Welcome to my blog :)

rss

Sunday, July 31, 2011

ယခု ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတပြီး မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကတိပေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတပြီး မှန်မှန်ကန်ကန် ဖြစ် အောင် လုပ်သွားမည်ဟု နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား ကတိပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ နေပြည်တော်၌ ဇူလိုင်လ ၂၇ ရက် နေ့က တွေ့ဆုံခဲ့ရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
“အမှားအယွင်း မရှိရအောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကော်မရှင်အဆင့်ဆင့်ကို သင်တန်းတွေ ပေးနေပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတအောင်၊ မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်သွားမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေးခဲ့ပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ တွေ့ဆုံပွဲသို့ နိုင်ငံ ရေးပါတီ ၃၆ ပါတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ၊ နိုဝင် ဘာလခန့်တွင်ကျင်းပနိုင်မည်ဟု ခန့် မှန်းကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူက ပြည် သူ့လွှတ်တော်၌ မတ်လ ၁၄ ရက်နေ့ တွင် ရှင်းလင်းဖြေကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ရှိသည့်အနက် ၃၂၅ နယ်တွင်လည်းကောင်း၊ အမျိုး သားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ တွင်လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်(တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ ခုအပါအ၀င်) ၆၇၃ ရှိသည့်အနက် ၆၆၁ နယ်တွင် လည်းကောင်း ၂၀၁၀ ပြည့်နှစ် နို ၀င်ဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ