Welcome to my blog :)

rss

Sunday, July 24, 2011

ပြည်ပထွက်ခွာ နိုင်ငံသားများ၏ လေဆိပ်အခွန်နှုန်းထား တိုးမြှင့်လိုက်မှုနှင့်အတူ လေဆိပ်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုများ အထိုက်အလျောက် ပိုမိုကောင်းမွန်လာစေရန် ခရီးသွား အများစုဆန္ဒရှိနေ

4165
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းပိုင်း တစ်နေရာကို တွေ့ရစဉ်
ပြည်ပထွက်ခွာ နိုင်ငံသားများ၏ လေဆိပ်အခွန် (Airport Tax) အားတိုးမြှင့်လိုက်မှုနှင့်အတူ လေဆိပ် ပိုင်းဆိုင်ရာဝန်ဆောင်မှုများပါ အ ထိုက်အလျောက် ကောင်းမွန်လာစေ ရန် ခရီးသွားအများစု ဆန္ဒရှိလျက်ရှိ ကြောင်း
သိရှိရပါသည်။
ပြည်ပထွက်ခွာ နိုင်ငံသားတိုင်း လေဆိပ်အသုံးပြုခ အဖြစ်ပေးဆောင် ရသည့် လေဆိပ်အခွန်(Airport Tax) ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့မှစ၍ ငွေကျပ် ၃၀၀၀ မှ အမေ ရိကန်ဒေါ်လာ ၁၀ သို့ တိုးမြှင့်
ကောက်ခံလျက်ရှိသည်။
လေဆိပ်အခွန်အား ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ရက်နေ့က နိုင်ငံ သားများ၏ Airport Tax ကို ငွေ ကျပ် ၅၀၀ ကျပ်မှ သုံးထောင်ကျပ် သို့ လည်းကောင်း၊ နိုင်ငံခြားသား များအတွက် အမေရိကန်ဒေါ်လာ ငါး ဒေါ်လာမှ
အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာသို့ တစ်ကြိမ်ပြောင်းလဲကောက်ခံမှုရှိခဲ့ရာမှ တစ်နှစ်တာအ တွင်း Airport Tax ပြောင်းလဲကောက် ခံမှု နှစ်ကြိမ်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ Airport Tax အား ငွေကျပ် ၃၀၀၀ မှ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ တိုးမြှင့်ကောက်ခံမှုအတွက် လေဆိပ်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုများကိုလည်း အထိုက်အလျောက် တိုးမြှင့်ပေးရန် ခရီးသွားအများစုဆန္ဒ
ရှိလျက်ရှိကြောင်း သိရှိရပါသည်။
လေကြောင်းလိုင်းဖြင့် ပြည်ပ နိုင်ငံသို့ နိုင်ငံသားများ ထွက်ခွာမှု များပြားသည့် ရန်ကုန်လေဆိပ်တွင်     ခရီးသည်များအား ၀န်ဆောင်မှုပေးသည့် အပိုင်း၌ အားနည်းချက်အချို့ ရှိနေသေးကြောင်း သိရသည်။
“လေဆိပ်ရောက်လို့ အိတ်သယ်မယ်ဆိုရင် လှည်းက အဆင်သင့် မရှိဘူး။ Check-in လုပ်ပြီး အကြောင်း တစ်စုံတစ်ရာပေါ်လို့ ဖုန်းဆက်ချင်ရင် ဟန်းဖုန်းကို ဆက်လို့မရဘူး၊ ကြိုးဖုန်းပဲ ရတယ်။ အင်တာနက် သုံးချင်တယ်၊
သုံးလို့ မရဘူး”ဟု နိုင်ငံတကာသွား ခရီးသည် တစ်ဦးက ပြောပြခဲ့သည်။
ဝါရင့်လေယာဉ်မှူးကြီး တစ်ဦး ကလည်း “အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်အများစုမှာ ခရီးသည်တွေကို စိတ်ကျေနပ်လောက်တဲ့ ၀န်ဆောင်မှုမျိုး ပေးနိုင်ပါတယ်။ လေယာဉ် မထွက်ခင် ခရီးသည်
နားနေဖို့ သက်သောင့်သက် သာရှိတဲ့ ခုံတွေ၊ အခန်းတွေရှိတယ်။   တချို့ဆို ရေချိုးလို့တောင် ရတယ်။ အင်တာနက် access တွေ၊ mini theater တွေ၊ money changer တွေ စသဖြင့် ရှိတယ်။
အကြောင်းတစ်စုံတစ်ရာကြောင့် လေယာဉ် delay ဖြစ်ရင် ခရီးသည်တွေ လေဆိပ်ထဲမှာ လျှောက်ကြည့်ပြီး ၀ယ်နိုင်တဲ့ ဆိုင်တွေ၊  စိတ်ချမ်းချမ်းသာသာနဲ့ စောင့်နိုင်ဖို့ စီစဉ်ပေးထားတာတွေ အများကြီးပဲ”ဟု ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်၍ “ဟိုတစ်လောက ဖြစ်တဲ့ ရန်ကုန်လေဆိပ်ကွင်း ခဏပိတ်လိုက်ရတုန်းက ဟိုဘက်ကို ခရီးသည်တွေ
လှမ်းအကြောင်းကြားဖို့အတွက် အခက်အခဲရှိလို့ လေကြောင်းလိုင်းဝန်ထမ်းတွေ ရဲ့ ဟန်းဖုန်းနဲ့ နိုင်ငံခြားကို ပေးသုံးရတဲ့ အခြေအနေမျိုးတွေရှိတယ်။ ခရီးစဉ် delay ဖြစ်လို့ လေကြောင်းလိုင်း တွေက ၀န်ဆောင်မှုပေးချင်ရင်တောင် အပြည့်အ၀မပေးနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဥပမာ စားသောက်ဆိုင် လုံလုံလောက်လောက် မရှိတော့ delay ဖြစ်လို့ ခရီးသည်တွေကို အစားအသောက် free ပေးချင်ရင်တောင် အဆင်မပြေဘူး၊ delay ဖြစ်လို့ ဖုန်းဆက်ဖို့ ဖုန်းကတ် အလကားပေးချင်ရင်တောင် ဒီမှာ မသုံးနိုင်ဘူး။ ဒါတွေအများကြီးပဲ” ဟု သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်ပထွက်ခွာ နိုင်ငံသားများအတွက်  Airport Tax ကို ယခင်ထက် ပိုမိုတိုးမြှင့်လိုက်ပြီ ဖြစ်ရာခရီးသည်များ အနေဖြင့်လည်း လေဆိပ်အား ခရီးစဉ်ထွက်ခွာရန် သက်သက်သာသာ အသုံးပြုနေခြင်းထက်
အခြားသောဝန်ဆောင်မှုများလည်း ထပ်တိုးရရှိရန် ဆန္ဒရှိကြကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ