Welcome to my blog :)

rss

Sunday, July 31, 2011

ဆယ်လူလာဖုန်းကို ဂျီအက်စ်အမ်ဖုန်းနှင့် အကန့်အသတ်မရှိ လဲလှယ်ပေးနေ

ဆယ်လူလာဖုန်းကို ဂျီအက်စ်အမ်ဖုန်းနှင့် အကန့်အသတ်မရှိ လဲလှယ်ပေးနေပြီး အပိုငွေကြေး တစ်စုံတစ်ရာရယူပါက ရယူသည့် ၀န်ထမ်း အား အရေးယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆယ်လူလာ ဖုန်းလုံးရေ ငါးသောင်းဝန်းကျင်ကို သုံးစွဲလျက်ရှိပြီး မြန်မာနိုင်ငံ၌ မိုဘိုင်းစနစ်ကို စတင်ချိန်တွင် ဆယ်လူလာ ဖုန်းများကို လူကြိုက်များမှုကြောင့် အဆိုပါဖုန်းများ၏ ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၄၀၀၀ ထိ ဈေးနှုန်း ရှိခဲ့သည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဆယ်လူလာဖုန်းများကို ငွေကျပ် ၁၅ သိန်း ပေးသွင်းရသည့် ဂျီအက်စ်အမ်နှင့် CDMA  ဖုန်း အမျိုးအစားများဖြင့် လဲလှယ်လိုလျှင် ငွေကျပ် ငါးသိန်းပေးသွင်း၍ လည်းကောင်း၊ CDMA 800 MHz နေပြည်တော် ငါးသိန်းဖုန်းများနှင့်မူ ငွေပေးသွင်းရန်မလိုဘဲ တိုက်ရိုက် လဲလှယ်ပေးခဲ့သည်။
နောက်ပိုင်းတွင် ဆယ်လူလာဖုန်း သုံးစွဲသူများအား ငွေကျပ်ငါးသိန်းတန် GSM ဖုန်းဖြင့်သာ လဲလှယ်ပေးနေပြီး ထိုသို့လဲလှယ်ရာတွင် အပိုငွေကြေး တစ်စုံတစ်ရာပေးဆောင်ရန် မလိုဟု ဆိုသော်လည်း ငွေကျပ်တစ်သိန်းကျော် ပေးဆောင် လဲလှယ်ရကြောင်း၊ ဆယ်လူလာဖုန်း၏ ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်ကြောင်း ဖုန်းသုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။
“ဆယ်လူလာဖုန်း လဲချင်တဲ့သူတွေကို ရက်ကန့်သတ်မထားဘဲ လဲ ပေးမှာပါ။ လဲဖို့ကိုလည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ စုံစမ်းနိုင်ပါတယ်။ တကယ်လို့ ငွေပေးပြီး လဲရတယ်ဆိုရင် တိုင်ကြားနိုင်ပါတယ်။ အကျင့်ပျက်ဝန်ထမ်းကို အရေးယူသွားမှာပါ”ဟု ၎င်းက ပြောပြခဲ့သည်။
လက်ရှိတွင် ဆယ်လူလာဖုန်း လုံးရေ ၁၀၀၀ ကျော်ကို လဲလှယ်ပေး ပြီးဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ