Welcome to my blog :)

rss

Sunday, July 31, 2011

တူရကီ လက်နက်ကိုင် တပ်ပေါင်းစုနှင့် ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်များ ရာထူးမှ တစ်ပြိုင်နက် နုတ်ထွက်

AddThis Social Bookmark Button

w64403
၂၀၁၀ ပြည့်နှစ် အတွင်းက တူရကီနိုင်ငံတော်သစ် ထူထောင်သူ မူစတာဖာခမိုင်းလ်အတာတာ့ခ် ဂူဗိမာန် ရှေ့တွင် တူရကီ လက်နက်ကိုင် တပ်ပေါင်းစု စစ်ဦးစီးချုပ် အီဆစ်ကိုဆန်နာနှင့် စစ်ဦးစီးများ စုဝေး ဓာတ်ပုံအရိုက်ခံခဲ့ကြစဉ်

w64404
တူရကီ စစ်ရဲတပ်ဖွဲ့ စစ်ဦးစီးချုပ် နေဇဒက်အိုဇဲလ်
လောကီသီးသန့် ၀ါဒီများ ကြီးစိုးသည့် စစ်ဘက်နှင့် အစ္စလာမ္မစ်များ ကြီးစိုးသည့် အစိုးရ အဖွဲ့အကြား နက်ရှိုင်းသည့် အကွဲအပြဲ ဖြစ်ပေါ်နေစဉ်တွင် တူရကီ လက်နက်ကိုင် တပ်ပေါင်းစု စစ်ဦးစီးချုပ်၊ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်များ ဇူလိုင်လ ၂၉ ရက် နေ့တွင် ရာထူးမှ တစ်ပြိုင်နက် နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
လက်နက်ကိုင် တပ်ပေါင်းစု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီဆစ်ကိုဆန်နာ အပါအ၀င် တူရကီစစ်တပ်၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး လေးဦးစလုံး နုတ်ထွက်သွားခဲ့ကြောင်း တူရကီနိုင်ငံပိုင် မီဒီယာက ထုတ်ပြန် ကြေညာသည်။ ရာထူးမှ နုတ်ထွက်ကြသည့် အကြောင်းရင်းကို မသိရသေးသော်လည်း အစိုးရနှင့် စစ်ဘက်အကြား တင်းမာမှုက အဓိက ကျနိုင်သည်ဟု သိရသည်။
တူရကီ စစ်ကောင်စီသည် အဓိက ရာထူးနေရာများ ခန့်အပ်ရေး အတွက် လာမည့် အပတ်တွင် နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကြ အထူး အစည်းအဝေး ပြုလုပ်ရတော့မည့် အချိန်တွင် ယခုကဲ့သို့ နုတ်ထွက်သွားကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် တူရကီဝန်ကြီးချုပ် အာဒိုဂန်နှင့် တူရကီ ဂန်ဒါမာရီ စစ်ရဲတပ်ဖွဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဇဒက်အိုဇဲလ်တို့ တွေ့ဆုံခဲ့ကြသလို ယင်းနောက်တွင်လည်း တူရကီ အခြေခံဥပဒေအရ စစ်သေနာပတိချုပ် ဖြစ်သော သမ္မတ အဗ္ဗဒူလာဂူးလ် နှင့် သီးခြား တွေ့ဆုံခဲ့ရာ အိုဇေးက ကိုဆန်နာ နေရာ အစားဝင်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာနေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် တပ်ပေါင်းစု၏ စစ်ဦးစီးချုပ် အနားယူပါက ကြည်းတပ် စစ်ဦးစီးချုပ်က ယင်းရာထူးကို ရယူလေ့ ရှိသည်။ ခန့်မှန်းချက်များ အတိုင်း ၂၉ ရက်နေ့ နှောင်းပိုင်းတွင် အိုဇဲလ်ကို ကြည်းတပ် စစ်ဦးစီးချုပ် အဖြစ်
ခန့်အပ်လိုက်ပြီး လက်နက်ကိုင် တပ်ပေါင်းစု၏ ယာယီ စစ်ဦးစီးချုပ် အဖြစ်ပါ ခန့်အပ်လိုက်ကြောင်း သမ္မတနှင့် ၀န်ကြီးချုပ်ရုံးများက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစိုးရနှင့် လောကီ သီးသန့်ဝါဒီ တို့၏ နိုင်ငံဖြစ်ရေး အစဉ်အလာ အရ စောင့်ရှောက်သူအဖြစ် ခံယူထားသော စစ်ဘက်အကြား ဆက်ဆံရေးသည် စစ်ဘက် အရာရှိ ၂၀၀ ခန့်အား အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီး
စစ်ဆေးနေမှုကြောင့် ပိုမို တင်းမာလာခဲ့သည်။
၂၀၀၃ ခုနှစ် စစ်ဘက် ဆွေးနွေးပွဲတစ်ခုတွင် အာဏာသိမ်းရေး အစီအစဉ်ကို တင်ပြခဲ့ဖူးကြောင်း ပေါ်ပေါက်လာခဲ့ပြီးနောက် ဗိုလ်ချုပ်နှင့်အထက် အဆင့်ရှိ စစ်ဘက် တာဝန်ရှိသူ ၄၀ ကျော် အပါအ၀င် စစ်ဘက်မှ ၁၆၅ ဦး
ထိန်းသိမ်းခံခဲ့ရသည်။
တူရကီကြည်းတပ်၏ တပ်မဟာလေးခု အနက် တစ်ခု ဖြစ်သော အေဂျင် တပ်မဟာ ဦးစီးမှူး အပါအ၀င် နောက်ထပ် ၂၂ ဦးကိုလည်း အခြား အာဏာသိမ်းရန် ကြံစည်မှု တစ်ခုဖြင့် စစ်ဆေးနေပြီး ယခုကဲ့သို့ စစ်ဘက် အကြီးအကဲ အားလုံး နုတ်ထွက်ပေးလိုက်ရခြင်းနှင့် ဆက်စပ်ခြင်း ရှိ၊ မရှိကို မသိရသေးပေ။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ