Welcome to my blog :)

rss

Wednesday, May 4, 2011

အဆစ်နာခြင်း

အသက်အရွယ်အလိုက် ကလေးများတွင်ဖြစ်ပါက
ဤအရွယ်တွင် အဆစ်နာခြင်းသည် အမြဲတမ်း အရေးကြီးသည့် ကျန်းမာရေး ပြဿနာကြောင့် ဖြစ်တတ်သည်။ ဆရာဝန်ခေါ်ပါ လူငယ်များတွင် ဖြစ်ပါက သွေးကြောင့် ဖြစ်သော လေးဖက်နာ (Rheumatoid arthritis) ဖြစ်နိုင် သည်။ များသောအားဖြင့် နာတာရှည် ဖြစ်တတ်သည်။ လုပ်နေကျ လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်အနေ အထား၊ ရေရှည် လုပ်ရခြင်းကြောင့် အဆစ်နာခြင်းလည်း ဖြစ်နိုင်သည်။ နမူနာအားဖြင့် အိမ်သန့်ရှင်းရေး ၊အိမ်ခန်းအလှ ဆင်ခြင်း အလုပ်များ နေ့စဉ်လုပ်ရခြင်း၊ ဥယျာဉ်ပြုစုပျိုး ထောင်ခြင်းကို တောက်လျှောက် နှစ်ရှည်လများ လုပ်ကိုင်ရခြင်း စသည် တို့ကြောင့် အဆစ်နာခြင်း ဖြစ်နိုင်သည်။ အားကစားပြုလုပ်ရင်း ထိခိုက် ဒဏ်ရာရကာ အဆစ်နာခြင်းလည်း ဖြစ်နိုင်သည်။ ဓာတ်မှန်ရိုက်ဖို့ လိုအပ်တတ်သည်။ ခရီးရှည် လေယာဉ်တောက် လျှောက်စီးရခြင်း ကြောင့်လည်း နာတတ်သည်။ (လှုပ်ရှားမှုနည်းသော ကြောင့်ဖြစ်သည်။)
အသက်ကြီးသူများတွင်ဆိုပါက အရိုးပွန်းစားရောဂါ (Osteoarthritis) ကြောင့် ဖြစ်တတ်သည်။သဘာဝအတိုင်း အသက်အရွယ်ကြီး ရင့်လာခြင်းကြောင့် အဆစ်များ ပွန်းစားလာခြင်းဖြစ်သည်။ အခြားဖြစ်နိုင်သော အကြောင်း ရင်းများမှာ အဆစ်တစ်ခုတွင် အရိုးပွန်းစားမှု ရုတ်တရက် ချက်ချင်း ဖြစ်ပေါ်လာနိုင်သည်။ အတိတ်ကာလက အဆစ်ထိ ခိုက်ဒဏ်ရာ ရရှိခြင်းနှင့် အဆစ်ကို တာရှည် အသုံးပြုခြင်း ကြောင့်ဖြစ်သည်။ ထိုအခြေအနေ မျိုးကို ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သက်သာနိုင်သည်။ လုပ်နေကျ မဟုတ်သော နံရံ တွင် ဓာတ်ပုံ ပန်းချီကားများ ချိတ်ဆွဲ ရခြင်း အလုပ်၊ ပြတင်းပေါက် ဘောင်များ သန့်ရှင်းရေး လုပ်ရခြင်းတို့ ကြောင့်လည်း အဆစ်နာ တတ်သည်။ မိသားစုတွင် အရိုးပါးရောဂါ Osteoporosis ရာဇ၀င်ရှိသူ၊ အရိုး ကျိုးလွယ်ဖူးသူ အမျိုးသမီး ဖြစ်ပါက မီးယပ်သွေးဆုံး ပြီးသူတို့တွင် ဤဝေဒနာ ခံစားရတတ်သည်။ အရိုးသိပ် သည်းဆ တိုင်းတာ စစ်ဆေးခြင်း ပြု လုပ်ပါ။ အရိုးပါးရောဂါ ရှိနေပါက လဲကျခြင်း၊ လိမ့်ကျခြင်း ဖြစ်ရုံနှင့် အရိုး ကျိုးလွယ်သည်။ဆရာဝန်နှင့် တွေ့ပါ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ