Welcome to my blog :)

rss

Sunday, July 24, 2011

မတရား အချုပ်ခံရသည့်အတွက် လျော်ကြေးရလိုပါက တစ်နှစ်အတွင်း တောင်းခံရမည်

AddThis Social Bookmark Button

4163
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားရုံးများရှိရာ စုပေါင်းရုံးရှေ့ကို ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်
မတရား အချုပ်ခံရသည့်အတွက် လျော်ကြေးငွေရလိုမှုဖြင့် တရားစွဲဆို လိုပါက တစ်နှစ်အတွင်း စွဲဆိုရမည် ဖြစ်ကြောင်း သိရသည်။
မတရား အချုပ်ခံရသည့် အတွက် လျော်ကြေးငွေရလိုမှုဖြင့် တရားစွဲဆိုလိုပါက ထိုအချုပ်မှ လွတ်သည့် နေ့ရက်မှစ၍ တစ်နှစ်အတွင်း တရားစွဲဆိုရမည် ဖြစ်ကြောင်း ကာလ စည်းကမ်းသတ်ဥပဒေအရ သိရသည်။
ထိုသို့ တရားစွဲဆိုရမည်ဖြစ်ကြောင်းကို ကာလစည်းကမ်းသတ် ဥပဒေပါ ကာလစည်းကမ်းသတ် ဇယား ပထမဇယား ပထမကဏ္ဍ၊ တရားမကြီးအမှုများ ဇယားပါ အပိုဒ် ၁၉ အရ သိရသည်။
တရားမကြီးမှုအတွက် သို့တည်းမဟုတ် အယူခံမှုအတွက် သို့ တည်းမဟုတ် လျှောက်ထားမှုအတွက် ပြဋ္ဌာန်းထားသော စည်းကမ်း သတ်ကာလ အပိုင်းအခြားကို ရေတွက်ရာတွင် စ၍ရေတွက်သည့်နေ့ရက်ကို ထုတ်ပယ်ရမည်ဖြစ်ကြောင်း စည်းကမ်းသတ် ကာလအပိုင်းအခြား ရေတွက်ခြင်းအခန်းတွင် ဆိုထားသည်။
ထို့အတူ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရဟုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက် အပြည့်အစုံမှာ  နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်း မပြုရကြောင်း သိရသည်။
ထို့အပြင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီ မှတစ်ပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ပင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
“တစ်ဦးတစ်ယောက်က စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှားစီရင်တာ ကိုခံရရင်ဖြစ်ဖြစ် အမှုကနေ အပြီးအပြတ်လွှတ်တာကို ခံရရင်ဖြစ်ဖြစ် အဲဒီလို စီရင်တဲ့စီရင်ချက် ဒါမှမဟုတ် အပြီးအပြတ် လွှတ်တဲ့စီရင်ချက်ကို အဆင့်မြင့်တရားရုံးက ပယ်ဖျက်ပြီး အမှုကို အသစ်တဖန် ပြန်စစ်ဖို့အမိန့်ချတဲ့ အခါကလွဲရင် အဲဒီပြစ်မှုအတွက် အဲဒီသူကို ထပ်မံစစ်ဆေးခြင်း မပြုရပါဘူး။ ဒါကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်” ဟု လုပ်သက် နှစ် ၃၀ ရှိ တရားရုံးလွှတ်တော် ရှေ့နေတစ်ဦးက ဆိုပါသည်။
ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူ တစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရှိစေရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှု ထင်ရှားစီရင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၅ နှင့် ၃၇၃တို့ ၌ ပြဋ္ဌာန်းထားသည်။  ဟိန်းမင်းလတ်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ