Welcome to my blog :)

rss

Sunday, July 24, 2011

ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၆၀၀ အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

AddThis Social Bookmark Button
b41607
အမေရိကန်နှင့် ယူရိုဇုန် ကြွေးမြီ အကျပ်အတည်းများ အပေါ် ပိုမို စိုးရိမ်လာသောကြောင့် ရွှေကို ရင်းနှီးမြှုပ်နှံမှု မြင့်တက်စေခဲ့ပြီး ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၆၀၀ အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။
ဇူလိုင်လ ၁၈ ရက်နေ့က လန်ဒန် ကုန်စည်ဈေးကွက်တွင် ရွှေတစ်အောင်စ ၁၆၀၀ ဒသမ ၁ ဒေါ်လာ အထိ ခုန်တက်သွားခဲ့သည်။ ကြွေးမြီ အကျပ်အတည်းနှင့် ကျပ်တည်း၍ နိုင်ငံရေးသမားများ ကိုင်တွယ်နိုင်စွမ်း အပေါ် ယုံကြည်မှု လျော့ကျလာသောကြောင့် ရင်းနှီးမြှုပ်နှံ သူများသည် ရွှေကို ယုံကြည် စိတ်ချရသော ရင်းနှီးမြှုပ်နှံမှု အဖြစ် ၀ယ်ယူလာကြကြောင်းမှ ဈေးကွက်ကျွမ်းကျင်သူ မိုက်ကယ်လျူဆန်က ပြောကြားခဲ့သည်။ ယူရိုငွေကြေး သုံးစွဲသော နိုင်ငံများသည် ကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းရန် ယခုတစ်ပတ် အတွင်း ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။ ဂရိ ကြွေးမြီ အကျပ်အတည်းကြောင့် ယူရိုငွေကြေး သုံးစွဲသော နိုင်ငံများ စီးပွားရေး ကျပ်တည်း လာမည်ကို စိုးရိမ်နေကြရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် နိုင်ငံရေး သမားများက အစိုးရ ကြွေးမြီ လျော့ချရေး အတွက် အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ လျော့ချမည့် သမ္မတ အိုဘားမား၏ အစီအစဉ်ကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။ ဧပြီလ ၂၉ ရက်နေ့က တစ်အောင်စ ၁၅၆၃ ဒသမ ၇ ဒေါ်လာထိ စံချိန်တင်ခဲ့ပြီး စံချိန်သစ် ထပ်တင်ခဲ့သော ရွှေဈေးသည် တစ်အောင်စ ၁၇၀၀ ဒေါ်လာထိ ရောက်ရှိနိုင်ကြောင်း GoldCore က ခန့်မှန်းခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ