည့်ငါးလအတွင်း ချပေးသွားမည်ဖြစ်သည်။ ပထမနှစ်စီမံကိန်းတွင် သုံးစွဲခွင့်ပြုမည့် ဖုန်းအလုံးရေ လေးသန်းတွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချ ပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူ ၀ယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းအလုံးရေလေးသန်းကို ချပေးဖို့  .  .  .
အဆိုပါ ဖုန်းအလုံးရေ လေးသန်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ စတင်သုံးစွဲခွင့် ပြုမည်ဆိုပါက ယခုဖုန်းတစ်လုံးလျှင် သုံးစွဲခွင့်ပြုနေသည့် အနိမ့်ဆုံးနှုန်းထား ငွေကျပ်ငါးသိန်း ထက်လျော့နည်းသည့် ဈေးနှုန်းတစ်ရပ်ဖြင့် အသုံးပြုခွင့်ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
“ဖုန်းရောင်းချမှု အပိုင်းမှာလည်း OneStop စနစ်နဲ့ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူ ၀ယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းအလုံးရေ လေးသန်းကိုချပေးဖို့ အသုံးပြုရမယ့် infrastructure  တွေ စတင် တည်ဆောက်နေပါတယ်။ ရောင်းချမယ့် ဈေးနှုန်းတွေကိုတော့ ရင်းနှီးမြှုပ်နှံမှုအတွက် ကုန်ကျစရိတ်တွေရယ်၊ ပြည်သူတွေသုံးစွဲနိုင်မှု အခြေအနေတွေရယ်ကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ်မှာပါ။ သေချာတာကတော့ အခုပေးနေတဲ့ ငွေကျပ်ငါးသိန်း ထက်တော့ နည်းသွားမယ့် အခြေအနေ ရှိပါတယ်။ ဒီဂျီအက်စ်အမ်လေး သန်း project မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိကပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဆက်လက်ပြောပြခဲ့သည်။
ဖုန်းအလုံးရေ လေးသန်းအား စတင်အသုံးပြုခွင့်ပေးသည့် အခါတွင်လည်း တစ်လလျှင် အလုံးရေ နှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံ လုံးရောင်းမှာဆိုတော့ တစ်လကိုဖုန်း လုံးရေနှစ်သိန်းရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလို တစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယ နှစ်အတွက်က ဖုန်းလုံးရေငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်းမထွက်လာခင် ကုန်အောင်ရောင်းချနိုင်ဖို့ လိုအပ်ပါတယ်”ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ထပ်မံရှင်းပြခဲ့သည်။
အဆိုပါစီမံကိန်းအတွက် ပုဂ္ဂ လိကပိုင်းမှ ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီ လီမိတက်၊ ရတနာပုံ တယ်လီပို့စ်နှင့် Asia Mega Link  ကုမ္ပဏီတို့ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ