ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ နေပြည်တော်၌ ဇူလိုင်လ ၂၇ ရက် နေ့က တွေ့ဆုံခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယင်းတွေ့ဆုံမှုတွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့်အမှာစကား အနည်းငယ်ပြောကြားပြီးနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများအား တစ်ပါတီလျှင် နှစ်မိနစ်စီ ပြောဆိုတင်ပြခွင့် ပြုခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများက ရရှိသည့် နှစ်မိနစ်အတွင်း မိမိတင်ပြလိုသည်များ ကို ကြိုးစားတင်ပြခဲ့ကြောင်း၊ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိဂုံးချုပ် အမှာစကားကို ၁ နာရီ ၁၅ မိနစ် ကြာ ပြောကြားခဲ့ရာတွင် တပ်မတော် ၏ အခန်းကဏ္ဍကို အကျယ်တ၀င့် ထည့်သွင်းပြောကြားခဲ့ကြောင်း တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများထံမှ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက တက်ရောက်လာသည့် နိုင်ငံရေးပါတီများ မှ တာဝန်ရှိသူများအား ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ရှင်းပြပြီး ကျင့်သုံးလိုက်နာရန် ပြောကြားခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ယခုကဲ့သို့ တွေ့ဆုံရှင်းပြခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း၊ လာမည့်ကြားဖြတ် ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပမည် ဆိုသည်ကိုလည်း မပြောပြခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၃၆ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့သည့် အားနည်းချက်၊ အမှားအယွင်း၊ လုပ်ပုံကိုင်ပုံတို့ကိုလည်း နိုင်ငံရေးပါတီများက တင်ပြခဲ့ပြီး အလားတူဖြစ်ရပ်မျိုး လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မကြုံ တွေ့စေရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ပြောကြားချက်အရ သိရှိ ရသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မတ်လ ၃၀ ရက်နေ့ တွင် အသစ်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးတင်အေး၊ အဖွဲ့ဝင်များမှာ ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက် တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ဖြစ်သည်။
ယင်းတွေ့ဆုံမှုတွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့်အမှာစကား အနည်းငယ်ပြောကြားပြီးနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများအား တစ်ပါတီလျှင် နှစ်မိနစ်စီ ပြောဆိုတင်ပြခွင့် ပြုခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများက ရရှိသည့် နှစ်မိနစ်အတွင်း မိမိတင်ပြလိုသည်များ ကို ကြိုးစားတင်ပြခဲ့ကြောင်း၊ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိဂုံးချုပ် အမှာစကားကို ၁ နာရီ ၁၅ မိနစ် ကြာ ပြောကြားခဲ့ရာတွင် တပ်မတော် ၏ အခန်းကဏ္ဍကို အကျယ်တ၀င့် ထည့်သွင်းပြောကြားခဲ့ကြောင်း တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများထံမှ သိရသည်။
နိုင်ငံရေးပါတီများအား တစ်ပါတီလျှင် နှစ်မိနစ်စီ ပြောဆိုတင်ပြခွင့် ပြုခဲ့ကြောင်း |
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့သည့် အားနည်းချက်၊ အမှားအယွင်း၊ လုပ်ပုံကိုင်ပုံတို့ကိုလည်း နိုင်ငံရေးပါတီများက တင်ပြခဲ့ပြီး အလားတူဖြစ်ရပ်မျိုး လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မကြုံ တွေ့စေရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ပြောကြားချက်အရ သိရှိ ရသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မတ်လ ၃၀ ရက်နေ့ တွင် အသစ်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးတင်အေး၊ အဖွဲ့ဝင်များမှာ ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက် တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ဖြစ်သည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။