Welcome to my blog :)

rss

Wednesday, May 11, 2011

စစ်ဆင်ရေးတွင် သုံးခဲ့သော အမေရိကန်၏ ထိပ်တန်းလျှို့ဝှက် ရဟတ်ယာဉ်





w63208
အဖွဲ့(၆) ကွန်မန်ဒိုများသည် ဘင်လာဒင် စစ်ဆင်ရေးတွင် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော အဆင့်မြှင့်တင်ထားသည့် အသံတိတ် ရဟတ်ယာဉ်များကို အသုံးပြုခဲ့မှုကြောင့် ပစ်မှတ်ရှိရာသို့ တိတ်ဆိတ်စွာ ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။
ဘင်လာဒင် ခြံဝင်းအတွင်း ဆင်းသက်ရာတွင် ပျက်ကျခဲ့သော ဘလက်ဟော့ ရဟတ်ယာဉ်တစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း ကျန်ရစ်ခဲ့သော အစိတ်အပိုင်းများအနက် အမြီးပိုင်းကို ရိုက်ကူးထားသော ဓာတ်ပုံများကို
လေ့လာခဲ့ပြီးနောက် စစ်ဘက်ရေးရာ ကျွမ်းကျင်သူများက ကောလာဟလအဖြစ်သာ ရှိခဲ့သော အသံတိတ်ရဟတ်ယာဉ် စီမံကိန်း ရှိနိုင်ကြောင်း သုံးသပ်စရာ ဖြစ်ခဲ့သည်ဟု အေဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။
အဆင့်မြင့် ပြင်ဆင်ထားသော အမြီးပိုင်းသည် အနောက်ဘက် ပန်ကာဒလက်များကို အသံဆူညံမှု လျော့ချရန် ဖန်တီးထားပြီး အဆင့်မြင့် နည်းပညာကုန်ကြမ်းများကို အသုံးပြုထားကာ အသံတိတ် Stealth တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် ကုန်ကြမ်းများနှင့် တူညီကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၀န်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး Lexingtion သိပ္ပံမှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒန်ဂူလီက ပြောကြားခဲ့သည်။ ''ဒါပထမဆုံးပါပဲ။ ခင်ဗျား တည့်တည့်ကို ရောက်လာနေပြီဆိုတာ သိမှာမဟုတ်ပါဘူး။ ခပ်နိမ့်နိမ့်မှာ မြန်မြန်ပျံရတဲ့ အတွက်ကြောင့် ဒါက အရေးကြီးပါတယ်။ ခင်ဗျားဆီကို လာနေတယ်ဆိုတာ အသံမကြားရရင် အချိန်မနှောင်းခင် တုံ့ပြန်နိုင်မှာ မဟုတ်ပါဘူး''ဟု ၎င်းက ပြောကြားသည်။ အထူးစစ်ဆင်ရေး လေကြောင်း ကျွမ်းကျင်သူတစ်ဦးက ပျက်ကျခဲ့သော ယာဉ်၏ ကျန်ရစ်သော အစိတ်အပိုင်းအရ စစ်ဆင်ရေးတွင် အသုံးပြုခဲ့သော ယာဉ်သည် ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို အဆင့်မြှင့်ထားသော ရဟတ်ယာဉ် ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်ဟု ပြောကြားခဲ့သည်။ အဘော့တာဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်နီးချင်းများက စစ်ဆင်ရေး ဖြစ်ပွားခဲ့သော ညတွင် ရဟတ်ယာဉ်များ ခေါင်းပေါ် မရောက်ခင် အချိန်ထိ အသံမကြားခဲ့ကြကြောင်း အေဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။
အဖွဲ့ (၆) အထူးတပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံ ဘာဂရမ်လေတပ် အခြေစိုက်စခန်းမှ ဂျာလာလာဘတ်ရှိ အခြေစိုက်စခန်း တစ်ခုသို့ ရောက်ရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံ အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေးကို ညလအရောင် အနည်းငယ် ရှိနေချိန်တွင် စီးနင်းရန် စီစဉ်ထားခဲ့သည်။ ရဟတ်ယာဉ်များ အနိမ့်ပျံသန်းပြီး ရေဒါရှောင်ရှားရန် အတွက် ညအချိန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရေဒါကို ရှောင်ရှားပြီး ခြံဝင်းဆီသို့
ပျံသန်းရာတွင် မြေပြင်နှင့် နီးကပ်စွာ ပျံသန်းခဲ့ပြီး တောင်ထူသော နေရာများကို ဖြတ်သန်း ပျံသန်းခဲ့သဖြင့် ပါကစ္စတန်စစ်ဘက်က မသိရှိခဲ့ကြပေ။
ဘင်လာဒင်ကို ၀င်ရောက်စီးနင်းခဲ့သော ထိပ်တန်းအထူးတပ်ဖွဲ့ (၆)
အမေရိကန် ထိပ်တန်း အထူးတပ်ဖွဲ့ဖြစ်သော Navy Seal တပ်ဖွဲ့ဝင်များကို အဖွဲ့(၁) မှ (၅)နှင့် အဖွဲ့ (၇) မှ (၁၀) ထိ ဖွဲ့စည်းထားပြီး အဖွဲ့(၆) မှာ အဖွဲ့အားလုံးတို့မှ ထိပ်တန်း အဖွဲ့ဝင်များနှင့် ပြန်လည်ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။ အိုစမာဘင်လာဒင်ကို ဖမ်းဆီးရေးအတွက် သမ္မတ အိုဘားမားက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့သော အဖွဲ့မှာ ထိုအဖွဲ့ (၆) ဖြစ်သည်။ ရှုပ်ထွေးခက်ခဲသော အခြေအနေအောက်တွင် ထက်မြက်စွာ
ဆောင်ရွက်နိုင်သော အဖွဲ့၏ ကျွမ်းကျင်မှုကြောင့် အထူးတပ်ဖွဲ့ Seal ၏ သမိုင်းတစ်လျောက်တွင် အဖွဲ့ (၆) ကို အဆင့်မြင့်ဆုံးသော စစ်ဆင်ရေးများ အတွက်သာ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း အဖွဲ့ဝင်ဟောင်းများက
နယူးယောက်တိုင်းမ်သို့ ပြောကြားခဲ့သည်။
အဖွဲ့၏ လေ့ကျင့်ရေးမှာ အလွန်ပြင်းထန်ပြီး အသက်ရှင်ကျန်ရစ်ဖွယ် မရှိသည်အထိ ခက်ခဲသည်။ ကယ်လီဖိုးနီးယားပြည်နယ် ကိုရိုနာဒိုတွင် ရေအောက် လေ့ကျင့်ရေး သင်တန်းကို ၆ လထိ တက်ရသည်။ ထိုအခြေခံသင်တန်းတွင် ရေအေးထဲတွင် ငုပ်လျှိုကူးခတ်ရပြီး ရွံ့ထဲတွင် သွားလာရခြင်း၊ မရပ်မနား ပြေးလွှားရခြင်း တို့ကို တစ်ပတ်လျှင် ၅ ရက်ခွဲ ဆောင်ရွက်ရပြီး ထိုအတောအတွင်း အိပ်ချိန်မှာ စုစုပေါင်း လေးနာရီသာ ရရှိသည်။ သင်တန်းသား အဖွဲ့ဝင်လောင်း ၈၀ ရာခိုင်နှုန်းခန့်မှာ ထိုလေ့ကျင့်ခန်းကို မဆောင်ရွက်နိုင်ဘဲ အနည်းဆုံး တစ်ဦးခန့် အသက် ဆုံးရှုံးရတတ်သည်။ ထိုအဆင့်ကို ကျော်လွန်မှသာ အဖွဲ့ဝင် ဖြစ်မည် ဖြစ်သည်။ ထိုနောက် လေ့ကျင့်မှုများ ထပ်မံ ဆောင်ရွက်ရသည်။  အဖွဲ့ (၆) အဖွဲ့ဝင်များသည် မြေပြင်အထက် မီတာ ၉၁၄၀ မှနေ၍ အောက်ဆီဂျင် မျက်နှာဖုံးစွပ် စွပ်ကာ လေထီးဖြင့် ခုန်ချရသည်။ ထို့နောက် ပင်လယ်အတွင်းရှိ စီးနင်းခံထားရသော သင်္ဘောကို ပြန်လည်ရရှိရန် ဆောင်ရွက်ရသည်။ ထိုလေ့ကျင့်မှုကို အဖွဲ့ဝင်များအနက် ထက်ဝက်ခန့်ကသာ ဆောင်ရွက်နိုင်သည်။ အဖွဲ့(၆) သည် အလွန်လျှို့ဝှက်ပြီး အိမ်ဖြူတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနကပင် အဖွဲ့ရှိနေမှုကို တိုက်ရိုက် အသိအမှတ်ပြုမှု မရှိကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ အဖွဲ့(၆) အဖွဲ့ဝင်များသည် ဘော့စနီးယားတွင် စစ်ရာဇ၀တ်သားများကို ရှာဖွေပြီး အာဖဂန်နစ္စတန်တွင် အချို့တိုက်ပွဲများ၌ ၀င်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ်က အမေရိကန် ဓားစားခံတစ်ဦးကို ပြန်လည် ကယ်တင်ရန် ကြိုးပမ်းရာတွင် အသက်ကယ်လှေဖြင့် ထွက်ပြေးသော ဆိုမာလီပင်လယ်ဓားပြ သုံးဦးကို ပစ်သတ်ခဲ့သည်။ အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးခဲ့သော အဖွဲ့တွင် ကွန်မန်ဒို ၇၉ ဦးနှင့် ခွေးတစ်ကောင် ပါဝင်ပြီး ဘင်လာဒင်၏ အိမ်ဝင်းကြီး အတွင်းသို့ ၀င်ရောက်ခဲ့သူ နှစ်ဒါဇင်ခန့်သည် စစ်ဆင်ရေး အောင်မြင်မှုအတွက် အဓိက ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ