Welcome to my blog :)

rss

Sunday, July 31, 2011

နော်ဝေ အကြမ်းဖက်ခံရမှုတွင် သေဆုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာ ရသူများ အတွက် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

w64415
နော်ဝေ အကြမ်းဖက် တိုက်ခိုက်ခံရမှု တစ်ပတ် ပြည့်မြောက်သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် မြို့တော် အော်စလို၌ သေဆုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာ ရခဲ့သူများ အတွက် အထိမ်းအမှတ် အခမ်းအနားကို အာဏာရ လေဘာပါတီ လူငယ်အဖွဲ့က ဦးဆောင် ကျင်းပခဲ့ကြောင်း သိရသည်။
''ဒီပစ်ခတ်မှုဟာ ကျွန်တော်တို့ လူငယ်တွေကိုပဲထိတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ တစ်နိုင်ငံလုံးကို ထိခိုက်ပါတယ်။ ကျွန်တော်တို့အားလုံး လက်ခံထားတဲ့ တန်ဖိုးတွေ အပေါ်မှာ တိုက်ခိုက်ခံရမှုပါပဲ''ဟု နော်ေ၀၀န်ကြီးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်ျက နှင်းဆီပန်းများ ကိုင်ဆောင်လာကြသည့် သေဆုံးသွားသူများ၏ ဆွေမျိုး သားချင်းများ၊ နိုင်ငံရေး ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
တိုက်ခိုက်မှုတွင် အဓိကပစ်မှတ် ဖြစ်ခဲ့သော ပါတီ လူငယ်အဖွဲ့ AUF ခေါင်းဆောင် အက်စ်ကီးလ်ပက်ဒါဆင်က ဆယ်စုနှစ်ပေါင်းများစွာ နွေရာသီစခန်း ချခဲ့ရာ အူတိုယာကျွန်းသို့ နောက်နှစ်တွင်လည်း ပြန်သွားမည်ဟု
ကြွေးကြော်ခဲ့သည်။ အူတိုယာကျွန်းတွင် သေနတ်သမားက ၀င်ရောက် ပစ်ခတ်ချိန်တွင် ပက်ဒါဆင်လည်း ရှိနေခဲ့ပြီး အသတ်မသေဘဲ လွတ်မြောက်ခဲ့သူ ဖြစ်သည်။
ယင်းနေ့တွင်ပင် သေဆုံးရသူများ အနက်မှ ပထမဆုံး ဈာပနနှစ်ခုကို ကျင်းပခဲ့ပြီး အသက် ၁၈ နှစ် အရွယ် ဘာနိုရာရှစ်နှင့် အသက် ၁၉ နှစ် အရွယ် အစ္စမေးလ်ဟာဂျီအာမက်တို့ ဖြစ်သည်။ ရာရှစ်သည် ၁၉၉၆ ခုနှစ်က အီရတ်မှ ပြေးလာသည့် ကာ့ဒ် မိသားစုမှ ဖြစ်ပြီး ၎င်းအတွက် ခရစ်ယာန်နှင့် အစ္စလာမ် ထုံးတမ်းများ အရ အခမ်းအနား ကျင်းပပေးခဲ့သည်။
၂၉ ရက်နေ့တွင်ပင် ဗုံးခွဲမှုနှင့် လက်နက်ကိုင် ပစ်ခတ်မှုများကို တစ်ဦးတည်း ကျူးလွန်သူဟု စွဲချက် တင်ခံထားရသော အန်ဒါစ်ဘရေဗစ်ကို ဒုတိယအကြိမ် စစ်မေးမှု ပြုလုပ်ခဲ့သည်။ ဘရေဗစ်ကို အော်စလိုမြို့ အနီးရှိ ဒုတိယကမ္ဘာစစ် အတွင်းက နာဇီ အကျဉ်းသားများ ထားရှိရာ အီလာထောင်တွင် တစ်ဦးတည်း တိုက်ပိတ် ထိန်းသိမ်းထားသည်။
ဘရေဗစ် ငှားရမ်းထားသော လယ်တစ်ခုထဲတွင် ဖောက်ခွဲရေး ပစ္စည်းများကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၆ ရက်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။
ဘရေဗစ်က မိမိသည် တိုက်ခိုက်မှုကို စီစဉ်နိုင်ရေး အတွက် အော်စလိုမြို့ မြောက်ဘက်ရှိ ယင်းခြံကို ယခင် ကတည်းကပင် ငှားရမ်းခဲ့ကြောင်း ပြောကြားထားသည်။
ယင်းခြံမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း ဖြစ်သည့် အတွက် ဗုံးပြုလုပ်ရန် အကာအကွယ်ရခဲ့ခြင်း ဖြစ်ကြောင်း၊ မေလဆန်းတွင် ဘရေဗစ်သည် ဓာတ်မြေသြဇာခြောက်တန် ၀ယ်
ယူခဲ့ပြီး ယင်းတို့ဖြင့် ပေါက်ကွဲအားပြင်းဗုံး ပြုလုပ်ဖွယ် ရှိသည်။ အကြမ်းဖက်မှု နှစ်ခု ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားသော ဘရေဗစ်သည် ထောင်ဒဏ် အနှစ် ၃၀ အထိ အများဆုံး ကျခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ