Welcome to my blog :)

rss

Tuesday, May 31, 2011

ကားဈေးကွက် အတွင်း ကားဈေးနှုန်းများ ပြန်လည် မြင့်၊ အမြင့်ကားများ ကျပ်သိန်း ၅၀ မှ ၁၀၀ ကျော် မြင့်တက်ခဲ့ပြီး အောက်ကားများ ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ၀န်းကျင်အထိ မြင့်တက်

ယခုရက်ပိုင်း၌ ကားဈေးကွက် အတွင်း ကားဈေးနှုန်းများ ပြန်လည် မြင့်တက်ခဲ့ပြီး အမြင့်ကားများ ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ကာ အောက်ကား များ ကျပ် ၁၅  သိန်းမှ သိန်း ၃၀ ၀န်းကျင်အထိ  မြင့်တက်ခဲ့ကြောင်း ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။
ကားဈေးကွက်အတွင်း ကားဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ခြင်းသည် လွန်ခဲ့သည့် တစ်လနှင့်တစ်လခွဲ ၀န်းကျင်ထက် ယခုတစ်ပတ် နှစ်ပတ်အတွင်း ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ကားဝယ်ရောင်းသမားများနှင့် ကားပွဲစားများထံမှ သိရသည်။
အမြင့်ကားများဟု ဆိုရာတွင် လန်ခရူဆာ၊ ပရာဒို၊လက်ဇက်၊ ဆဖ်၊ မတ်အိတ်စ်၊ မတ်တူးရွှေငါး၊ကယ်လ် ဒီးနားပါဝါရိန်းဂျား၊ မာစီဒီးတို့ ပါဝင်ပြီး အောက်ကားများထဲတွင် လီမိတက်စူပါဆလွန်း၊ ကိုရိုနာ၊ ကိုရိုလာ ဖင်ကောက်တို့ ပါဝင်ကြောင်း သိရသည်။

ကားဈေးက လွန်ခဲ့တဲ့ တစ်လခွဲ တစ်လလောက် ကထက် နည်းနည်း ပြန်တက်တယ်။ အောက်ကားဆို ၁၅ သိန်းလောက်ကနေ သိန်း ၃၀ ၀န်းကျင်လောက်၊ အမြင့်ကားဆိုရင် သိန်း ၅၀ ကနေ သိန်း ၁၀၀ ကျော် လောက်တက်တယ် . . .
“စူပါဆလွန်း ၁၉၈၆၊ ၈၇ မော် ဒယ် လ၊ သ၊ အဆိုရင် အရင်ထက် ၁၅ သိန်းကနေ သိန်း ၂၀၊ ၂၅ သိန်း လောက် ဈေးတက်တယ်။ ကား ကောင်းရင် ကောင်းသလိုပေါ့။ ဖင် ကောက် ၂၀၀၀ ပြည့်နှစ် မော်ဒယ် (ဂ)တန်းတွေက သိန်း ၂၀၊ ၃၀ လောက်တက်တယ်။ ၁၉၉၀၊ ၁၉၉၁ ကိုရိုနာမျောက်ခေါင်း ၈ က၊ ၉ ကနဲ့ ၁၉၉၂၊ ၁၉၉၃ ကိုရိုနာဆင်ခေါင်း ၄ (ဂ)၊ ၅(ဂ)တွေလည်း သိန်း ၂၀ က နေ ၃၀ ကြားတက်တယ်။ မတ်တူး ရွှေငါးက သိန်း ၃၀နဲ့ မတ်အိတ်စ်၊ ကယ်လ်ဒီးနားပါဝါရိန်းဂျားကသိန်း   ၅၀နဲ့ ၅၀ ကျော်တက်ပါတယ်။ လန် ခရူဆာ၊ ပရာဒို၊ လက်ဇက်၊ ဆဖ်၊ မာစီဒီးတွေကတော့ သိန်း ၇၀ ကနေ ၁၀၀ ကျော် ကားအခြေအနေပေါ် မူ တည်ပြီး ဈေးတက်တယ်”ဟု ဟံသာ ၀တီကားပွဲစားတန်းမှ ကားဝယ် ရောင်းတစ်ဦးက ရှင်းပြပါသည်။ “ကားဈေးက လွန်ခဲ့တဲ့တစ်လ ခွဲတစ်လလောက်ကထက်နည်းနည်း ပြန်တက်တယ်။ အောက်ကားဆို ၁၅ သိန်းလောက်ကနေ သိန်း၃၀ ၀န်းကျင်လောက်၊ အမြင့်ကားဆိုရင် သိန်း ၅၀ ကနေ သိန်း ၁၀၀ ကျော် လောက်တက်တယ်။ ဒီလိုတက်တာ က နှစ်ပတ်အတွင်း ၅ သိန်း ၁၀ သိန်း တစ်ရက်ထက်တစ်ရက် ဖြည်း ဖြည်းတက်လာတဲ့သဘောပါ။ အခု လိုတက်တာကအ၀ယ်လိုက်လာလို့ ပါ။ ဟိုးအရင်ကတက်သလိုအောက် ကားက သိန်း ၈၀၊ သိန်းတစ်ရာ လောက်၊ အမြင့်ကားဆို သိန်း ၂၀၀ ကနေ သိန်း ငါးရာကြားလောက် တက်တာမဟုတ်သလို အဲဒီလောက် ဆက်တက်မှာတော့လည်း မဟုတ် ပါဘူး”ဟု ၀ါရင့်ကားဝယ်ရောင်း တစ်ဦးက ဆိုပါသည်။
ယခုရက်ပိုင်း၌ ကားဈေးကွက်  အတွင်း ကားအရောင်းအ၀ယ်လည်း ယခင်ထက် ပိုသွက်လာကြောင်း  အ ၀ယ်လိုက်လာ၍လည်းဈေးကွက်ထုံး စံအရ ယခုကဲ့သို့ဈေးတက်ခြင်းဖြစ် ကြောင်း ကားဝယ်ရောင်းသမားများ ထံမှ သိရသည်။
“အခုဈေးတက်တာက အ၀ယ် လိုက်လာလို့ပါ။ ဒါတောင်ပြီးခဲ့တဲ့  နှစ်ပတ်ကျော်က အရောင်းအ၀ယ် နည်းနည်းပြန်အေးသေးတယ်။ အခု မေလနောက်ဆုံးပတ်ကတော့အရောင်း အ၀ယ်စိုပြည်နေတဲ့ သဘောပါ။ ကားဈေးကွက်မှာ အ၀ယ်လိုက်လို့ တက်ရင် အခုလို ၁၅ သိန်းလောက် ကနေ သိန်း ၁၀၀ ၀န်းကျင် တက် တယ်။ ပုံမှန်မဟုတ်ဘဲ ၀ယ်ရောင်း သမားတချို့ ကားတွေကိုင်၊ ပါမစ် တွေကိုင်ပြီး ဈေးကစားလို့ မူမမှန် ဘဲ ဈေးတက်ရင် သိန်း ၄၀၀၊ ၅၀၀  လောက်ကို တက်တာ။ နောက်ပိုင်း အ၀ယ် ပါးရင်ပါးသလို နဂိုလောက် ဈေးနဲ့ ဈေးကွက်ပြန်အေးမယ်။ အ ၀ယ်လိုက်ရင် အခုလို ၁၅ သိန်းက နေ သိန်း ၁၀၀ ကျော်ဝန်းကျင်တက် မယ် ဒီလောက်ပါပဲ။ အရင်လိုတော့ အဆမတန်ဈေးတွေပြန်မတက်နိုင်ပါ ဘူး”ဟု တာမွေသတိပဋ္ဌာန်မှ ကားပွဲ စားတစ်ဦးက ဆိုပါသည်။
၂၀၀၀ မှ ၂၀၀၄ မော်ဒယ်  ဗောက်စ်ဝယ်ဂွန်၎(ဂ)နှင့်ဟွန်ဒါဂျက်စ် ၂၀၀၄၊ ၂၀၀၆ မော်ဒယ် (ဂ)တန်း၊ ၂၀၀၀ နှင့်အထက် ဂျာဂွာတို့သည် ဈေးနှုန်းပုံမှန်သာရှိပြီး ဈေးတက် သည့်ကားများထဲတွင် မပါကြောင်း ကားအခြေအနေပေါ်တွင်မူတည်၍ သာတစ်ခါတစ်ရံဈေးပိုတတ်ကြောင်း သိရသည်။
ပြည်တွင်း၌ ကမ္ဘာ့နာမည်ကြီး တံဆိပ်ကား အမျိုးအစားများ ပိုမိုများပြားလာကြောင်း ၀ယ်ရောင်းသမားများနှင့် ကားဈေးကွက်အတွင်းမှ သိရသည်။
ယင်းကားအမျိုးအစားများသည် မာစီးဒီး ၂၀၀၀ မှ ၂၀၁၀ မော်ဒယ်၊ ဘီအမ်ဒဗလျူ ၂၀၀၀ မှ ၂၀၁၀ မော် ဒယ်၊ ကယ်ဒီးလပ် ၂၀၀၅ မှ ၂၀၁၀ ကြားမော်ဒယ်၊ ဂျာဂွာ ၂၀၀၀ မှ ၂၀၀၇ ကြားမော်ဒယ်၊ လာဘိုဂီးနီး ၂၀၀၀ မှ ၂၀၁၀ ကြား မော်ဒယ်၊ လင်ကွန်း ၂၀၀၀ မှ ၂၀၁၀ ကြား မော်ဒယ်၊ အော်ဒီ ၂၀၀၀ မှ ၂၀၁၀ ကြားမော်ဒယ်၊ ဘန်တလေ ၂၀၀၀ မှ ၂၀၁၀ ကြား မော်ဒယ်၊ ဗောက်စ် ၀ယ်ဂွန် ၁၉၉၅  နောက်ပိုင်းမော်ဒယ် များ၊ ချော်ရိုကီး  ၂၀၀၀ နောက်ပိုင်း မော်ဒယ်များ၊ ရိုးရွိုက်စ် ၂၀၀၅ မှ ၂၀၁၀ ကြားမော်ဒယ်၊ ဟမ်းမား ၂၀၀၀မှ၂၀၁၀ ကြား မော်ဒယ်၊ ရန်ဂ လာဂျစ် ၂၀၀၀ မှ ၂၀၁၀ ကြား မော်ဒယ်၊  ဖို့ဒ် ၂၀၀၀ မှ ၂၀၁၀ ကြား မော်ဒယ်၊ ချက်ဖ်ရိုး လတ် ၂၀၀၀ မှ ၂၀၁၀ ကြားမော်ဒယ် စသည်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းကား အမျိုးအစား အားလုံးသည် ကမ္ဘာကျော် ကားအမျိုးအစားများဖြစ်ပြီး ပြည်တွင်း၌ရှိသော ယင်း ကားအမျိုးအစားများထဲတွင် ရိုး ရွိုက်စ်၊ ဘန်တလေ၊ လင်ကွန်း၊ ကယ်ဒီးလပ်၊ လာဘိုဂီးနီး၊ ဟမ်းမား စသည့် အမျိုးအစားများသည် အရေအတွက်အားဖြင့် မများသေးသော်လည်း ဘီအမ်ဒဗလျူ၊ မာစီးဒီးနှင့် ဂျာဂွာ၊ ချော်ရိုကီးကဲ့သို့သော ကား အမျိုးအစားများမှာ အရေအတွက် ရာဂဏန်းဝန်းကျင် ရှိနိုင်ကြောင်း ကားဝယ်ရောင်း လောကအတွင်းမှ ၀ါရင့် ကားဝယ်ရောင်းသမားများက ဆိုပါသည်။
ယင်း ကမ္ဘာကျော်ကား အမျိုးအစားများမှာမူ ကားဈေးကွက် အတွင်း ရောင်းရ၀ယ်ရလွယ်သော တန်းပေါ်က ကားများထဲတွင် မပါကြောင်းနှင့် ဈေးတက်သည့်အထဲတွင်လည်း မပါကြောင်း၊ ကြိုက်ရောင်း ကြိုက်ဝယ်ကားများ ဖြစ်ကြောင်း သိရသည်။       
လက်ရှိကားဈေးကွက်အတွင်းမှ ကားဈေးနှုန်းများ
အမျိုးအစား  မော်ဒယ်       နံပါတ် ယခုဈေး(ကျပ်သိန်း)    ယခင်ထက်မြင့်တက်မှု
ကိုရိုလာဖင်ကောက်     ၂၀၀၀ (ဂ)တန်း         ၅၅၀-၅၆၀       သိန်း ၂၀ ကျော်တက်
စူပါဆလွန်း     ၈၆၊ ၈၇     လ၊ သ၊ အ ၁၅၅-၁၆၅      သိန်း ၁၅-၂၀ ၀န်းကျင်
လီမိတက်        ၈၈      ၂က၊ ၃က       ၂၄၀    သိန်း ၁၅-၂၀ ၀န်းကျင်
ကိုရိုနာမျောက်ခေါင်း     ၉၀၊ ၉၁ ၈က၊ ၉က ဓာတ်ဆီ ၃၀၀ ၀န်းကျင်   သိန်း ၂၀ ၀န်းကျင်
ကိုရိုနာဆင်ခေါင်း       ၉၃      ၄ဂ၊ ၅ဂ ဓာတ်ဆီ        ၅၀၀ စွန်း        သိန်း ၂၀၊ ၂၅ ၀န်းကျင်
မတ်တူးရွှေငါး    ၂၀၀၂         (ဂ)တန်း ၉၀၀ စွန်း       သိန်း ၃၀ ကျော်
မတ်အိတ်စ်      ၂၀၀၆ ၄ဂ      ၁၂၅၀-၁၃၅၀    သိန်း ၅၀ ကျော်
ကယ်ဒီနားပါဝါရိန်းဂျား  ၂၀၀၂၊ ၂၀၀၃   (ဂ)တန်း        ၇၀၀-၇၅၀-၉၀၀ သိန်း ၅၀ ၀န်းကျင်
ဆဖ်     ၉၈၊ ၉၉ ၄ဂ၊ ၅ဂ ၁၂၀၀ကျော်ဝန်းကျင်     သိန်း ၆၀၊ ၇၀ ၀န်းကျင်
လန်ခရူဆာ      ၉၈      ၃ခ၊ ၄ခ ၁၇၀၀ ၀န်းကျင် သိန်း၁ ၀၀ ၀န်းကျင်
လန်ခရူဆာ     ၂၀၀၀ ၄ဂ     ၁၉၀၀-၂၀၀၀   သိန်း ၁၀၀ ကျော်
ပရာဒို        ၉၇ ၃ခ       ၉၀၀-၉၅၀၀န်းကျင် သိန်း ၅၀ မှ ၁၀၀ ကြား
လက်ဇက်       ၂၀၁၀       ၄ဂ        ၃၀၀၀ မှ ၃၅၀၀ ၀န်းကျင် သိန်း ၁၀၀ ၀န်းကျင်
မာစီဒီး  ၂၀၀၂၊ ၂၀၀၄   s class ၁၀၀၀နှင့်အထက်        သိန်း ၅၀ မှ ၇၀ ၀န်းကျင်
ဗောက်စ်ဝယ်ဂွန် ၂၀၀၀ မှ ၂၀၀၄     ၄၈ ၅၀၀ ၀န်းကျင်   ပုံမှန်
ဟွန်ဒါဂျက်စ်     ၂၀၀၄ မှ ၂၀၀၆      ၄၈ ၄၅၀-၅၀၀ ၀န်းကျင်     ပုံမှန်
မှတ်ချက်။   ။ကားအခြေအနေနှင့် အချိန်ပြောင်းလဲမှုအပေါ် ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ