ဆီးချို သွေးချို ရောဂါရှင်များ စား  သုံးသင့် သည်များ၊ မစားသုံး သင့်သည် များကို တင်ပြ လက်စနှင့် အချိုဓာတ်  နှင့် ဆိုင်သော     အစားအစာများ အပြင် အခြားသတိပြုသင့်သော အစားအစာ များကိုလည်း တင်ပြလိုပါသည်။  သစ်သီးဝလံ အုပ်စုထဲတွင် မပါ သော ပြောင်းဖူးနှင့် ပတ်သက်၍ တင် ပြလိုပါသည်။  ပြောင်းဖူးစားလျှင် သွေး ချိုဓာတ်များ တက်နေသည်ကို အချို့ သော  ရောဂါရှင်များရော၊ စာရေးသူပါ သတိထားမိပါသည်။ အချို့သော ဆေးပညာ ဆိုင်ရာ  စာပေများသည် ယခုခေတ်ကာလ ဆီးချိုသွေးချိုရောဂါ ကပ်ရောဂါအသွင်  ပျံ့နှံ့ဖြစ်ပွားလာ ခြင်းမှာ ဖရပ်တို့ခ်ခေါ် သစ်သီးဝလံများ မှရသော  သကြားဓာတ်နှင့် Corn Syrup ခေါ် ပြောင်းဖူးမှရသော အချို ဓာတ်များကို အစား  အစာများကို ပြုပြင်ထုတ်လုပ်ရာ၌ ထည့်သွင်း အသုံး ချနေကြခြင်းကြောင့်  ဖြစ်သည်ဟု အဆိုပြုချက် တစ်ခုရှိပါသည်။
စာဖတ် သူများ ပြောင်းဖူးနှင့် ပတ်သက်၍  သတိပြုဖွယ် တစ်ချက်ကို တင်ပြရခြင်း ဖြစ်ပါသည်။ အငန်ဓာတ်နှင့် ပတ်သက်၍ လည်း  တင်ပြလိုပါသေးသည်။ အငန် ဓာတ်ခေါ် ဆိုဒီယမ်ကလိုရိုဒ်ဓာတ်ကို ငါးပိ၊  ငါးခြောက်၊ ငံပြာရည်များစသည့် အစားအစာများမှ ရပါသည်။ အသား ငါးများကို  သဘာဝထက်ပိုမိုကြာကြာ ခံအောင် ထိန်းသိမ်းထားရှိနိုင်ရန် အငန်ဓာတ်များကို  အသုံးချကြပါ သည်။ ယခုခေတ်စက်မှုထွန်းကားလာ သည့်ခေတ်တွင် အလွယ်တကူ အမြန်  စားသုံးရန် စီမံပြုလုပ်ထားသော အစား အစာများ (processed food) တွင်လည်း  အငန်ဓာတ်များ ပါဝင်ပါ သည်။ လူတစ်ဦး ကျန်းမာရေးနှင့် ညီ ညွတ်ရအောင်  ဆိုဒီယမ်ကလိုရိုဒ်ဓာတ် ကို တစ်နေ့ 4 gm လောက်သာ စား သင့်သည်ဟု  ဆိုနေကြသော်လည်း မြန်မာလူထုအတွင်း ပျမ်းမျှစားသုံးမှုမှာ 9gm  လောက်အထိရှိနေပါသည်။ မြန် မာပြည်သူလူထုသည် အငန်ဓာတ်ကို လိုသည်ထက်ပိုမို  စားသုံးနေကြပါ သည်။
ထို့ကြောင့်ဆီးချိုသွေးချိုရောဂါ  ရှင်များရော၊ လူထုတစ်ရပ်လုံးပါ အငန်လျှော့စားဖို့ လိုအပ်ပါသည်။ ထို့  ကြောင့် အထက်ဖော်ပြပါ ငါးပိ၊ ငါး ခြောက်၊ပုစွန်ခြောက်၊ ငံပြာရည်စသည့်  အစားအစာများ၊ အချိုမှုန့် (ဆိုဒီယမ် ဂလူတာမိတ်) ပါသော အစားအစာ များကို  လျှော့၍ စားသုံးရန် လိုအပ်ပါ သည်။ အစားအစာများ ပြင်ဆင်ရာ၌ ဟင်းများချက်ရာ၌  စားကောင်းရုံ သက်သက်လောက်သာ အငန်ဓာတ်ကို ထည့်သွင်းချက်ပြုတ်ပြီး၊  အပိုဆောင်း အငန်ဓာတ် ထည့်စားခြင်း (No added salt) ဥပမာ ငံပြာရည်၊ ငါးပိ  ရည်၊ ငါးပိကြော်များ ထပ်ထည့်စား ခြင်းများကို တတ်နိုင်သလောက်  ရှောင်ကြဉ်သင့်ကြပါသည်။  Fast food  ခေါ် အလျင်အမြန် အလွယ် တကူ  စားသုံးနိုင်ရန် ပြင်ဆင်ထုတ် လုပ်ထားသော processed food များဖြစ်သည့်  အာလူးကြော်များ၊ ငါးမုန့်ကြော်များစသည့် အစားအစာ များကို အတတ်နိုင်ဆုံး  သတိပြု၍ ရှောင်ရန်၊ လျှော့ရန် လိုအပ်ပါမည်။ ဆိုဒီယမ်ကလိုရိုဒ်ခေါ်  ဆားဓာတ်အစား ပိုတက်စီယမ်ကလိုရိုဒ်ခေါ် အစားထိုး ဆားများလည်း ဖြစ်နိုင်လျှင်၊  ရနိုင်လျှင် စားသုံးသင့်ကြပါသည်။
အငန်ဓာတ် စားသုံးမှု များခြင်းကြောင့်  သွေးတိုး ရောဂါဖြစ်နှုန်းများ မြင့်တက်လာပြီး၊ ဆီးချိုသွေးချိုရောဂါနှင့်  သွေးတိုးရောဂါ ပေါင်းပြီး၊ နှလုံးသွေးကြောရောဂါဖြစ် ခြင်း၊ လေဖြတ်ခြင်း၊  နှလုံးအလုပ် မလုပ်ခြင်းနှင့် ကျောက်ကပ်ပျက်စီး ခြင်းစသည့် ဆိုးကျိုးများ  ရနိုင်ပါသည်။ ထို့ကြောင့် သွေးချိုထိန်းသိမ်းရေးတွင်  ဆီးချိုသွေးချိုရောဂါတွင် ဖြစ်တတ် သော နောက်ဆက်တွဲ ရောဂါများ  ကာကွယ်ရေးအတွက်ပါ ထည့်သွင်း စဉ်းစားပြီး အငန်ဓာတ်ကို လျှော့၍ စားသုံးခြင်း  အလေ့အကျင့် ရရန် ကြိုးပမ်းဆောင်ရွက်သင့်ကြပါသည်။ အဆီဓာတ်နှင့် ပတ်သက်၍ လည်း  တင်ပြလိုပါသည်။ ပြည့်ဝဆီ များဖြစ်သော တိရစ္ဆာန်မှရသော ဆီ များဖြစ်သည့်  ဝက်ဆီ၊ အမဲဆီ၊ ကြက် အရေပြားမှ အဆီ၊ ဘဲအရေပြားမှ အဆီ၊ ကလီစာများတွင် ကပ်ပါနေ  သော အဆီများ၊ ပုစွန်ဆီနှင့် စားသုံး ဆီများကိုပါ အတတ်နိုင်ဆုံး လျှော့၍  စားသုံးကြရန်နှင့် ဖြစ်နိုင်လျှင် ရှောင် ကြဉ်ကြရန် အကြံပြုလိုပါသည်။  အခန်းအပူချိန်တွင်သာလျှင် အေးခဲ သွားနိုင်သော အဆီများကို ယေဘုယျ အားဖြင့်  ပြည့်ဝအဆီများဟု သတ်မှတ် နိုင်ပါသည်။ မစားသုံးသင့်သော အဆီများ တွင်  ပြန်ကြော်ဆီများကိုလည်း ထည့်သွင်းရှောင်ကြဉ်သင့်ပါသည်။
စားသုံး၍ရသော၊ သင့်သော အဆီများ ပင်  ဖြစ်လင့်ကစား၊ အထပ်ထပ် ပြန်ကြော်လျှင်  Trans Fat ခေါ် အဆီ ဓာတ်သို့  ဓာတ်ပြောင်းသွားပါသဖြင့် ဆီများကို အကြော်အလှော်များတွင် အသုံးပြုရာ၌  တစ်ခါထက်ပို၍ မသုံး သင့်ကြပါ။ ထပ်၍ထပ်၍ သုံးထား သော ဆီများဖြင့်  ကြော်လှော်ထား သော ဘူးသီးကြော်၊ ပဲကြော်၊ ဘယာ ကြော်၊ ကော်ပြန့်ကြော်၊ စမူဆာ  စသည့် အကြော်အလှော်များကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။  စားသုံးသင့်သည့် အဆီများ အနေဖြင့် ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊  သံလွင်ဆီများဖြစ်ကြပါသည်။ ပဲဆီများ ဆိုရာ၌ စားအုန်းဆီရောထားသော ဆီ  များမဖြစ်ဖို့ လိုအပ်ပါသည်။ လက်တွေ့ ဘဝတွင် ရနိုင်ရန် ခက်ခဲမည်လားဟု  သံသယဖြစ်မိပါသည်။ သံလွင်ဆီ များသည် နှလုံးသွေးကြောရောဂါများ  မဖြစ်စေရေးအတွက် အကောင်းဆုံး ဖြစ်သည်ဟု ဆိုကြသော်လည်း မြန်မာ  ပြည်သူလူထုအနေဖြင့် စားသုံးလေ့ လည်း မရှိကြသလို အလွယ်တကူ လည်း  နေရာတိုင်းမှာ မရနိုင်ကြပါ။
ဆီများနှင့် ပတ်သက်၍ သတိပြု ရန်  အချက်တစ်ချက်မှာ စားသုံးနိုင် သည့် ဆီများပင် ဖြစ်စေကာမူ၊ စား သုံးသည့်  ပမာဏကို သတိပြု ထိန်းသိမ်းရန် လိုအပ်ပါမည်။ တစ်နေ့ တာ ကယ်လိုရီဓာတ်  စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းထက်မကျော်လွန်းသော ကယ်လိုရီဓာတ်ကို  အဆီမှရသင့်သည် ဟု သိပ္ပံနည်းကျ အကြံပြုကြလေ့ ရှိ ပါသည်။  သို့ရာတွင်သာမန်လူထုအနေ ဖြင့် ၎င်းကဲ့သို့ ၃၀ ရာခိုင်နှုန်းကို တွက်ချက်ရန်  မလွယ်ကူလှပါ။ သို့ဖြစ် ပါ၍ယေဘုယျသဘောဆောင်ပြီးမှသာ လျှင် ဆီပြန်ဟင်းများ၊  ဆီဖြင့်ကြော် လှော်ထားသည့် အစားအစာများ စားသုံးခြင်းများကို သတိပြု  ထိန်းသိမ်း ကြရန် လိုအပ်ပါမည်။ အသား၊ငါးနှင့် ပတ်သက်၍ ငါးမှ ရသော  အဆီများနှင့် ငါးများကို စား သုံးနိုင်ပါသည်။ ကျန်းမာရေးအတွက် သင့်တော်ပြီး  အကျိုးရှိပါသည်။ အသား များစားသုံးရာ၌မူ red meat ခေါ်  အနီရောင်အသားများဖြစ်သော အမဲ သား၊ ဆိတ်သား၊ ဝက်သားများလျှော့ ၍  စားသုံးကြရန်နှင့် White Meat  ခေါ် အဖြူရောင်အသားများဖြစ်သော ငါးနှင့်  ကြက်သားများကို ပိုမိုစားသုံး သင့်သည်ဟု အကြံပြုလိုပါသည်a။
ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ




0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။