Welcome to my blog :)

rss

Wednesday, May 4, 2011

အိုစမာဘင်လာဒင် သေဆုံးမှု သတင်းဖေါ်ပြချက်များတွင် အနောက်အုပ်စု မီဒီယာတို့ သတင်းဓါတ်ပုံအတုအသုံးပြုခဲ့

ကမ္ဘာ့ထိပ်တန်းသတင်းတစ်ခုဖြစ်သော အယ်လ်ခိုက်ဒါးအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် အားအမေရိကန် အထူးတပ်ဖွဲ့ဝင်များက၀င်ရောက်တိုက်ခိုက်ကာ အသေဖမ်းဆီးရရှိမှုသတင်းတွင် အိုစမာဘင်လာဒင်၏ ရုပ်အလောင်းပုံကိုဖေါ်ပြရာ၌ သတင်းဓါတ်ပုံ အတုများကိုအသုံးပြုခဲ့ကြောင်း သတင်းရရှိပါသည်။







အထက်ဖေါ်ပြပါဓါတ်ပုံတွင် ဘယ်အစွန်ပုံနှင့် အလယ်ပုံ ၂ ခုကိုပေါင်းကာ တတိယပုံအဖြစ်အသွင်ပြောင်းပြီး သတင်းဓါတ်ပုံအဖြစ် ဖေါ်ပြခဲ့ကြပါကြောင်း  Steve Watson က Infowars.com မှာဖေါ်ပြခဲ့ပါတယ် ။ဒီသတင်းဟာ တောမီးပမာ အလျှင်အမြန် ပျံ့နှံ့လာပြီးတဲ့နောက်မှာတော့ ဒီသတင်းဓါတ်ပုံတွေကို သက်ဆိုင်ရာသတင်းဌာန အသီးသီးက ၄င်းတို့ရဲ့ ၀က်ဘ်ဆိုဒ်များမှာ ပြန်လည်ပယ်ဖျက်ခဲ့ကြကြောင်း သိရပါတယ် ။



ဒီသတင်းဓါတ်ပုံကိုဖေါ်ပြ ခဲ့တဲ့သတင်းဌာနတွေဟာ ကမ္ဘာပေါ်မှာထင်ရှားတဲ့သတင်းဌာန တွေဖြစ်ပြီး ဒီအထဲမှာThe Mail, Times, Telegraph, Sun and Mirror websites တွေပါဝင်ခဲ့ပါတယ် ။ယခုအခါမှာ အဆိုပါသတင်းဌာနအသီးသီးက ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း အင်တာနက်ပေါ်တွင် အမြောက်အများပျံ့နှံ့ခဲ့ပြီးဖြစ်ကြောင်း လည်းသိရှိရပါတယ်။


လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ခဲ့ထဲက သတင်းမီဒီယာ တွေမှာပျံ့နှံ့ခဲ့တဲ့ ဘင်လာဒင်ရဲ့ပုံကို အသုံးပြုပြီး ဖိုတိုရှော့နည်းပညာကို အသုံးပြုကာ ဖန်တီးထားတာဖြစ်ပြီး ဒီသတင်းဓါတ်ပုံကို သမ္မတအိုဘားမားက အိုစမာကို ဖမ်းမိကြောင်းကြေငြာတာနဲ့တပြိုင်နက် ဒီသတင်းဓါတ်ပုံကို သတင်းဌာကြီးတွေက တပြိုင်နက် အသုံးပြုခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီသတင်းဟာ ကြိုတင်ဖန်တီးထားတယ်ဆိုတာပေါ်လွင်လာပြီး ဒီသတင်းဌာနကြီးတွေပေါ်မှာလည်း အယုံအကြည်ကင်းမဲ့သွားစေကြောင်း Steve Watson ဖေါ်ပြထားပါတယ် ။


Voice Of Myanmar

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ