နှာစေး၊ အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အခါ  ဝင်ရောက် လာသော တုပ်ကွေး ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်၏ ခုခံအား  စနစ်က    သူ့ဘာသာသူ တွန်းလှန် တိုက်ခိုက်ရခြင်း ဖြစ်ပါသည်။ တုပ်ကွေးမိတဲ့အခါ Virus  ပိုးကို သတ်ပေးသော ဆေးဝါးပေးလေ့ မရှိပါဘူး။ ဆရာဝန် ညွှန်ကြားချက် မလိုဘဲ  မိမိဘာသာ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်သော ဆေးဝါးများက တုပ်ကွေး Virus  ပိုးကို အာနိသင် နည်းသွားရုံသာ ကူညီပေးနိုင်ပါတယ်။ အမေရိကန် နိုင်ငံတွင်  ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုအရ နှာခေါင်းပိတ်ခြင်းကို သက်သာ လျော့ပါးစေတဲ့  နှာခေါင်းတွင် ဖျန်းဆေးများက နှာခေါင်းအတွင်းရှိ ချွဲမြှေးများတွင် Virus  ပိုးပမာဏ နည်းသွားအောင်ပဲ လုပ်ပေးပါတယ်။
နှာခေါင်းဖျန်းဆေးကို တုပ်ကွေးမိပြီး  ဒုတိယနေ့နှင့် တတိယနေ့များထိ ဆက်လက်သုံးစွဲရန် လိုကြောင်း၊ ထိုနေ့များတွင်  ချွဲမြှေးများအတွင်း Virus ပိုးအရေအတွက် အမြင့်မားဆုံး ပမာဏသို့  ရောက်ရှိကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် သုံးရက်ထက် ကျော်သုံးမယ်ဆိုရင်  သွေးကြောများအား ယောင်ရမ်းလာပြီး နှာခေါင်းပိတ်ခြင်း ပို၍ ဆိုးစေလိမ့်မည်ဟု  ဆိုပါတယ်။ ဆေးသုံး စရာမလိုတဲ့ နည်းနှစ်ခုကတော့ ရေမကြာခဏ သောက်ခြင်း၊  ဆန်ပြုတ်၊ စွပ်ပြုတ်ရည် မကြာခဏ သောက်ပေးခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့  အအေးမိတဲ့အခါ ရေဓာတ် ခန်းခြောက်တတ်သော ကြောင့်ဖြစ်ပါတယ်။  တစ်ညလျှင်အိပ်ချိန် ၇ နာရီအောက် နည်းသူများသည် အနည်းဆုံး ၈ နာရီ   အိပ်သူများထက် တုပ်ကွေးဖြစ်နိုင်ခြေ သုံးဆပိုများ သည်။
Ref : Men's Health 2011 Feb
မောင်




0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။