Welcome to my blog :)

rss

Sunday, July 24, 2011

အာဇာနည်နေ့ကို လူအများ ပိုမိုအမှတ်ရ စိတ်ဝင်စားလာ

4161a
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၆၄)နှစ် မြောက် အာဇာနည်နေ့ကို လူအများ ပိုမို အမှတ်ရ စိတ်ဝင်စားလာကြောင်း သိရသည်။ အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တို့တွင် လာရောက်လေ့လာသူများ၊ အလေးပြု ဂါရ၀ပြုသူများဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့သည်။
ဗဟန်းမြို့နယ်ရှိ နေအိမ်အား ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့ပြီး နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့သည်။ ပြတိုက်ကို ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ပြတိုက်ထဲသို့ လက်ကိုင်အိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်း၊ လက်ဆွဲအိတ် စသည့်ပစ္စည်းများကို ယူဆောင်ခွင့် ကန့်သတ်ခဲ့သည်။
“ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဆိုတာကို ကြားဖူးပေမယ့် ငယ်ငယ်ကတည်းက တစ်ခါမှမရောက်ဖူးလို့ မကွေးကနေ မိသားစုလိုက်လာတာပါ။ ကလေးတွေ ကျောင်းပိတ်ရက် ဆက်တိုက်ဖြစ်တာနဲ့ လာဖြစ်သွားတာပါ။ လူလည်း ဒီလောက်များလိမ့်မယ်လို့ ထင်မထားဘူး။ ပြတိုက်ထဲမှာ ဖွင့်ထားတဲ့ ရေဒီယိုသီချင်းသံ၊ ထမင်းစားပွဲမှာ ခင်းထားတဲ့ ပဲပြုတ်နဲ့ နံပြားရယ်၊ ဗိုလ်ချုပ်အ၀တ်အစား တွေ၊ စာအုပ်တွေကိုမြင်တော့ အလိုလို ၀မ်းနည်းမိပါတယ်” ဟု မကွေး မြို့မှ လာရောက်ခဲ့သူတစ်ဦးက ဆိုပါ သည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်မှာလည်း လာတဲ့သူတွေနဲ့ စည်ကားနေတယ်။ အာဇာနည်ကုန်းမှာလည်း အလေးပြုဂါရ၀ပြုတဲ့ သူတွေနဲ့ ပြည့်နှက်နေပြီး အနီးတစ်ဝိုက်မှာလည်း ဂါရ၀ပြုဖို့ စောင့်နေတဲ့သူ တွေလည်း လမ်းမအပြည့်ပါပဲ . . .. . . လမ်းသွားရင်းနဲ့လည်း အာဇာနည်နေ့အကြောင်းပဲ ပြောနေသံတွေ ကြားရတယ်။ ဒါဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ . . .
ပြတိုက်အ၀င်ဝတွင် ဗိုလ်ချုပ်အသုံးပြုခဲ့သော မော်တော်ကား၊ ဗိုလ်ချုပ် အပန်းဖြေသည့်နေရာတွင် ဆေးလိပ်ပြာခွက်၊ အောင်ဆန်းဟု အမည်ထွင်းထားသည့်မီးခြစ်၊ စာအုပ်တစ်အုပ် နှင့်အဆိုပါ ပစ္စည်းသုံးမျိုးအား ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ဗိုလ်ချုပ်ငယ်စဉ် ကနေထိုင်ခဲ့သည့် နေအိမ်မှတ်တမ်း ဓာတ်ပုံများ၊ ငယ်စဉ်ဘ၀ ပညာသင် ကြားခဲ့သည့် ဘုန်းတော်ကြီးကျောင်း ပညာအရည်အချင်းမှတ်တမ်းများ၊ အောင်လက်မှတ်များ၊ ဗိုလ်ချုပ်မိသားစု ထမင်းစားပွဲတွင် ဗိုလ်ချုပ်၏လက်ရေးမူဖြင့် ရေးသားထားသည့် ‘ကြည်...  ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်’ ဆိုသည့် ဇနီးဒေါ်ခင်ကြည်သို့ ရည်ညွှန်းသည့်စာနှင့် ပြင်ဆင်ထားသည့် ပဲပြုတ်နှင့်နံပြား၊ ဗိုလ်ချုပ်၏ပုံတူ ကြေးရုပ်၊ ဗိုလ်ချုပ်နားထောင်ခဲ့သည့် ရေဒီယို၊ ဧည့်ခန်းအတွင်း အသုံးအဆောင်ပစ္စည်းများနှင့် ဗိုလ်ချုပ်၏ နိုင်ငံ့ခေါင်းဆောင်ဘ၀ ပြည်ပခရီး မှတ်တမ်းဓာတ်ပုံများ၊ ဟောပြောပွဲ ဓာတ်ပုံများ၊ မိသားစုဓာတ်ပုံများကို ပြသထားပြီး ပြတိုက်အပေါ်ထပ်တွင် ဗိုလ်ချုပ်နှင့် ဇနီးဒေါ်ခင်ကြည်တို့၏ အိပ်ခန်း၊ ဗိုလ်ချုပ်ဦးထုပ်များ၊ လက်ကိုင်တုတ်၊ အင်္ကျီ၊ ကုတ်အင်္ကျီနှင့်ပုဆိုး၊ ဖိနပ်များ ထည့်သွင်းထားသည့် ဗီရို၊ စာဖတ်ခန်းတွင် ဗိုလ်ချုပ်လေ့လာဖတ်ရှုခဲ့သည့် စာအုပ်များနှင့် စာအုပ်စာရင်းများ၊ အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည်တို့ အိပ်စက်ရာ ခုတင်များရှိသည့် အိပ်ခန်း၊ ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းကမ္ဗည်းတိုင်နှင့် အထူးအစည်းအဝေးခန်း စသည်တို့ကို ပြသထားသည်။
4161
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်
ပြတိုက်ခြံဝင်းအတွင်း၌လည်း ဗိုလ်ချုပ်စိုက်ပျိုးနေသည့် ပုံတူကြေး ရုပ်တုကိုပြသထားပြီး သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ခဲ့သည့် ရေကန်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ဗိုလ်ချုပ်ကျဆုံး ချိန်ထိ နေထိုင်ခဲ့သည့် အိမ်ဖြစ်သည်။
“ဗိုလ်ချုပ်ပြတိုက်ကို လာတာ ဒီနှစ်က ဒုတိယတစ်ခေါက်ပါ။ ဗိုလ်ချုပ်အိပ်ခန်းထဲက ဗိုလ်ချုပ်ရဲ့ အ၀တ်အစားဗီရိုကိုမြင်ရတာ ရင်အနင့်ဆုံးပါပဲ။ အဲဒါကို မြင်တော့ ဗိုလ်ချုပ် နိုင်ငံရေးသမား ဘ၀တုန်းက ဖြစ်သလိုနေရတယ်။ သူ့သေတ္တာမှာ အ၀တ်အစားက နှစ်စုံလောက်ပဲရှိပြီး ကျန်တာ နိုင်ငံရေးစာအုပ်တွေဆိုတာ ကို စာအုပ်ထဲမှာဖတ်ဖူးတာ သတိရမိတယ်။ ဗိုလ်ချုပ်မှာရှိတဲ့ အဆောင်အယောင်တွေကို ကြည့်ခြင်းအားဖြင့် သူ့မှာ နိုင်ငံလွတ်လပ်ရေးကလွဲရင် ဘာကိုမှမမက်မောခဲ့ဘူး ဆိုတာကို စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ မြင်ခွင့်ရခဲ့တယ်”ဟု အသက် ၂၈ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါသည်။
“ကျွန်တော် ဗိုလ်ချုပ်ပြတိုက်ကို ခုနစ်တန်းလောက်တုန်းက မိဘတွေနဲ့ အတူလာဖူးတယ်။ အခုအသက် ၂၀ မှာ ဒုတိယအကြိမ် ရောက်ဖြစ်ခဲ့တယ်။ အရင်တုန်းကတော့ ကလေးဆိုတော့ လွတ်လပ်ရေးဖခင်ကြီး နေခဲ့တဲ့နေရာ ကို လာတယ်ဆိုတာလောက်ပဲ သိခဲ့တယ်။ ဒါပေမယ့် အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ထက် ပိုပြီး လေးစားကြည်ညိုစရာကောင်းတဲ့ သူ ဘယ်သူမှမရှိဘူးဆိုတဲ့ အသိနဲ့လာတာဖြစ်သလို ပြတိုက်ထဲက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို ဖတ်ချင်တာလည်းပါ တယ်။ ခုချိန်မှာ ရွေးကောက်ပွဲဆိုတာ တွေကို ကျွန်တော်ဖြတ်သန်းခဲ့ဖူးပြီ။ ကိုယ့်ရဲ့အခွင့်အရေးဆိုတာကိုလည်း နားလည်ခဲ့ပြီဆိုတော့ အခုတစ်ခေါက် လာတာ ကျွန်တော့်အတွက်အများကြီး အဓိပ္ပာယ်ရှိပါတယ်”ဟု အသက် ၂၀ နှစ်အရွယ် ကိုသူရက ဆိုပါသည်။
ဗိုလ်ချုပ်ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်ရာ အခန်းထဲတွင် ဗိုလ်ချုပ်ပြောခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်သုံးခုကို ကျောက်ပြားတွင်ရေးထိုးကာ မှန်ဘောင်ဖြင့် ချိတ်ဆွဲထားသည်။ ဗိုလ်ချုပ်၏ မိန့် ခွန်းကောက်နုတ်ချက်တွင် “တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့ အကျိုး အတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရ ဖြစ်ရုံနဲ့ မပြီး သေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ စီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီဒီမိုကရေစီ အဆင့်အတန်း ရောက်အောင်ဘယ်လို အခြေခံတွေချမလဲ” ဟူသော မိန့်ခွန်းတစ်ခုလည်း ပါဝင်ပါသည်။ ယင်းကောက်နုတ်ချက်ပါသည့် မိန့်ခွန်းကို ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် ဖဆပလ ပဏာမပြင် ဆင်မှုညီလာခံတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တစ်နှစ်မှာ တစ်ရက်တည်းဖွင့်တဲ့ပြတိုက်ကို ဖွင့်တဲ့အချိန်မှာ ရောက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး လာရောက် လေ့လာခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုသိပါတယ်။ မြန်မာနိုင်ငံရဲ့ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ပါ။ သူနေခဲ့တဲ့ အိမ်ထဲမှာ မြန်မာနိုင်ငံရဲ့သမိုင်းတွေ အဖြစ်အပျက် အငွေ့အသက်တွေ ကျန်ရှိနေ မှာပါ။ အခုဒီအိမ်ထဲကို ၀င်ရောက် ကြည့်ရှုခွင့်ရတော့ စိတ်လှုပ်ရှားမိပါတယ်”ဟု ပြတိုက်သို့ လာရောက်လေ့လာသူ ဗြိတိန်နိုင်ငံသားတစ်ဦးက ပြောပါသည်။
“ငယ်ငယ်တုန်းက အာဇာနည်နေ့အကြောင်းကို စာထဲမှာ သင်ရ သလောက်ပဲ သိခဲ့ရတယ်။ အခုနောက် ပိုင်း သတင်းမီဒီယာတွေကတစ်ဆင့် အာနည်နေ့အကြောင်း ကျယ်ကျယ်ပြန့် ပြန့်ဖော်ပြလာတယ်။ အဲဒီလိုတွေ ဖတ်ရတော့ သမီးတို့သူငယ်ချင်းတွေ အားလုံးစိတ်ထဲမှာ ဒီနေ့ကပိုပြီး အဓိပ္ပာယ် ရှိလာခဲ့တယ်။ ဒါကြောင့် သူငယ်ချင်းတွေစုပြီး အာဇာနည် ဗိမာန်ကိုသွားပြီး ဂါရ၀ပြုကြတာပါ။ ဗိုလ်ချုပ်ပြတိုက်ကိုလည်း သွားခဲ့ပြီးပြီ။ ဒီလိုသွားတဲ့အခါ လူတွေအရမ်းများတာ တွေ့ရတော့ အံ့သြမိတယ်။ သမီး တို့လိုရွယ်တူတွေအပြင် ကိုယ့်ထက် ငယ်တဲ့ မောင်လေး ညီမလေးတွေ လည်း တွေ့ရတယ်”ဟု အာဇာနည် ဗိမာန်သို့ အုပ်စုလိုက်လာရောက်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးက ဆိုပါသည်။
အာဇာနည်ဗိမာန်ကိုလည်း အများပြည်သူ လာရောက်အလေးပြုနိုင်ရန် ဖွင့်လှစ်ပေးထားခဲ့သည်။ အဆိုပါ အာဇာနည်ဗိမာန်သို့နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များနှင့် ပြည်သူအများအပြား လာရောက် ဂါရ၀ပြုခဲ့ကြသည်။
အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရ၀ပြုရာတွင် ဗဟန်းမြို့နယ်ရှိ လင့်ခ်လမ်းမှတ်တိုင်မှ ရွှေတိဂုံဘုရား သို့သွားသည့်လမ်းအား ပိတ်ထားကာ လုံခြုံရေးစစ်ဆေးမှုပြုလုပ်ပြီး ၀င်ခွင့်ပေးခဲ့သည်။ အာဇာနည်ဗိမာန်သို့ သွားရောက်ရာတွင် ဗိုလ်ချုပ်ပြတိုက်နည်းတူ ကင်မရာ၊ လက်ကိုင် ဖုန်းနှင့် အိတ်တို့ကို ယူဆောင်ခွင့် မပြုခဲ့ဘဲ ပြည်သူများမှ ဂါရ၀ပြုရန် အတွက်ပန်းများကိုလည်း ယူဆောင်ခွင့်ပြုမထားပေ။
ဝင်ခွင့်ပြုသည့်နေရာမှ အာဇာနည်ဗိမာန် ၀င်ပေါက်အထိ သွားကြရပြီး ၀င်ပေါက်တွင် ထပ်မံတန်းစီရ ကာ စစ်ဆေးရေးဂိတ်တစ်ခုကို ထပ်မံဖြတ်သန်း သွားရသည်။ ထို့နောက် အာဇာနည်ဗိမာန်သို့ မရောက်မီတွင် ထပ်မံစောင့်ဆိုင်းရပြီး အုပ်စုတစ်စုချင်းစီကို ဂါရ၀ပြုနိုင်ရန် စီစဉ်ပေးထားသည်။ အာဇာနည်ဗိမာန် ရှေ့အရောက်တွင် ရောက်ရှိလာသူများအား သတိအနေအထားဖြင့်နေရန် အသံချဲ့စက်မှ တိုင်ပေးခဲ့ပြီး ‘ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု’ဟု အသံချဲ့စက်မှ ထပ်မံ တိုင်ပေးခဲ့ပြီးနောက် မိနစ်ဝက်မျှ ငြိမ်သက်စွာ အလေးပြုခဲ့ပြီးနောက် ရှိခိုးဦးချပြုလိုသူများက ဦးချဂါရ၀ပြုကြသည်။
“ အာဇာနည်ဗိမာန်ကို ရွှေတိဂုံ ဘုရားလာတိုင်း ကားပေါ်ကနေဂါရ၀ ပြုဖြစ်ပါတယ်။ လူကိုယ်တိုင်လာ ရောက်ရတာကတော့ ဒါ ပထဆုံးအကြိမ်ပါ။ အခုလို ဂါရ၀ပြုခွင့် ရတာကို အရမ်းဝမ်းသာကျေနပ်ပါ တယ်”ဟု အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးက ဆိုပါသည်။
အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရ၀ပြုလိုသူများ အလွန်များပြားခဲ့ပြီး ၀င်ခွင့်ပြုသည့် ဂိတ်ထားရှိရာအနီးတွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီ ကျော်အထိ လူအများ အပြား တန်းစီ စောင့်ဆိုင်းနေကြရသည်။
“ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်မှာလည်း လာတဲ့သူတွေနဲ့ စည်ကားနေတယ်။ အာဇာနည်ကုန်းမှာလည်း အလေးပြု ဂါရ၀ပြုတဲ့သူတွေနဲ့ ပြည့်နှက်နေပြီး အနီးတစ်ဝိုက်မှာလည်း ဂါရ၀ပြုဖို့ စောင့်နေတဲ့သူတွေလည်း လမ်းမအပြည့်ပါပဲ။ စနစ်တကျတန်းစီပြီး စောင့်နေကြတယ်။ အရင်နှစ်တွေနဲ့မတူဘဲ မကြုံစဖူးထူးခြားပြီး များပြားခဲ့တာ တွေ့ရပါတယ်။ လမ်းသွားရင်းနဲ့လည်း အာဇာနည်နေ့ အကြောင်းပဲ ပြောနေသံတွေ ကြားရတယ်။ ဒါဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို မေ့မရဘူးဆိုတာ ကိုပြနေတာပါ”ဟု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် အာဇာနည်ကုန်းသို့ သွားရောက်ခဲ့သူ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးက ပြောပါသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံရမှုကြောင့် ကျဆုံးခဲ့သည့် ဗိုလ်ချူပ်အောင်ဆန်း နှင့်တကွ အာဇာနည်ကိုးဦးအား ဂုဏ် ပြုသည့်အနေဖြင့် နှစ်စဉ်အာဇာနည် နေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အစိုးရရုံးများနှင့် ကျောင်းများတွင် နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူခြင်းများ ပြုလုပ်ကြသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ