Welcome to my blog :)

rss

Sunday, July 17, 2011

ကပ္ပလီပင်လယ်ပြင်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းအနီးတွင် လုပ်ငန်းသုံး ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား၊ အဆိုပါယာဉ်တွင်ပါရှိသူ ၁၁ဦးအနက် ရဟတ်ယာဉ်မှူးအပါအ၀င် သုံးဦးသေဆုံး

ကပ္ပလီ ပင်လယ်ပြင်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းအနီးတွင် လုပ်ငန်းသုံး ရဟတ်ယာဉ်တစ်စင်း ၂၀၁၁ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့က ပျက်ကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တွင်ပါရှိသူ ၁၁ဦးအနက် ရဟတ်ယာဉ်မှူး အပါအ၀င် သုံးဦးသေဆုံးခဲ့ကြောင်း Patrones ရေနံကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ နံနက်၉နာရီခန့်က ရဲတံခွန်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး စီမံကိန်းရှိရာသို့ ပြင်သစ်နိုင်ငံ Heli Union ကုမ္ပဏီပိုင် Sikorsky SK 76 အမျိုးအစား ရဟတ်ယာဉ်သည် လုပ်ငန်းသုံးကိစ္စ ဆောင်ရွက်ရန် ကံပေါက်လေယာဉ်ကွင်းမှ ထွက်ခွာခဲ့ပြီး ရဲတံခွန်ပလက်ဖောင်းတွင် ခေတ္တရပ်နားခဲ့သည်။ ထို့နောက် ရဲတံခွန်ပလက်ဖောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်း ၉ဦးနှင့် ရဟတ်ယာဉ်မောင်း နှစ်ဦးတို့သည် နံနက် ၁၀နာရီ ၀န်း ကျင်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ရဲတံခွန် ပလက်ဖောင်း၏ အနောက်ဘက် ပေ ၃၀အကွာခန့်တွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ပြီး ပင်လယ် အတွင်းသို့ ပျက်ကျမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
“အခု လောလောဆယ်မှာတော့ စက်ချို့ယွင်းမှုဖြစ်ပေါ်ပြီး ရေထဲကို ထိုးချလိုက်တယ်လို့ ယူဆရပါတယ်။ crew ချိန်းပြီး ပြန်အတက်မှာဖြစ်တာပါ။ ဖြစ်ပြီးတဲ့အချိန်မှာပဲ ရဲတံခွန် ပလက်ဖောင်းက သင်္ဘောတွေနဲ့ သွားကယ်ခဲ့ပါတယ်။ ပလက်ဖောင်း က ဆရာဝန်နဲ့ကုသခဲ့ပြီး သုံးယောက်ကတော့ သတိလစ်မေ့မြောပြီးနောက် သေဆုံးသွားပါတယ်”ဟု လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
Patrones ရေနံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက” ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ငန်းသုံး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့တဲ့အတွက် ကျွန်မတို့ ၀န်ထမ်းသုံးဦး သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့ ၀န်ထမ်းသုံးဦးက ကျွန်မတို့ကုမ္ပဏီနဲ့ sub contractor ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးခန့်ထားတဲ့ ၀န်ထမ်းတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့နောက်ဆက်တွဲ လျော်ကြေးပိုင်းဆိုင်ရာ ကိစ္စတွေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း sub contractor ကုမ္ပဏီတွေ နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ရဟတ်ယာဉ်ပျက်ကျတဲ့နေ့ မှာပဲ ပင်လယ်ပြင်ကို သွားရောက် လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပင်လယ်ပြင် ရဟတ်ယာဉ်ဆယ်ယူမှု အပိုင်းကိုလည်း ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ရှင်းပြခဲ့သည်။
“ဇူလိုင်လ ၁၁ရက်နေ့မှာ ရဲတံခွန် ပလက်ဖောင်းမှာ ရဟတ်ယာဉ် ပျက်ကျတယ်။ သုံးယောက်သေတယ်လို့ သိရတယ်။ သေဆုံးသူတွေ က MOGE  က ၀န်ထမ်းတွေ မဟုတ်ပါဘူး။ မလေးရှားရေနံကုမ္ပဏီဖြစ် တဲ့ Patrones ကုမ္ပဏီက ၀န်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းက ပြည်ပကုမ္ပဏီနဲ့ အစိုးရတို့ အကျိုးတူ ပူပေါင်းလုပ်ကိုင်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်”ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
သေဆုံးသူသုံးဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၁၂ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည် သယ်ယူခဲ့ကြောင်းနှင့် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ပေါ်တွင် မြန်မာလူမျိုးများနှင့် နိုင်ငံခြားသားများ ပါဝင်ပြီး သေဆုံး သူသုံးဦးမှာ မြန်မာလူမျိုးများဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ