Welcome to my blog :)

rss

Sunday, July 31, 2011

အထည်ချုပ် စက်ရုံများမှ ကုန်ချောများကို ဂျပန်နှင့် ကိုရီးယားသို့ အဓိကတင်ပို့ ၊ သုံးနှစ်တာကာလ အတွင်း အကောင်းဆုံးဈေးကွက် အနေအထားတစ်ခုသို့ ရောက်ရှိနေ

AddThis Social Bookmark Button 6443a
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံ များမှထွက်ရှိသော ကုန်ချောဖြစ်သည့် အထည်များကို ယခုလက်ရှိလပိုင်း၌ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများ သို့ အဓိက တင်ပို့နေရကြောင်း သိရှိ ရသည်။
အထည်ချုပ်လုပ်ငန်း၏ ဈေးကွက်အနေအထားမှာ ယခုနှစ်၏ လပိုင်း အခြေအနေနှင့် သုံးနှစ်ကာလ အတွင်း နှိုင်းယှဉ်ကြည့်ပါက ယခုအချိန်မှာ အကောင်းဆုံးဈေးကွက် အနေအထား တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အထည်ချုပ်စက်ရုံများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်ဒဂုံစက်မှုဇုန်မှ အထည်ချုပ် စက်ရုံတစ်ရုံ၏ တာဝန်ရှိသူတစ်ဦးကလည်း “အခုလက်ရှိအချိန်မှာ အော်ဒါလက်ခံရရှိတဲ့ အနေအထားကလည်း ကောင်းနေပါတယ်။ အထည်တွေကို အများဆုံးအားဖြင့် ကိုရီးယားနိုင်ငံကို တင်ပို့နေရပါတယ်။ အော်ဒါလက်ခံနှုန်းများနေတဲ့ အတွက်ကြောင့်မို့ ၀န်ထမ်းတွေကို နေ့ရော၊ ညပါ ဂျူတီဆင်းခိုင်း နေရပါတယ်။ တတ်ကျွမ်းတဲ့ ၀န်ထမ်းတွေလည်း လိုအပ်နေပါတယ်”ဟု ယခုလက်ရှိ ဈေးကွက်နှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

အထည်ချုပ်လုပ်ငန်း၏ ဈေးကွက်အနေအထားမှာ ယခုနှစ်၏ လပိုင်းအခြေအနေနှင့် သုံးနှစ်ကာလအတွင်း နှိုင်းယှဉ်ကြည့်ပါက ယခုအ ချိန်မှာ အကောင်းဆုံးဈေးကွက် အနေအထား တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း  .  .  .

လှိုင်သာယာစက်မှု ဇုန်အတွင်းရှိ Opal  အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူကလည်း “ကုန်ကြမ်းတွေ ကို အဓိကအားဖြင့် တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တင်သွင်းရပါတယ်။ အထည်ချုပ် စက်ရုံအနေနဲ့ အခုလပိုင်းမှာ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေက အော်ဒါတွေ အများအပြား ရရှိနေပါတယ်။ အခုဈေးကွက် အနေအထားကို သုံးနှစ်ဈေးကွက် အနေအထားနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ကောင်းလွန်းလို့ ခက်နေပါတယ်။ ဒီထက်ပိုပြီးတော့ စက်ရုံတွေ က ဈေးကွက်ပိုပြီးချဲ့နိုင်မယ်ဆိုရင် အလုပ်သမားတွေအတွက်လည်း အခွင့်အရေးတွေပိုပြီး ရနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံကို တင်ပို့ခွင့်ရမယ် ဆိုရင် အားလုံးအတွက် အများကြီး ကိုတိုးတက်လာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်နိုင်ငံကို ပို့ရတဲ့အထည်တွေက ပိုက်ဆံပိုရပြီးတော့ အရည်အသွေး စည်းကမ်းပိုင်းမှာ မကြပ်ဘူး။ ဥရောပနိုင်ငံတွေကို ပို့ရတဲ့အထည်တွေက ပိုက်ဆံတော့ ရပါတယ်။ အရည်အသွေးပိုင်းကတော့ အရမ်းတင်းကြပ်ပါတယ်။ အခု ဂျပန်အထည်တွေကျတော့ အရည်အသွေးလည်း အရမ်းကောင်းဖို့လိုတယ်။ ပိုက်ဆံလည်းရတယ်။ တောင်ကိုရီးယား အထည်တွေဆိုရင် အရည်အသွေး အသင့်တင့်နဲ့ ပိုက်ဆံအသင့်တင့် ရပါတယ်”ဟု လက်ရှိ အထည်ချုပ်ဈေးကွက်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။
6443
ပြည်ပနိုင်ငံများသို့ တင်ပို့မည့် အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်အား ဇူလိုင်လတတိယပတ်တွင် မြင်တွေ့ရစဉ်
ယခုလက်ရှိ အခြေအနေတွင် အထည်ချုပ် စက်ရုံများမှာ တတ်ကျွမ်းသည့် ၀န်ထမ်းများကို အပြိုင်အဆိုင် ခေါ်ယူနေပြီး စက်ရုံအချို့မှာ မိမိ၏၀န်ထမ်းများကို လစာတိုးပေးခြင်းများ ပြုလုပ်ခြင်းနှင့်အတူ စက်ရုံအချို့မှာလည်း ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန်အတွက် အဆိုပါဝန်ထမ်းများ လက်ရှိအချိန်တွင် ရရှိနေသည့် လစာထက်ပို၍ပေးကာ ခေါ်ယူလျက်ရှိကြောင်း ဈေးကွက်မှစုံစမ်းသိရှိရသည်။ ထို့ပြင် အထည်ချုပ်စက်ရုံ အချို့မှာလည်း ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ရန်အတွက် အခမဲ့စက်ချုပ် သင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ပြည်တွင်းရှိ အထည်ချုပ်စက်ရုံအချို့မှာ ကုန်ကြမ်းများကို တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အများဆုံး တင်သွင်းလျက်ရှိပြီး ကုန်ချောများကို ကိုရီးယားနိုင်ငံသို့ တင်ပို့ရကြောင်းနှင့် အထည်အချို့၏ ဈေးနှုန်း မှာ တစ်ထည်လျှင် ကိုရီးယားဝမ် ၁၅၉ယ၀၀၀ ဖြင့် ကိုရီးယားဈေးကွက်၌ ရောင်းချနေကြောင်း သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ