Welcome to my blog :)

rss

Sunday, July 17, 2011

 အဓမ္မခိုင်းစေမှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင် တိုင်းရင်းသား ဘာသာစကားများဖြင့် ဖြန့်ဝေရန် သဘောတူ

အဓမ္မခိုင်းစေမှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို တိုင်းရင်းသား ဘာသာစကားများဖြင့် ဖြန့်ဝေရန်မူအားဖြင့် သဘောတူညီမှု ရရှိထားကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ သတင်းရရှိသည်။
“အဓမ္မခိုင်းစေမှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ဖြန့်ဝေဖို့ မူအားဖြင့် သဘောတူညီမှု ရရှိထားပါတယ်။ ပထမဆုံး အနေနဲ့ ရှမ်းဘာသာစကားနဲ့ ထုတ်ဝေဖို့ ရှိပါတယ်” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်(လ်)က ဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာဘာသာစကားဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များကိုမူ အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း၊ ပြည်ပ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ရပ်ရွာအသိုင်းအ၀ိုင်းများ မှတစ်ဆင့် ဖြန့်ဝေလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်ကို အဓမ္မခိုင်းစေမှုဆိုသည်မှာ အဘယ်နည်း၊ မည်ကဲ့သို့ တိုင်ကြားနိုင်ပါ သနည်း၊ တိုင်ကြားမှုပြုလုပ်ရန် လုံခြုံမှုရှိပါသလား၊ မည်သူတို့က တိုင်ကြားနိုင်ပါသနည်း၊ တိုင်ကြားမှုသည် လျှို့ဝှက်လုံခြုံမှုရှိပါသလား၊ တိုင်ကြားပုံနည်းစနစ်အရ မည်သို့ ဆောင်ရွက်သနည်း၊ တိုင်ကြားခြင်းဖြင့် မည်ကဲ့သို့သောရလဒ်များ ပေါ်ပေါက်လာနိုင်ပါသလဲ၊ တိုင်ကြားမှု ပြုလုပ်ရန် မည်သူ့ကို ဆက်သွယ်ရမည်နည်း စသည့် ခေါင်းစဉ်များခွဲကာ ရေးသားထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ