ပျိုပျိုအိုအို ကျား၊ မ-မရွေး လှချင်  ပချင် ကြပါတယ်။ သိပ်ပြီးမလှ ချင်တဲ့ သူဆိုရင် တောင်မှ အနည်းဆုံး တော့  မြင်သာ ထင်သာ ရှိတဲ့ နေရာ    တွေမှာ အမာရွတ်ကြီး ထင်နေမှာကို တော့ ဘယ်သူမှ လိုလား ကြမယ် မထင်ပါဘူး။  အမာရွတ်ကို ကုသတဲ့ အကောင်းဆုံး နည်းကတော့ အမာရွတ် မဖြစ်အောင်  နေထိုင်ခြင်းပါပဲ။ ဒါပေမယ့် တကယ်လို့ မလွှဲသာ မရှောင် သာ ဒဏ်ရာ အမာရွတ်  ဖြစ်ခဲ့ရင်တော့ အစိမ်းရောင် သဘာဝ ပစ္စည်းများနဲ့ ကုသခြင်းက အကောင်းဆုံး  ဖြစ်ပါတယ်။
ဘာကြောင့် အမာရွတ်ဖြစ်တာလဲ
အမာရွတ်ဖြစ်ခြင်းဟာ ဘာ ကြောင့်ဆိုတာ  အပြည့်အစုံ တိတိ ကျကျ မသိရသေးပါဘူး။ ယေဘုယျ အားဖြင့် ပြောရရင်တော့ အမာရွတ်  ဆိုတာဟာ ဒဏ်ရာကို ပျောက်ကင်း အောင်၊ အနာကျက်အောင် ခန္ဓာကိုယ် ရဲ့ သဘာဝတရားက  အလိုလို ပြုလုပ် ပေးတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။    တစ်နည်းအားဖြင့်  အရေပြားရဲ့ စုတ် ပြဲနေတဲ့နေရာကို ရောဂါပိုးမွှားတွေ ဝင်မလာနိုင်အောင်  အမြန်ဆုံးနဲ့ ထူထူ ထဲထဲလေး ဖုံးအုပ်ပေးလိုက်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။  ဒဏ်ရာအနာကို လျင် မြန်စွာ ပိတ်ပစ်ရမှာဖြစ်တဲ့အတွက် အရေပြားက  ကိုလေဂျင်လို့ခေါ်တဲ့ တွယ်ဆက်တစ်သျှူးတွေကို မြောက် မြားစွာထုတ်ပေးပြီး  ဖုံးအုပ်ပေးလိုက် တဲ့အခါ အမာရွတ်ဆိုတာ ဖြစ်ပေါ်လာ ခြင်းပါ။ ကလေးငယ်တွေ  နို့စို့အရွယ် ကလေးတွေဟာ ဒဏ်ရာသေးသေး လေးတွေအတွက်ဆိုရင် အမာရွတ်  ဖြစ်ခဲပါတယ်။ အမာရွတ်ဟာ လူကြီး တွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အမာ ရွတ်ကို  ကုသမယ့် အစိမ်းရောင်နည်း လမ်းများကတော့-
(၁) အမာရွတ်ဖြစ်ခြင်းကို ကာကွယ်ပါ 
အမာရွတ်ကို ကုသတဲ့ အကောင်း ဆုံး  နည်းလမ်းကတော့ အမာရွတ် မဖြစ်အောင် ကာကွယ်ခြင်းပါပဲ။ ထိ ခိုက်ရှနာ  တစ်ခုချင်းစီဟာ အမာရွတ် ဖြစ်နိုင်တာမို့ ထိခိုက်ရှနာတွေကို ဂရု  စိုက်ကုသခြင်းဟာ အမာရွတ်မဖြစ်ပေါ် စေဖို့ ကာကွယ်ခြင်းပါပဲ။ ယေဘုယျ အားဖြင့်  အနာဖေးတက်လျှင် မကိုင် ပါနှင့်၊ မဆွပါနှင့်၊ မခွာပါနှင့်။ အနာကို  သန့်ရှင်းခြောက်သွေ့စွာထားပါး။ အနာဟာကြီးပြီး နက်ရင်ချုပ်ပါ။  အနာဖြစ်နေချိန်မှာ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရဖြစ်တဲ့ အစား အစာများ  စားဖြစ်အောင်စားပါ။
(၂) မရှိမဖြစ် အဆီများ (Essential Oils)  အသုံးပြုပါ 
Neroli ဆီ၊ လာဗင်ဒါအမွှေးဆီ (Lavendar)၊  bergamont အဆီ၊ ချမိုမိုင်းအဆီ (Chamomile) ကဲ့သို့ သော Essential Oils  မွှေးရနံ့အဆီ များဟာ အမာရွတ်တွေကို သဘာဝ အတိုင်း ချောမွေ့ပျောက်ကင်းစေဖို့  ကူညီနိုင်ပါတယ်။ Neroli အဆီ အစက်အနည်းငယ်ကို အထက်ဖော်ပြ ပါ  အခြားအဆီတစ်မျိုးနှင့် သမအောင် ရောစပ်ပါ။ ပြီးလျှင် နှိပ်နယ်လိမ်းရာ တွင်  အသုံးပြုရန် အခြားပေါများသည့် ဆီတစ်မျိုးမျိုး တစ်ခွက်ခန့်နှင့် ရောစပ်  ပြီး အမာရွတ်ထင်မည့်နေရာသို့ ရက် သတ္တပတ်ခန့် အတန်ကြာစိမ့်ဝင် အောင်  ပွတ်သပ်ပြီး လူးပေးပါ။
(၃) ရှားစောင်းလက်ပပ်သုံးပါ (Aloe Vera)
ရှားစောင်းလက်ပပ် (Aloe Vera) ဟာ  အံ့ဩစရာကောင်းတဲ့ အရေပြားချောမွေ့တဲ့ ဆေးတစ်မျိုးဖြစ် ပါတယ်။ အမာရွတ်ဟာ  လတ်တ လောဖြစ်တဲ့ အနာအမာရွတ်ဆိုရင် ရှားစောင်းလက်ပပ်နဲ့ ဖော်ထုတ်ထား တဲ့  ခရမ်မ်တစ်မျိုးမျိုး ဒါမှမဟုတ် လတ် ဆတ်တဲ့ ရှားစောင်းလက်ပပ်အတွင်း  သားအနှစ်ကို တိုက်ရိုက်ပဲ အမာရွတ် နေရာကို အသာအရာ ဖြည်းညင်းစွာ  စိမ့်ဝင်အောင် လူးပေးပါ။ ရှားစောင်း လက်ပပ်ဟာဝက်ခြံကဲ့သို့သောမျက်နှာ မှ  အမာရွတ်များနှင့် ပိုပြီး ကောင်းမွန် ပါတယ်။ ကံမကောင်းတာကတော့  ရှားစောင်းလက်ပပ်က အရင် ကဖြစ်ခဲ့ တဲ့ အမာရွတ်ဟောင်းတွေ ကိုဆိုရင်  အမာရွတ်ကို အနည်းငယ် ပျော့ပျောင်း သွား စေတာကလွဲလို့ သိပ်ပြီးပျောက်  ကင်းအောင် မလုပ်ပေးနိုင်ပါဘူး။
(၄) ဗီတာမင် E ကို အသုံးပြုပါ (Vitamin-E)
ရှားစောင်းလက်ပပ်လိုပဲ ဗီတာ မင် E ဟာလည်း  အရေပြားချောမွေ့ နူးညံ့စေတဲ့ Skin Conditioner ဖြစ် ပါတယ်။ ဗီတာမင် E  အဆီကို အရေ ပြားပေါ်မှာ လိမ်းပေးပါ။ လိမ်းတဲ့အခါ  အမာရွတ်ပျော့ပျောင်းနူးညံ့လာတဲ့ အထိ ဖြည်းဖြည်းချင်း နှိပ်နယ်ပွတ်သပ် ပြီး  လိမ်းပေးပါ။ ရက်သတ္တ အနည်း ငယ်ကြာမြင့်လျှင် အမာရွတ်နေရာ တွင်  သိသာထင်ရှားစွာ တိုးတက် ကောင်းမွန်လာတာကို တွေ့ရပါမယ်။ ဗီတာမင် E ဟာ  အနာချုပ်ရိုး၊ ချုပ် ကြောင်းတွေကိုလည်း ချုပ်ရိုးရာမထင် အောင်  ကူညီပေးနိုင်ပါတယ်။ ချုပ်ရိုး ပေါ်မှာ လိမ်းပေးခြင်းအားဖြင့် ချုပ်ရိုး များ  မထင်ရှားဘဲ မှေးမှိန်သွားမှာဖြစ် ပါတယ်။
(၅) ကြည်းဆူဆီလည်း သုံးကြည့်ပါ (Castor Oil)
ပေါလ်ပစ်ခ်ျဖို့ဒ် (Paul Pitchford)  ဆိုသူရေးတဲ့ Healing with Whole Foods: Asian Traditions and Modern  Medicine စာအုပ်ထဲ မှာရေးထားတာ ကတော့ အမာရွတ် တွေ ပျော့ပျောင်းပြီး  မှေးမှိန်သွား အောင်၊ အမာရွတ်မထင်အောင် ကြက် ဆူဆီကို အသုံးပြုနိုင်ကြောင်း  ထောက် ခံထားပါတယ်။ ၎င်းက ဖလံနယ် အဝတ်စ သန့်သန့်တစ်ခုကို ကြက်ဆူ ဆီနှင့်  ရွှဲစိုနေအောင် နှစ်ထားပါ။ ၎င်းအဝတ်စဖြင့် အမာရွတ်ကို ဖုံးအုပ် ပြီး တစ်နာရီမှ  နှစ်နာရီခန့်ကြာအောင် တစ်နေ့နှစ်ကြိမ် စုစည်းထားပေးပါ။ Source: Medindia.
ခိုင်မွန်ကျော်




0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။