Welcome to my blog :)

rss

Wednesday, May 4, 2011

ဆီးချိုသွေးချို ရောဂါကို လက်တွေ့ ကျကျ ကာကွယ် ကုသကြ (အပိုင်း ၂၃)

အထက် ဖော်ပြပါ အကြောင်းအ ချက်များ ကြောင့် စာရေး သူသည် ဆီးချို သွေးချို ရောဂါ ရှင်များအား သာမန် အားဖြင့် မည်သည့်  သစ်သီးကို မျှစားခွင့် မပြုခဲ့ပါ။ အထူးသဖြင့် သွေးချိုဓာတ် များ များပြား၍ မြင့်တက် နေစဉ် ကာလများတွင် သစ်သီး များကို မကျွေး ပါ။ သွေးချို ဓာတ်ထိန်းသိမ်းရေး ကောင်းလာ ချိန်တွင်မူ သစ်သီးများကို ချင့်ချိန်၍ စားခွင့်ပြု ပါသည်။
သွေးချို ဓာတ်ထိန်းသိမ်းမှု ကောင်းခြင်း၊ မကောင်း ခြင်းကို ၃ လတာ ကာလ အတွင်း သွေးချိုဓာတ်ကို တိုင်းတာ ကြည့်ခြင်း ဖြင့်လည်းကောင်း၊ HbA1C ဓာတ်ခွဲ စစ်ဆေးချက်များဖြင့် တိုင်းထွာဆုံးဖြတ် ကြရပါသည်။ ထို့ကြောင့် သစ်သီးကို အနည်းဆုံး ၃ လခန့်ရှောင်ခိုင်းပြီးမှ ပြန်လည်၍ ချင့်ချိန်စားခိုင်းပါသည်။ သွေးချို ဓာတ်ထိန်း သိမ်းမှု ကောင်း၊ မကောင်း ဆိုသည်မှာ ၂၀၁၁ ခုနှစ် အမေရိကန် ဆီးချို သွေးချိုရောဂါ အသင်းကြီး၏ အကြံပြုချက်အရ ဖော် ပြရလျှင်-
(၁) အစာမစားမီ သွေးချိုဓာတ် ၇၀ မှ ၁၃၀ mg/dl အတွင်းရှိလျှင်
(၂) အစာစားပြီး ၂ နာရီအတွင်း သွေးချိုဓာတ် ၁၈၀ mg/dl ထက်မကျော်လျှင်
(၃) HbA1C = ၇ရာခိုင်နှုန်းအောက် ရှိခြင်းကိုဆိုလိုပါသည်။
HbA1C သည် လွန်ခဲ့သော ၃ လတာကာလမှ သွေးချိုဓာတ်များ ပမာဏ၏ ပျမ်းမျှ ခြင်းကိုပြသည့်အတွက် ပိုမိုအသုံးကျ မှန်ကန်ပါသည်။ ၃ လအတွင်း အစာ မစားမီနှင့် အစာစားပြီး ဖောက်ကြည့် သောသွေးချိုဓာတ်များသည်အထက် ဖော်ပြပါ ပမာဏအတွင်း တစိုက်မတ် မတ်ရှိနေဖို့လိုပါသည်။ တစ်ခါတလေ သာ သွေးချိုဓာတ်ကိုဖောက်စေပြီး ၎င်းအချိန်ကာလများမှာပဲ သွေးချို ဓာတ်သည် မလိုလားအပ်သည့် ပမာဏ အတွင်းရှိနေခြင်းကို သွေးချိုဓာတ် ထိန်းသိမ်းမှုကောင်းသည်ဟု ပြောဆို သတ်မှတ်ရန်မူ ခက်ခဲပါသည်။ တစ်ပတ် လျှင် အနည်းဆုံးနှစ်ကြိမ်ခန့်တော့ သွေးချိုဓာတ်ဖောက်ယူစစ်ဆေးပြီး မှတ်တမ်းတင်ထားသင့်ပါသည်။ သွေးချိုဓာတ်ကောင်းလျှင် သစ် သီးများကို ချင့်ချိန်စွာ စားသုံးနိုင်ပါ သည်ဟု ဆိုရာ၌ လူကောင်းတစ်ဦး ကဲ့သို့ သစ်သီးများကို တစ်ထိုင်တည်း တဝကြီးမစားရန်ကို ဆိုလိုပါသည်။
ကျန်းမာရေးကောင်းကျိုးများ မည်မျှ ပင် ရနိုင်သည်ဆိုစေကာမူ သစ်သီး များတွင်ပါသော ဖရပ်တို့စ် သကြား ဓာတ်ကြောင့် သွေးချိုဓာတ်အနည်း အများကိုပြောင်းလဲစေသည်ကို စာရေး သူရော၊ ခွဲခြား စိတ်ဖြာ ကြည့်တတ် သော ရောဂါရှင်များပါ သတိပြုမိကြ ပါလိမ့်မည်။ ထို့ကြောင့် တဝကြီး စား၍တော့ မရနိုင်ပါ။ စားသင့်သော ပမာဏများကို အကြံပြုတင်ပြရလျှင်ပန်း သီးဆိုလျှင် တစ်ခြမ်း၊ စပျစ်သီးအကြီးဆိုလျှင် သုံးလုံး၊ စပျစ်သီး အသေးဆိုလျှင် ခြောက် လုံး၊ ကျွဲကောသီးဆိုလျှင် တစ်မြွှာ၊ ဖရဲသီး၊ သင်္ဘောသီးဆိုလျှင် ခပ်လတ်လတ် တစ်စိတ်၊ သရက်သီးဆိုလျှင် တစ်စိတ်၊ ဖီးကြမ်းငှက်ပျောဆိုလျှင် တစ်ခါ စားလျှင် တစ်လုံး၊ တစ်ပတ်လျှင် လေးရက်ခန့် ထက်မပိုဘဲ စားသုံးကြရန် အကြံပြု လိုပါသည်။
၎င်းပမာဏများကိုလည်း သုတေသန စာပေများမှ ရှာဖွေတင်ပြ ခြင်းဖြစ်ပါသည်။ ၎င်းပမာဏရှိသော သစ်သီးများသည်လည်း သွေးချိုဓာတ် ကို အနည်းနှင့်အများဆိုသလို တက် စေနိုင်သော်လည်း ပုံမှန်သောက်နေ သောဆေးများ၊ ပုံမှန်ပြုလုပ်နေသော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ဖြင့် တက်လာသည့် သွေးချိုပမာဏ ကို ထိန်းသိမ်း ထားနိုင်မည်ဖြစ်ပါသည်။ သစ်သီးကို မစားခြင်းကြောင့် သစ်သီး များမှရမည့် ပိုတက်စီယမ်ဓာတ်၊ အမျှင် ဓာတ်နှင့် ဓာတ်တိုးမှုဆန့်ကျင်ဓာတ် များကို ဟင်းသီးဟင်းရွက်များမှ အစား ထိုး၍ရနိုင်အောင် ဟင်းသီး ဟင်းရွက် များများ စားသုံးသင့်ကြပါသည်။
ဤ နေရာတွင် ဟင်းသီးဟင်းရွက်ဆိုသည် မှာ Vegetables ခေါ် ဟင်းသီးဟင်း ရွက်များကို ဆိုလိုပါသည်။ ဟင်းချက် ရာ၌ ဖြစ်စေ၊ အစိမ်းစားရာ၌ဖြစ်စေ အသုံးပြုသော ဟင်းသီးဟင်းရွက်များ ကို ဆိုလိုပါသည်။ ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ဟင်းနုနယ်ရွက်၊ ချဉ် ပေါင်ရွက်၊ ဂေါ်ရခါးရွက်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ မုန်လာဥ၊ ဆလပ်ရွက်၊ ဂေါ် ရခါးသီး၊ ခရမ်းချဉ်သီး စသည့် ဟင်းသီးဟင်းရွက်များကို ဆိုလိုပါ သည်။ အချို့သော ဆီးချိုသွေးချို ရောဂါ ရှင်များက ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံ (Fruits) များကို ရော ထွေးမှားယွင်း၍ မှတ်ယူတတ်ကြပါ သည်။
သစ်သီးဝလံများဆိုသည်မှာ ထမင်းဟင်းစားပြီးနောက် အချိုပွဲ တည်သည့်အနေဖြင့်လည်းကောင်း၊ အဓိက အစာများကြားတွင် အဆာ ပြေ စားသည့်အနေဖြင့်လည်းကောင်း စားသုံးသော သစ်သီးဝလံများကိုဆို လိုပါသည်။ အချိုဓာတ်ခေါ် ဖရပ်တို့စ် ပါဝင်ခြင်း၊ မပါဝင်ခြင်းက ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံတို့ကြား အဓိကခြားနားချက်ပင်ဖြစ်ပါသည်။ ချိုခြင်းဆိုရာ၌လည်း သကြားကဲ့သို့ ချိုခြင်းနှင့် ဟင်းသီးဟင်းရွက်တို့ ချိုခြင်း အရသာမတူသည်ကို လူတိုင်း ခွဲခြားသိနိုင်ကြပါသည်။ ထို့ကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ရောထွေး အမှတ်မမှားကြစေလိုပါ။ ဟင်းချက် ရာ၌ သုံးသလား၊ သကြားကဲ့သို့ချိုသ လားဆိုသော အချက်နှစ်ချက်ဖြင့် ယေဘုယျအားဖြင့် ခွဲခြားနိုင်မည်ဟု ယူဆပါသည်။
ပါမောက္ခ ဒေါက်တာတင့်ဆွေလတ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ