Welcome to my blog :)

rss

Wednesday, May 4, 2011

နှလုံး လုပ်ဆောင်အား ကျဆင်းခြင်း၏ လက္ခဏာ ရပ်များ

နှလုံး လုပ်ဆောင်အား ကျဆင်း ခြင်း Congestive Heart Failure ဆိုသည်မှာ နှလုံးက ခန္ဓာကိုယ် နေရာ အနှံ့အပြားသို့ သွေးများ ပို့ဆောင်ပေး ရန် ညှစ်ထုတ် နိုင်စွမ်း မကောင်းတော့ ခြင်းဖြစ်ပါတယ်။ အဲဒီအခါ အဆုတ်နဲ့ ခန္ဓာကိုယ် တစ်သျှူး တွေထဲမှာ အရည် တွေ စုဝေးခိုအောင်း လာစေပါတယ်။ Heart Failure ရောဂါဟာ အသက် အရွယ်ကြီး လာတာနဲ့အမျှ ပိုပြီးဖြစ် တတ်ပါတယ်။ လက်ရှိ အချိန်မှာ Heart Failure ကို ကုသနိုင်မှုမရှိသေး ပါဘူး။ Heart Failure ရဲ့ ရောဂါ လက္ခဏာ ရပ်တွေကို မှန်ကန်စွာ ကုသ မှုပေးမယ် ဆိုရင်တော့ သက်တမ်းစေ့ တက်ကြွစွာ ရှင်သန် နိုင်ပါတယ်။ နှလုံး လုပ်ဆောင် အား ကျဆင်း ခြင်း (Heart Failure) ၏ လက္ခဏာ ရပ်များမှာ အောက်ပါ အတိုင်းဖြစ်ပါ တယ်-
- အနည်းငယ်မျှပင် အမောအပန်း မခံနိုင်ခြင်း၊
- အသက်ရှူတိမ်ခြင်း၊
- ရုတ်တရက် ကိုယ်အလေးချိန် တက်လာခြင်း၊
- ခြေထောက်၊ ဝမ်းဗိုက်နှင့် အဆုတ်တွင် အရည်များစုဝေး လာခြင်း၊
- ရင်ဘတ်အောင့်ခြင်း၊
- ကြာရှည်စွာ ချောင်းဆိုးခြင်း၊
- လည်ချောင်းထဲတွင် တစ်ဆို့နေ သလို၊ ကျပ်နေသလို ခံစားရခြင်း (အထူးသဖြင့် ညဘက်များတွင်) -
အိပ်ရာပေါ်တွင် ပက်လက်လဲ လျောင်းနေလျှင် အသက်ရှူရ ခက်ခဲခြင်း။ 
Ref: Medical News Today.
ခိုင်မွန်ကျော

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ