Welcome to my blog :)

rss

Sunday, July 17, 2011

သယံဇာတလျော့ကျမှုကို ထိန်းသိမ်းရန်အတွက် ငါးသယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းသွားရန် စီစဉ်နေ

ရေနေသက်ရှိ သယံဇာတများ လျော့ကျလာမှုကို ထိန်းသိမ်းရန်အတွက် ငါးသယံဇာတ ထိန်းသိမ်းရေးကော်မတီကို ဗဟိုအဆင့်မှ ပြည်နယ်/ တိုင်းဒေသကြီး အပါအ၀င် အောက်ခြေအထိ ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်သွားရန် အစီအစဉ်များရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ငါးပုစွန်သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ငါးလုပ်ငန်းဦးစီးဌာန တစ်ခုတည်းက လုပ်ဆောင်နေတာ လုံလောက်မှုမရှိတဲ့အတွက် ငါးသယံဇာတ ထိန်းသိမ်းရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ဖို့ရှိပါတယ်။ ဗဟိုအဆင့်ပါမယ်။ ပြည်နယ်/တိုင်းဒေသကြီး စသဖြင့်လည်း ဖွဲ့စည်းဆောင်ရွက်သွား ဖို့ရှိပါတယ်။ အဲဒီကော်မတီတွေမှာ ဌာနကပါမယ်၊ ပညာရှင်တွေပါမယ်၊ အန်ဂျီအိုအဖွဲ့တွေ ပါမယ်၊လုပ်ငန်းရှင်တွေ၊ ပြီးတော့ ဒီနယ်ပယ်နဲ့ ဆက်စပ်သူတွေ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီ ငါးသယံဇာတ ထိန်းသိမ်းရေး ကော်မတီရဲ့ တာဝန်ဝတ္တရားတွေ၊ လုပ်ပိုင်ခွင့်တွေကို ရေးဆွဲသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
လက်ရှိတွင်လည်း သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည့် ငါးပုစွန်များ ခိုအောင်းပေါက်ဖွားရာ ဒီရေတောများ စိုက်ပျိုးပေးခြင်း၊ ငါး ပုစွန်များမျိုးစိုက်ထည့်ခြင်း၊ ကဏန်း ဘေးမဲ့တောများ တည်ထောင်ပေးခြင်းများ ပြုလုပ်နေပြီး ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်လုပ်ဆောင်နေခြင်း များလည်းရှိကြောင်း နှင့် အရွယ်အစားသေးငယ်သည့် ကဏန်း၊ ငါးရှဥ့်များအရောင်းအ၀ယ် မပြုလုပ်ရန်လည်း တားမြစ်ထားကြောင်း သိရှိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ခန့်မှန်းချက်များ အပါအ၀င် ရေလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်အရ ကမ္ဘာတစ်ဝန်းလုံး တွင် သဘာဝမှငါးပုစွန်ဖမ်းဆီး ထုတ်လုပ်မှု ကျဆင်းနေကြောင်း၊ အမြင့်ဆုံးဖမ်းဆီးနိုင်သည့် ပမာဏသို့ နီးကပ်လာသဖြင့် သယံဇာတထိန်းသိမ်းရန် လိုအပ်နေကြောင်းနှင့် သဘာဝမှဖမ်းဆီးရရှိမှု လျော့နည်းကျ ဆင်းလာသဖြင့် နောက်နောင်တွင် မွေးမြူရေးကဏ္ဍမှသာ တိုးတက်လာမည့် လူဦးရေအတွက် သားငါးရိက္ခာ ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ