Welcome to my blog :)

rss

Sunday, July 31, 2011

နျူလက်နက် ဖျက်သိမ်းရေး အစီအစဉ်ကို သဘောထား မပြောင်းရန် အမေရိကန်က မြောက်ကိုရီးယားကို တိုက်တွန်း

နျူကလီးယားလက်နက် ဖျက်သိမ်းမည့် အစီအစဉ်နှင့်ပတ်သက်၍ သဘောထားပြောင်းလဲမှု မရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်သွားပါက ဆက်ဆံရေး ပိုကောင်းစေရန် လမ်းဖွင့်ပေးထားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားကို
အမေရိကန်က သတင်းစကား ပေးခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆွေးနွေးမှုသည် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
နယူးယောက်မြို့၌ မြောက်ကိုရီးယား ကိုယ်စားလှယ်နှင့် ဆွေးနွေးမှုသည် အရေးပါပြီး ထိရောက်မှု ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပြီး မြောက်ကိုရီးယားတို့ ဘက်မှလည်း အလားတူ
မှတ်ချက်ပြုခဲ့သည်။
ဆယ်စုနှစ် ခြောက်ခုကြာ ဖြစ်ပွားခဲ့သည့် တင်းမာမှုများကို အဆုံးသတ်လိုပါက မြောက်ကိုရီးယား အနေဖြင့် နျူလက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင်ရမည်ဟု အမေရိကန်အစိုးရက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားက ပြန်လည် တောင်းဆိုမှု အသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လည် ၀င်ရောက်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လိုလားလျက် ရှိပြီး မြောက်ကိုရီးယားက ၎င်း၏နျူလက်နက် အစီအစဉ်အား ဖျက်သိမ်းရန် ၂၀၀၅ ခုနှစ်တွင် သဘောတူညီခဲ့သော်လည်း ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် နျူလက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ