Welcome to my blog :)

rss

Tuesday, May 31, 2011

ကမ္ဘာနှင့် နေအကြားသို့ လမှလမ်းကြောင်းတည့်မတ်စွာ ၀င်ရောက်ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်သော နေကြတ်သည့်ဖြစ်စဉ် ဇွန်လ၂ရက်နေ့၌ ဖြစ်ပေါ်မည်

63512
ကမ္ဘာနှင့် နေအကြားသို့ လမှလမ်းကြောင်း တည့်မတ်စွာ ၀င်ရောက် ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်
ကမ္ဘာနှင့်နေအကြားသို့ လမှ လမ်းကြောင်း တည့်မတ်စွာ ၀င်ရောက် ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်သော နေကြတ်မှုဖြစ်စဉ် ဇွန်လ၂ ရက်နေ့ ၌ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာ ရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိပါသည်။
နေကြတ်မှု ဖြစ်စဉ်များတွင် တစ်စိတ်တစ်ပိုင်း ကြတ်သည့်ဖြစ်စဉ်၊ အပြည့်ကြတ်သည့်ဖြစ်စဉ်နှင့် အရစ် ကြတ်ဖြစ်စဉ်ဟူ၍ သုံးမျိုးရှိကာယခု ဖြစ်ပေါ်မည့် ဖြစ်စဉ်မှာမူ တစ်စိတ်တစ်ပိုင်း ကြတ်မည့်ဖြစ်စဉ် ဖြစ်ကြောင်းသိ  ရသည်။ ထို့အပြင် နေကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် နှစ်ကြိမ်သာဖြစ်လေ့ရှိပြီး ယခုနှစ်တွင်မူ လေးကြိမ်ဖြစ် ပေါ်မည်ဖြစ်သည်။ အဆိုပါနေကြတ်မှုဖြစ်စဉ် လေးကြိမ်ဖြစ်ပေါ်မည့်အနက် ယခုနှစ်၏ ပထမဆုံးအကြိမ် နေကြတ်မှုသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီး ယခုဖြစ်ပေါ်မည့် နေကြတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ကာ တတိယအကြိမ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့နှင့် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်မည့် တစ်စိတ်တစ်ပိုင်း နေကြတ်မှုဖြစ်စဉ်သည် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၅၄ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၁၃၅ ဒီဂရီ ၀၃ မိနစ်နှင့် မြောက်လတ္တီတွဒ် ၄၄ ဒီဂရီ ၂၂ မိနစ်အတွင်း ရှိဂျပန်နိုင်ငံမြောက်ဘက်အနီးတွင် စတင်ဖြစ်ပေါ်မည်ဖြစ်ကာ မြန်မာ စံတော်ချိန်မွန်းလွဲ ၃ နာရီ ၈ မိနစ်၌ အရှေ့လောင်ဂျီတွဒ် ၄၆ ဒီဂရီ၊ ၄၈ မိနစ်နှင့် မြောက်လတီတွဒ် ၆၈ ဒီဂရီ ၁၁ မိနစ်တွင်ရုရှားနိုင်ငံ၌ ဖမ်းလယ် ဖြစ်ပေါ်ပြီး နောက်မြန်မာစံတော်ချိန် ၅ နာရီ ၃၆ မိနစ်တွင်အနောက် လောင်ဂျီတွဒ် ၅၀ ဒီဂရီ ၁၉ မိနစ်နှင့် မြောက်လတ္တီတွဒ် ၄၈ ဒီဂရီ၂၄ မိနစ် ၌ ဂရင်းလန်းဒေသတွင် အဆိုပါနေ ကြတ်မှုဖြစ်စဉ် ပြီးဆုံးမည်ဖြစ်သည်။
သို့ရာတွင် အဆိုပါနေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှမြင်တွေ့ခွင့် မရနိုင်ဘဲ အရှေ့အာရှ၊မြောက်ပစိဖိတ် နှင့်မြောက်အမေရိက ဒေသ၊ အိုက်စလန်းဒေသတို့မှ မြင်တွေ့နိုင်သည်။
နေကြတ်မှု ဖြစ်စဉ်များတိုင်းကို ရံဖန်ရံခါမှ မြင်တွေ့ခွင့်ရရှိလေ့ရှိပြီး ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက် နေ့ကဖြစ်ပေါ်ခဲ့သော နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှနောက်ဆုံး မြင်တွေ့ခဲ့ရကာ နောက်တစ်ကြိမ် မြင် တွေ့ရနိုင်မှုကို ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်ရောက်မှသာ ထပ်မံမြင်တွေ့ ရမည်ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ