Welcome to my blog :)

rss

Tuesday, May 31, 2011

၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း နှင့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် သိသိသာသာ အခြေအနေကောင်းခဲ့သော အိမ်ခြံမြေဈေးကွက်မှာ ကျောက်မျက်ဈေးကွက် အရောင်းအ၀ယ်၊ ရွှေဈေးနှုန်း အတက်အကျနှင့် ငွေမာဈေးနှုန်း ဆက်တိုက်ကျဆင်း နေမှုတို့ကြောင့် လတ်တလောတွင် အနည်းငယ်ငြိမ်သက်နေ

6354
မေလဆန်းအတွင်း ရွှေဈေးပြန် လည်ကျဆင်းလာပြီး ကျောက်မျက် ဈေးကွက်တွင် ပြည်ပ၀ယ်လိုအား မြင့်တက်မှုအတူ ဆက်စပ်၍ လိုက်ပါကျဆင်းနေသော ငွေမာဈေးတို့ကြောင့် ၂၀၁၀ နှောင်းပိုင်းနှင့် ၂၀၁၁ နှစ်ဆန်း ပိုင်းက သိသိသာသာ အခြေအနေကောင်းခဲ့သော အိမ်ခြံမြေဈေးကွက် မှာ လတ်တလောတွင် ငြိမ်သက်နေကြောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်နှင့် အကျိုးဆောင်များထံမှ ရရှိသော သတင်းများအရ သိရှိရသည်။
“သင်္ကြန်ပြီးကာလမှာ အရောင်းအ၀ယ်မဆိုးပါဘူး။ သင်္ကြန်တွင်းမှာတောင် မေးတာတွေရှိတယ်။ နှစ်စဉ် နှစ်တိုင်း သင်္ကြန်နဲ့မတူဘူး။ အပြင် က လှမ်းမေးကြတာလည်း ရှိတယ်။ နေ့ရော ညရောဖုန်းတွေ ၀င်လာတာမျိုး။ မနှစ်က သင်္ကြန်မှာ ဒါမျိုးမရှိခဲ့ဖူးဘူး။ ပြီးတော့ သင်္ကြန်အပြီးနဲ့ မေလကြားမှာ သိန်းသောင်းဂဏန်း တွေ အရောင်းအ၀ယ် ဖြစ်လိုက်သေးတယ်။ အခု မေလလယ်ပိုင်းမှာတော့ သိန်းတစ်ထောင် ၀န်းကျင်လောက် တွေဖြစ်တယ်။ ပိရမစ်လိုပဲ ကျပ်သိန်း ၁၀၀၀ ပြီး ၄၀၀၀၊ ၅၀၀၀ လောက် အရောင်းအ၀ယ်ဖြစ်ပေမယ့် နည်း နည်းတော့ အေးနေပါတယ်”ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ MD ဦးသန်းဦးက ပြောပြခဲ့သည်။
အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ၂၀၁၀ ပြည့်နှစ်မှစ၍ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၁ နှစ်စပိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

လတ်တလောတွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းသို့ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်များလည်း ၀င်ရောက်လာကြပြီး နိုင်ငံခြားသား အိမ်ခြံမြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍မူ ကန့်သတ်ချက် ရှိနေကြောင်း . . .
“အိမ်၊ ခြံ၊ မြေလောကမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ၀င်လာတာရှိတယ်။ တရုတ်တွေအငှားများတယ်။ ပြီးတော့ ကျောက်မျက်ပွဲက ၀င်ငွေတွေရှိတယ်။ ပထမ ရန်ကုန်မှာလုပ်တုန်းက သန်း ၉၀၀၊ နေပြည်တော်မှာ ပထမအကြိမ် လုပ်တုန်းက ၁ ဒသမ ၄ ဘီလျံ၊ ဒုတိယအကြိမ်လုပ်တော့ ၂ ဒသမ ၈ ဘီလျံ နှစ်ဆတောင် မြင့်သွားတော့ ဒီငွေက အိမ်၊ ခြံ၊ မြေထဲဝင်ဖို့များ တယ်။ ဘာလို့လဲဆိုတော့ ပဲ export လုပ်ငန်းကလည်း သိပ်မကောင်းဘူး။ ဒေါ်လာကလည်းကျတယ်။ ရွှေဈေး ကလည်း အတက်အကျရှိတယ်။ ရွှေဈေးကျရင် ၀ယ်ထားတဲ့သူက ငွေပြန်မဖော်ချင်ဘူး။ ဒါပေမယ့် တစ်ခုက ကျောက်မျက်ပွဲက ၀င်ငွေတွေရှိပေ မယ့်ငွေပြန်ဖော်ရတာ နစ်နာတော့ ပြန်စဉ်းစားလာတဲ့ အပိုင်းလည်း ရှိတယ်။ နည်းနည်းအေးနေတယ်။ စောင့်ကြည့်နေတဲ့ သဘောပါ”ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောပြခဲ့သည်။
ယခုအခါ အစိုးရသစ်ပြောင်းပြီးသော ကာလဖြစ်ပြီး အိမ်၊ ခြံ၊ မြေ နှင့်ပတ်သက်သော အခွန်စနစ်ကို သက်တမ်း တိုး၊ မတိုး မသိရသေးကြောင်းနှင့် အခွန်စနစ်မှာ လာမည့် သြဂုတ်လတွင် ပြည့်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဘယ်အရာမဆို အမြင့်ဆုံး ရောက်ပြီးရင် ပြန်ကျမှာ။ အိမ်၊ ခြံ၊ မြေမှာလည်း လေလံဈေးတွေ အရမ်း မြင့်တော့ ဆွဲပြီးမှ ငွေမသွင်းနိုင်လို့ ပြန်အပ်ရတာတွေတောင် ရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
“အခု ၂၀၁၁ မှာ ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာ သိန်းရာဂဏန်းများခဲ့တယ်။ ဧပြီလနဲ့ လကုန်ပိုင်းမှာ သိန်းလေး၊ ငါးထောင်ကနေပြီး နောက်ပိုင်း သိန်းသောင်းဂဏန်းအထိ ရှိလာတယ်။ အိမ်၊ ခြံ၊ မြေလောကမှာ တခြားတရုတ်လုပ်ငန်းရှင်တွေလည်း ၀င်နေတယ်”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“အိမ်၊ ခြံ၊ မြေက ဒီတစ်ပတ်မှာ သိသိသာသာ ကောင်းလာတာမျိုး မရှိပေမယ့် ပုံမှန်တော့ အလုပ်ဖြစ်ပါ တယ်။ သိန်း ၁၀၀၀ လောက်ကနေ သိန်း ၃၀၀၀ လောက်တွေဖြစ်တယ်။  သောင်းဂဏန်းကတော့နည်းပါတယ်။ ကျောက်မျက်ပွဲက ၀င်ငွေရှိနေတော့ဝယ် ယူမှုရှိပါတယ်။ ၀ယ်ယူတဲ့အထဲမှာ တော့ တရုတ် လုပ်ငန်းရှင်တွေလည်း ပါပါတယ်။ လေလံအောင်ပြီးသား အကွက်တွေ ပြန်ရောင်းတာမျိုး ကြားရပေမယ့် ပြန်ထုတ်ဖို့သိပ်တော့ မလွယ်ဘူး။ တန်ဖိုးကြီးမားတဲ့ ပမာဏတွေ ဖြစ်နေတယ်။ တကယ်တမ်းကျတော့ တချို့ကလည်းလိုချင်လို့ကို ၀ယ်ထားတာမျိုးပါ။ လတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက်မှာတော့ မြို့သစ်ဖက်မှာ သိန်း ၁၀၀ ကနေ ၂၀၀ လောက် အကွက်တွေ အဆောက်အအုံပါရင် သိန်း ၈၀၀ နဲ့ ၁၀၀၀ ရှိတဲ့ အကွက် တွေ အ၀ယ်ရှိကြတယ်”ဟု Unity အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ပြောပြခဲ့သည်။
လတ်တလောတွင် အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းသို့ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်များလည်း ၀င်ရောက်လာကြပြီး နိုင်ငံခြားသား အိမ်ခြံမြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍မူ ကန့်သတ်ချက် ရှိနေကြောင်း၊ သို့သော် မြန်မာနိုင်ငံသား တရုတ်လူမျိုးများ၊ မြန်မာနိုင်ငံသားပြုထားသော တရုတ်လူမျိုးများနှင့် တရုတ်လူမျိုး (ဧည့်နိုင်ငံသား)များ ၀ယ်ယူရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ပြီး FRC ဖြစ်မှသာလျှင် နိုင်ငံသား ပိုင်ဆိုင်ခွင့်မရှိ ဟူသော ကန့်သတ်ချက် နှင့်ငြိစွန်းကြောင်း သိရှိရသည်။
“အခုက အခွန်စနစ်နဲ့ ပတ်သက်ပြီးတော့လည်း တိတိကျကျဘာမှ မသိရသေးဘူး။ အခုတော့ ၁၅ ရာခိုင် နှုန်းနဲ့ပဲသွားနေတယ်။ ပုံမှန်အားဖြင့်တော့ မြေအရောင်းအ၀ယ် ပိုဖြစ်နေတယ်။ ကွန်ဒိုအရောင်းအ၀ယ် အေးပါတယ်။ စက်မှုဇုန်တွေမှာလည်း အထိုက်အလျောက် ဖြစ်ပါတယ်။ ဒေါ်လာဈေးကျတော့ export  သမား တွေ ရင်းနှီးမြှုပ်နှံတဲ့ဘက် စိတ်ဝင်စားမှုရှိပေမယ့် လတ်တလောမှာ စောင့်ကြည့်နေတဲ့ သဘောလည်းရှိပါတယ်”ဟု ၎င်းကဆက်လက် သုံးသပ်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ရွှေခေတ်ဖြစ်ခဲ့သော ကာလရှိခဲ့ပြီး ယင်းနောက်ပိုင်း ကာလများတွင် ၂၀၁၀-၂၀၁၁ ကာလသည် အိမ်၊ ခြံ၊ မြေဈေးကွက် အမြင့်ဆုံးကာလသို့ ရောက်ရှိခဲ့သော နှစ်တစ်နှစ်ဖြစ် ကြောင်း သိရှိရသည်။
“ဘယ်အရာမဆို demand  နဲ့ supply ပေါ်ပဲမူတည်တာပါ။ ခဏ လုပ်တာမျိုး၊ တကယ် demand  မရှိရင် ပြုတ်ကျသွားလိမ့်မယ်။ အခုက ဒေါ်လာဈေးကျလို့ export  မကောင်းတော့ အိမ်၊ ခြံ၊ မြေအလားအလာ ကောင်းနိုင်တယ်ဆိုပြီး ရင်းနှီးကြတာမျိုးအပြင်၊ ငွေကြေးဖောင်းပွမှု နှုန်းမြင့်မားမှုကို ကြောက်ပြီး ရင်းနှီး မြှုပ်နှံကြတာမျိုးလည်း ရှိတယ်။ တစ်ချိန်ထဲမှာပဲ နေပြည်တော်၊ မန္တလေးနဲ့ အထူးစီးပွားရေးဇုန်တွေ ဖြစ်လာမယ့် နေရာမှာလည်း မြေကွက်ဈေးနှုန်း တက်လာတဲ့အခါမျိုးဆိုတော့ လက်ရှိမှာတော့ အေးရင်သာ အေးသွားမယ် ဈေးပြန်ကျတာမျိုး မရှိသေးပါဘူး” ဟု အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက ပြောပြခဲ့သည်။
“ကျောက်ပွဲနဲ့ ငွေမာဈေးက ဆက်စပ်မှုရှိပါတယ်။ ငွေမာဈေးကျတယ်ဆိုတာ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ ကျတယ်ဆိုပေမယ့် တစ်ခါ တစ်ခါကျတော့ ပြည်တွင်းကလက်ရှိ အနေအထားတွေက ပြည်ပမှာ ဖြစ်ပေါ်နေတဲ့ အနေအထားမျိုးတွေနဲ့ တိုက်ရိုက်ကြီး မပတ်သက်တာမျိုး လည်း ရှိတယ်။ ဥပမာ ကျောက်ပွဲ တစ်ပွဲမှာ လေလံအများကြီးအောင်သွားရင် ဒေါ်လာဈေးကဆက်ကျတယ်။ အဲဒီငွေတွေက ပြည်ပပို့ကုန် ကရငွေ (earning) အဖြစ်နဲ့ သုံးလ အတွင်း ဈေးကွက်ထဲကို ပြန်ဝင်တယ်။ ဒါနဲ့ ဆက်စပ်ပြီး earning  ဈေးပါ ကျပြန်ရော၊ earning ဈေးကျတော့ ပို့ကုန်တင်ပို့တဲ့သူတွေအတွက် အကျိုးအမြတ်မရှိပြန်ဘူး။ အဲဒီတော့ အိမ်ခြံမြေဘက်ကို သွားပြီးမြှုပ်နှံကြ တာတွေ ရှိတယ်။ အစပိုင်းမှာတော့ ကျပ် ၉၀၀ လောက်ဆိုတော့ အခြေ အနေက တစ်မျိုး၊ အခု ကျပ် ၈၀၀ ၀န်းကျင်လောက်ဆိုတော့ ငွေပြန်ဖော်ပြီးတော့ မရင်းနှီးချင်ကြတဲ့အပိုင်း လည်း ပါပါတယ်။ လုံးဝ မရင်းနှီးတာမျိုးတော့ မဟုတ်ဘူး။ နည်းနည်း စောင့်ကြည့်နေတဲ့ သဘောပါ”ဟု အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံနေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောပြခဲ့သည်။
“ငွေကြေးအများစုက productive ဖြစ်တဲ့ ထုတ်လုပ်မှုအပိုင်းကို မထုတ်ဘူး။ ပြည်တွင်းစားသုံးမှုကျတော့ ထုတ်လုပ်မှုပိုင်းကလည်း ကျဆင်းတယ်။ အဲတော့ ငွေက အိမ်၊ ခြံ၊ မြေဘက်ပဲ ရောက်သွားတယ်။ ဒါကြောင့် အိမ်၊ ခြံ၊ မြေဈေးက မြောက်သွားတယ်။ တက်သင့်တက်ထိုက်တဲ့ ဈေးဆိုတာထက် အခြေအနေတွေ၊ အကြောင်းကြောင်းတွေကြောင့် တက်သွားတဲ့သဘောပါ” ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
“၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၇ ခုနှစ် အောက်တိုဘာ လလောက်အထိ အိမ်ခြံမြေရွှေခေတ်လို့ သတ်မှတ်ခဲ့ ကြတယ်။ အဲဒီနောက်ပိုင်း ဈေးကွက် နည်းနည်းငြိမ်သွားပြီး ၂၀၀၀ ပြည့်နှစ် ကစပြီး ၂၀၀၂ခုနှစ်အထိ နည်းနည်း ပြန်ကောင်းလာတယ်။ ဒါပေမယ့်  ၂၀၀၂ခုနှစ်လောက်မှာ အကျိုးဆောင် လုပ်ငန်းတွေ ပြိုလဲတော့ နည်းနည်း ပြန်ငြိမ်သွားတယ်။ နှစ်ကုန်ပိုင်း လောက်မှာ ပြန်ကောင်းလာမလိုဖြစ် သေးတယ်။ ဒါပေမယ့် ၂၀၀၃ ဖေဖော်ဝါရီလမှာ ဘဏ်တွေ ထပ်ပြီး ပြိုလဲတော့ အိမ်ခြံမြေလည်း လိုက်ပြီး ကျဆင်းသွားခဲ့တယ်။ အခု ၂၀၁၀၊ ၂၀၁၁ က အိမ်ခြံမြေဈေးကွက် အလားအလာ တော်တော်ကောင်းနေပေမယ့် အိမ်ခြံမြေရွှေခေတ်လို့ ပြောလို့တော့မရပါဘူး။ တကယ်တော့ ရွှေခေတ်ဆိုတာက လူနေအိမ် တန်ဖိုးနည်းကနေ တန်ဖိုးမြင့် ပေါင်းစုံ၊ မြို့သစ်ဧရိယာကအစ လုံးချင်း အကြီးအသေး၊ တိုက်ခန်းပါအကုန်လုံး လိုက်ကောင်းတာမျိုးကို ခေါ်ပါတယ်။
 ဒီနေ့ဝယ်ပြီး နောက်တစ်လလောက်ကြာ ပြန်ရောင်း မြတ်ကို မြတ်တဲ့ အနေအထားမျိုးပါ။ အခု ၂၀၁၁ နှစ်ဦးပိုင်းမှာ တန်ဖိုးနည်းလုံးချင်း တွေ အရောင်းအ၀ယ်ဖြစ်တယ်။ သိန်းသောင်းဂဏန်း အနည်းအပါး ဖြစ်တယ်ဆိုပေမယ့် ကွန်ဒိုတွေ၊ တိုက်ခန်းတွေကျတော့ တွန်းတွန်းထိုးထိုး ရောင်းရတဲ့ အနေအထားတွေ ရှိတယ်။ ဒါကြောင့် ရွှေခေတ်လို့ ပြောလို့မရပေမယ့် အိမ်ခြံမြေအလား အလာကောင်းတဲ့ နှစ်တစ်နှစ်တော့ ဖြစ်နေပါတယ်”ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောပြခဲ့သည်။
လတ်တလောတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်းအမြင့်ဖြင့် အနည်းငယ်ငြိမ်နေကြပြီး လုပ်ငန်းရှင်အများစု စောင့်ကြည့်နေကြကြောင်းနှင့် အလားတူပင် လာမည့် ဇူလိုင်လတွင်နေပြည်တော်၌ ကျောက် မျက်ရတနာပွဲ ကျင်းပသွားရန်ရှိကြောင်းလည်း သိရှိရသည်။ ကျောက်မျက်ပွဲနှင့်အတူ အိမ်ခြံမြေဈေးကွက် လှုပ်၊ မလှုပ်ဆိုသည်ကိုမူ အမေရိကန် ဒေါ်လာ အပါအ၀င် အခြားငွေကြေး ဖောင်းပွမှုရှိမရှိဆိုသည့် အနေအထား ပေါ်မူတည်ပြီး ဖြစ်ရန် အလားအလာရှိကြောင်း သုံးသပ်ကြသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ